အတိတ်မေ့ရောဂါ (Amnesia) အကြောင်း သိကောင်းစရာများ
- 15 Nov, 2019
- အဖြစ်များသောရောဂါများ
အတိတ်မေ့ရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှ အဖြစ်အနည်းဆုံး ရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူအများစုက အနည်းငယ် မေ့လျော့ခြင်းကို ခံစားရတာနဲ့ အတိတ်မေ့ဝေဒနာ ခံစားနေရပြီလို့ ထင်မှတ်ကြလေ့ ရှိကြပါတယ်။ အတိတ်မေ့ရောဂါကို ခံစားရတဲ့ အခါမှာ မှတ်ဉာဏ် အများစု ပျောက်ဆုံးသွားမှာ ဖြစ်တာကြောင့် သွေးသားအရင်းတွေ၊ ဘဝရဲ့ မေ့မရနိုင်တဲ့ အမှတ်တရတွေ၊ သင်ယူလေ့လာခဲ့သမျှ သင်ခန်းစာတွေ အားလုံးကို မေ့လျော့သွားမှာ ဖြစ်ပါတယ်။
အတိတ်မေ့ရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှ အဖြစ်အနည်းဆုံး ရောဂါတွေထဲမှာ
တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူအများစုက အနည်းငယ် မေ့လျော့ခြင်းကို ခံစားရတာနဲ့ အတိတ်မေ့ဝေဒနာ
ခံစားနေရပြီလို့ ထင်မှတ်ကြလေ့ ရှိကြပါတယ်။ အတိတ်မေ့ရောဂါကို ခံစားရတဲ့ အခါမှာ မှတ်ဉာဏ်
အများစု ပျောက်ဆုံးသွားမှာ ဖြစ်တာကြောင့် သွေးသားအရင်းတွေ၊ ဘဝရဲ့ မေ့မရနိုင်တဲ့ အမှတ်တရတွေ၊
သင်ယူလေ့လာခဲ့သမျှ သင်ခန်းစာတွေ အားလုံးကို မေ့လျော့သွားမှာ ဖြစ်ပါတယ်။
အတိတ်မေ့ရောဂါကို ခံစားရတဲ့ အခါမှာ အရင်တုန်းက အဖြစ်အပျက်တွေကို
မေ့လျော့သွားမှာ ဖြစ်တဲ့အပြင် နောက်ထပ် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို မှတ်ထားနိုင်စွမ်းလည်း
ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်။ အတိတ်မေ့ရောဂါကို အမျိုးအစားအားဖြင့် (၁၁) မျိုး ခွဲခြား
သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
- Anterograde Amnesia
- Retrograde Amnesia
- Transient Global Amnesia
- Traumatic Amnesia
- Wernicke-Korsakoff’s Psychosis
- Hysterical (Fugue or Dissociative) Amnesia
- Childhood Amnesia (Infantile Amnesia)
- Posthypnotic Amensia
- Source Amnesia
- Blackout Phenomenon
- Prosopamnesia
အတိတ်မေ့ရောဂါကို ခံစားရတဲ့ အခါမှာ -
- လက်ရှိကာလမှ အဖြစ်အပျက်များကို မှတ်ထားနိုင်စွမ်း မရှိခြင်း
- အတိတ်ကာလမှ အဖြစ်အပျက်များကို မေ့လျော့သွားခြင်း
- အာရုံကြောဆိုင်ရာ ဝေဒနာများ ခံစားရခြင်း
- လှုပ်ရှားရခက်ခဲခြင်း
- စကားပြောရခက်ခဲခြင်း
- နေရာဒေသများကို မမှတ်မိခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
အတိတ်မေ့ဝေဒနာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- မှတ်ဉာဏ်ချို့ယွင်းခြင်း (Dementia)
ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းဆောင်ရည်က အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာလေ့
ရှိပါတယ်။ မှတ်ဉာဏ်ချို့ယွင်းခြင်း ဝေဒနာကို ခံစားရတဲ့ အခါမှာ အတိတ်က အဖြစ်အပျက်များကိုသာ
မှတ်မိနေမှာဖြစ်ပြီး မကြာသေးမီ အချိန်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များကိုတော့ အလွယ်တကူ
မေ့လျော့သွားမှာ ဖြစ်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းခြင်း ဝေဒနာကို အချိန်ကြာမြင့်စွာ ခံစားနေရပြီး
သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူး ဆိုရင်တော့ အချိန်ကြာလာတဲ့ အခါမှာ အတိတ်မေ့ဝေဒနာအဖြစ်
ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
- ဦးနှောက်ထဲကို လုံလောက်တဲ့ အောက်ဆီဂျင်ပမာဏ ရောက်ရှိမှု မရှိခြင်း
(Anoxia)
ဦးနှောက်ထဲကို လုံလောက်တဲ့ အောက်ဆီဂျင် ပမာဏ ရောက်ရှိမှု မရှိတဲ့
အခါမှာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားမှာဖြစ်ပြီး မှတ်ဉာဏ်စွမ်းရည် ကျဆင်းခြင်း၊
မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ခဏတာ အတိတ်မေ့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- Hippocampus ဒဏ်ရာရခြင်း
Hippocampus ဆိုတာကတော့ ဦးနှောက်နဲ့ (Limbic) စနစ်အကြားမှာ တည်ရှိနေတဲ့ မှတ်ဉာဏ်သိမ်းဆည်းရာ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။
Hippocampus အနေနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ အများစုကို လုပ်ဆောင်ရတဲ့
အစိတ်အပိုင်း တစ်ခုဖြစ်တာနဲ့အညီ ထိခိုက်လွယ်တဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။
ဦးနှောက်ထဲကို အောက်ဆီဂျင်ပမာဏ ရောက်ရှိမှု လုံလောက်မှု မရှိတဲ့ အခါမှာ ဒါမှမဟုတ်
ဦးနှောက် အဆိပ်သင့်တဲ့ အခါမှာ Hippocampus ဒဏ်ရာရခြင်းကို ဖြစ်ပွားစေပြီး
အတိတ်မေ့ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
- ဦးနှောက်ဒဏ်ရာရခြင်း
လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်ဖြစ်ခြင်း၊ ပိုးဝင်ခြင်းစတဲ့ ရောဂါတွေကို
ခံစားရခြင်းကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက် ထိခိုက်ခြင်းကြောင့်
မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အတိတ်မေ့ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
- အရက်အလွန်အကျွံ သောက်သုံးခြင်း
အရက်ကို နေ့စဉ်ရက်ဆက် အလွန်အကျွံ သောက်သုံးတဲ့ အခါမှာလည်း အသက်အရွယ်
ကြီးရင့်လာတဲ့ အခါမှာ အတိတ်မေ့ဝေဒနာကို ခံစားရနိုင်ပါတယ်။
အတိတ်မေ့ရောဂါ ဖြစ်ပွားခြင်း မရှိအောင် ကာကွယ်ချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- အရက်အလွန်အကျွံ သောက်သုံးခြင်း
- မူးယစ်ဆေးဝါးများ သုံးစွဲခြင်း
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန် လုပ်ဆောင်ပေးခြင်း
- ရေဓာတ် ပုံမှန်ဖြည့်တင်းပေးခြင်း
- အသီးအနှံများ စားသုံးပေးခြင်း
- မှတ်ဉာဏ်စွမ်းဆောင်ရည်ကို မြင့်တက်စေတဲ့ လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးခြင်း
REF: HealthLine