အသီးအနှံတွေ စားသုံးပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်များ
- 15 Nov, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
အသီးအနှံတွေ စားသုံးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးပေါင်း များစွာကို ရရှိနိုင်မှာဖြစ်ကြောင်း လူတိုင်း သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့်လည်း တစ်ခါတရံမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်၊ သတ္တုဓာတ်တွေကို ရရှိဖို့ အတွက် လုံလောက်တဲ့ အသီးအနှံ ပမာဏကို စားသုံးမိခြင်း မရှိတဲ့ အခါမျိုးတွေမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အသီးအနှံတွေ စားသုံးပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
အသီးအနှံတွေ စားသုံးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးပေါင်း
များစွာကို ရရှိနိုင်မှာဖြစ်ကြောင်း လူတိုင်း သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့်လည်း
တစ်ခါတရံမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်၊ သတ္တုဓာတ်တွေကို ရရှိဖို့ အတွက်
လုံလောက်တဲ့ အသီးအနှံ ပမာဏကို စားသုံးမိခြင်း မရှိတဲ့ အခါမျိုးတွေမှာ မလိုလားအပ်တဲ့
ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အသီးအနှံတွေ စားသုံးပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း
အလွယ်တကူ သိရှိနိုင်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- ထိခိုက်ဒဏ်ရာရလွယ်ခြင်း
ခန္ဓာကိုယ်အတွင်း ဗီတာမင် (C) ဓာတ်လျော့နည်းနေတဲ့
အခါမှာ အနည်းငယ် ထိခုက်တာတဲ့ ပွန်းပဲ့ဒဏ်ရာရခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်
ကုန်ခမ်းသွားတဲ့ ဗီတာမင် (C) ဓာတ်ကို ပြန်လည် ဖြည့်တင်းပေးဖို့
အတွက် ငရုတ်သီး၊ လိမ္မော်သီး၊ ခရမ်းချဥ်သီး၊ ဂေါ်ဖီစိမ်း၊ သံပုရာသီးစတဲ့ အသီးအနှံတွေကို
စားသုံးပေးသင့်ပါတယ်။
- အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်း
ခန္ဓာကိုယ်တွင်း ဖိုလိတ်အက်စစ်ဓာတ် နည်းပါလာတဲ့ အခါမျိုးတွေမှာ
မောပန်းနွမ်းနယ်ခြင်း၊ မှတ်ဉာဏ်စွမ်းရည် ကျဆင်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် လျော့နည်းသွားတဲ့ ဖိုလိတ်အက်စစ်ဓာတ်ကို ပြန်လည် ဖြည့်တင်းပေးဖို့ အတွက် ဘိုစားပဲ၊
ပဲကြီး၊ ပဲထောပတ်စတဲ့ ပဲအမျိုးမျိုး အပြင် ကညွတ်တို့ကို စားသုံးပေးသင့်ပါတယ်။
- ကိုယ်ခံစွမ်းအား ကျဆင်းခြင်း
ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့ အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ
လိုအပ်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ် အတွင်းမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လျော့နည်းနေခဲ့မယ်ဆိုရင်
ကိုယ်ခံစွမ်းအား ကျဆင်းပြီး ဖျားနာခြင်း၊ အအေးမိခြင်းစတဲ့ ဝေဒနာတွေကို အလွယ်တကူ ခံစားရမှာ
ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ ဂရိတ်ဖရုသီး၊ နာနတ်သီး၊
ထောပတ်သီး၊ ပန်းသီးစတဲ့ အသီးအနှံတွေကို နေ့စဉ်ပုံမှန် စားသုံးသင့်ပါတယ်။
- မှတ်ဉာဏ်စွမ်းရည် ကျဆင်းခြင်း
မှတ်ဉာဏ်စွမ်းရည် ကျဆင်းခြင်းကို လူကြီးလူငယ်မရွေး ခံစားရလေ့
ရှိကြပါတယ်။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည် မြင့်တက်စေဖို့ အတွက် လူတိန်း (Lutein) ဆိုတဲ့ အာဟာရဓာတ် တစ်မျိုး လိုအပ်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်တွင်း လူတိန်း
(Lutein) အာဟာရဓာတ် လျော့နည်းသွားတဲ့ အခါမှာ မှတ်ဉာဏ်စွမ်းရည်
ကျဆင်းခြင်း၊ ခဏတာ အတိတ်မေ့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် လူတိန်း
(Lutein) အာဟာရဓာတ် ပါဝင်တဲ့ မုန်လာဥနီ၊ ဂေါ်ဖီစိမ်း၊ ပြောင်းဖူး၊
ခရမ်းချဥ်သီးစတဲ့ အသီးအနှံတွေကို နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။
- ကြွက်တက်ခြင်း
ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် နည်းပါးသွားတဲ့ အခါမှာ ကြွက်တက်ခြင်း၊
ကြွက်သားများ နာကျင်ခြင်း၊ ခြေလက်များ ကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် လျော့နည်းသွားတဲ့ ပိုတက်ဆီယမ်ဓာတ်ကို ပြန်လည် ဖြည့်တင်းပေးဖို့ အတွက် ဂေါ်ဖီစိမ်း၊
ဟင်းနုနွယ်၊ အာလူး၊ ကန်စွန်းဥ၊ ပဲများ၊ မှို၊ သခွားသီး၊ ခရမ်းသီး၊ ရွှေဖရုံသီးစတဲ့
အသီးအနှံတွေကို နေ့စဉ် ပုံမှန်စားသုံးပေးသင့်ပါတယ်။
- မကြာခဏ အစာစားချင်စိတ်ဖြစ်ခြင်း
အသီးအနှံတွေမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် မကြာခဏ
အစာစားချင်စိတ်ဖြစ်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသီးအနှံတွေမှာ ကယ်လိုရီ
ပါဝင်မှု နည်းပါးတာကြောင့် ကိုယ်အလေးချိန် မြင့်တက်ခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
REF: TheHealthy