သရက်သီးကို စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
- 14 Nov, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
အသီးမှာသရက်၊ အသားမှာဝက်ဆိုတဲ့ ဆိုရိုးစကား ရှိတဲ့အတိုင်း သရက်သီးကို စားသုံးရတာကို လူအများစု အနေနဲ့ ကြိုက်နှစ်သက်ကြပါတယ်။ ဒါ့အပြင် သရက်သီးတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပေါင်း (၂၀) ကျော်လည်း ပါဝင်နေပါတယ်။ ဒါကြောင့် သရက်သီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်း များစွာကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အသီးမှာသရက်၊ အသားမှာဝက်ဆိုတဲ့ ဆိုရိုးစကား ရှိတဲ့အတိုင်း
သရက်သီးကို စားသုံးရတာကို လူအများစု အနေနဲ့ ကြိုက်နှစ်သက်ကြပါတယ်။ ဒါ့အပြင်
သရက်သီးတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပေါင်း (၂၀) ကျော်လည်း ပါဝင်နေပါတယ်။ ဒါကြောင့်
သရက်သီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်း
များစွာကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
သရက်သီးမှာ ပါဝင်တဲ့ Zeaxanthin အန်တီအောက်ဆီဒန့် (Antioxidant)
အနေနဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့မှုကြောင့်
ဖြစ်ပွားလေ့ရှိတဲ့ မျက်စိဝေဒနာတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သလို
အသက်ကြီးလာတာနဲ့အမျှ ခံစားရလေ့ရှိတဲ့ မျက်စိမှုန်ခြင်းကိုလည်း ကာကွယ်နိုင်မှာ
ဖြစ်ပါတယ်။
- ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း
သရက်သီးမှာ ပါဝင်တဲ ဘီတာကာရိုတင်းဓာတ် (Beta-Carotene)
အနေနဲ့ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တာကြောင့်
နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။
- အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း
ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင် (K) ဓာတ် နည်းပါးသွားခဲ့မယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့
ကယ်ဆီယမ်ဓာတ်ကို စုပ်ယူနိုင်ခြင်း ရှိတော့မှာ မဟုတ်တာကြောင့် အရိုးကျိုးလွယ်ခြင်း၊
အရိုးပါးခြင်းစတဲ့ ဝေဒနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ သရက်သီးမှာ ဗီတာမင် (K) ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့်
အရိုးကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
- အစာချေရလွယ်ကူခြင်း
သရက်သီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်တွေ ကြွယ်ဝစွာ
ပါဝင်တာကြောင့် ဝမ်းချုပ်ဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်သလို
အစာချေစနစ်ကိုလည်း ကောင်းမွန်စွာ လည်ပတ်စေမှာ ဖြစ်ပါတယ်။
- နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း
သရက်သီးမှာ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တို့
ပါဝင်တဲ့အပြင် နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ ဗီတာမင်ဓာတ်တွေလည်း
ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးခြင်း
သရက်သီးမှာ ဗီတာမင် A ၊ ဗီတာမင် C ၊
ဖိုလိတ်အက်စစ်၊ ဗီတာမင် E တို့ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့
ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အပြင် အလွယ်တကူ ဖျားနာခြင်း ဝေဒနာ
ခံစားရမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- ဆံပင်များကို နက်မှောင်သန်စွမ်းစေခြင်း
သရက်သီးမှာ ပါဝင်တဲ့ ဗီတာမင် A ဓာတ်အနေနဲ့ ဆံပင်များကို နက်မှောင်သန်စွမ်းစေမှာ ဖြစ်သလို အသားအရေ
ခြောက်သွေ့မှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်တာကြောင့် နေ့စဉ်ပုံမှန်
စားသုံးပေးသင့်ပါတယ်။
ဒါ့အပြင် သရက်သီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ
ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊
ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာစတဲ့ ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday