ခြေတုန်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 14 Nov, 2019
- အဖြစ်များသောရောဂါများ
ခြေတုန်ခြင်း ဆိုတာကတော့ ထိန်းချုပ်ရ ခက်ခဲတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခြေတုန်ခြင်းဆိုတာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါ တစ်မျိုးတော့ မဟုတ်ပါဘူး။ တစ်ခါတရံမှာ ရက်ပိုင်းအတွင်း ခြေတုန်ခြင်း ဝေဒနာ သက်သာ ပျောက်ကင်းသွားလေ့ ရှိပေမယ့် တစ်ခါတရံမှာတော့ နှစ်နဲ့ချီပြီး ခံစားရလေ့ ရှိကြပါတယ်။
ခြေတုန်ခြင်း ဆိုတာကတော့ ထိန်းချုပ်ရ ခက်ခဲတဲ့ ရောဂါ တစ်မျိုးပဲ
ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခြေတုန်ခြင်းဆိုတာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါ
တစ်မျိုးတော့ မဟုတ်ပါဘူး။ တစ်ခါတရံမှာ ရက်ပိုင်းအတွင်း
ခြေတုန်ခြင်း ဝေဒနာ သက်သာ ပျောက်ကင်းသွားလေ့ ရှိပေမယ့် တစ်ခါတရံမှာတော့ နှစ်နဲ့ချီပြီး
ခံစားရလေ့ ရှိကြပါတယ်။
ခြေတုန်ခြင်းကို သီးသန့်ခံစားရခြင်းကြောင့် ခန္ဓာကိုယ် အတွက်
ဘေးထွက် ဆိုးကျိုးတွေကို ခံစားရမှာ မဟုတ်ပေမယ့် ခြေတုန်ခြင်းအပြင် အခြားသော ဝေဒနာတွေကိုပါ
တွဲဖက် ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ကုသမှု ခံယူဖို့
လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ခြေတုန်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို
အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ခြေတုန်လက်တုန်ရောဂါ (Tremor)
ခြေတုန်လက်တုန်ရောဂါကို ကြွက်သားတွေ ကျုံ့သွားတဲ့ အခါမှာ ခံစားရလေ့
ရှိကြပါတယ်။ ကြွက်သားများ ကျုံ့သွားခြင်းကြောင့် ကြွက်သားများ တုန်ခါခြင်းကို ဖြစ်ပွားစေပြီး
ခြေတုန်လက်တုန်ဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေဖြတ်ဝေဒနာ၊ အာရုံကြောစနစ်ယိုယွင်းခြင်း၊
ဦးနှောက်မှာဒဏ်ရာရခြင်း၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါစတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာ
ခြေတုန်လက်တုန်ခြင်းကို ခံစားရနိုင်ပါတယ်။
- ခြေမငြိမ်ရောဂါ (Restless Leg Syndrome)
ခြေမငြိမ်ရောဂါကို ခံစားရတဲ့ အခါမှာ အသိစိတ်က ထိန်းချုပ်နိုင်ခြင်း
မရှိတဲ့ ခြေထောက် လှုပ်ရှားမှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ခြေမငြိမ်ရောဂါကို ခံစားရခြင်းကြောင့်
ခြေတုန်ခြင်း၊ ခြေထောက်များ နာကျင်ခြင်း၊ လမ်းလျှောက်ရ ခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
- မျိုးရိုးလိုက်ခြင်း
တကယ်လို့ မိဘတွေ အနေနဲ့ ခြေတုန်လက်တုန် ရောဂါကို ခံစားနေရမယ်
ဆိုရင်လည်း မွေးဖွားလာတဲ့ ကလေးငယ်မှာလည်း ခြေတုန်လက်တုန်ခြင်း ဝေဒနာကို မြင်တွေ့ရနိုင်ပါတယ်။
- အာရုံစူးစိုက်ပြီး အလုပ်လုပ်ခြင်း
အချို့သော လူပုဂ္ဂိုလ်တွေ အနေနဲ့ ကိစ္စတစ်ခုခုကို အာရုံစူးစိုက်ပြီး
အလုပ်လုပ်နေတဲ့ အခါမှာ သိစိတ်မဲ့ ခြေထောက်လှုပ်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင်
ပျင်းရိနေတဲ့ အခါမှာလည်း သိစိတ်မဲ့ ခြေထောက်လှုပ်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။
- စိုးရိမ်စိတ် လွန်ကဲခြင်း
စိုးရိမ်စိတ် လွန်ကဲခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်အတွင်းမှာ
Adrenaline
ဟော်မုန်းတွေ ထုတ်လွှတ်မှု မြင့်တက်လာတာကြောင့် ခြေလက်တွေ တုန်ခါခြင်းကို
ခံစားရလေ့ ရှိကပါတယ်။ ဒါ့အပြင် စိုးရိမ်စိတ် လွန်ကဲခြင်းကြောင့် နှလုံးခုန်မြန်ခြင်း၊
မူးဝေခြင်း၊ အသက်ရှူမြန်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ အားနည်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- ကဖိန်းဓာတ် လွန်ကဲခြင်း
ခန္ဓာကိုယ် လန်းဆန်း တက်ကြွနေစေဖို့ အတွက် ကဖိန်းဓာတ်ကို လိုအပ်ပါတယ်။
ဒါပေမယ့် ခန္ဓာကိုယ် အတွင်းမှာ ကဖိန်းဓာတ် လွန်ကဲခဲ့မယ်ဆိုရင် ခြေတုန်လက်တုန်ဖြစ်ခြင်း၊
အိပ်မပျော်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ချွေးထွက်လွန်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- အရက်သောက်ခြင်း
အရက်အလွန်အကျွံ သောက်သုံးတဲ့ အခါမှာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ
ကျဆင်းသွားတာကြောင့် သိစိတ်မဲ့ ခြေတုန်လက်တုန်ဖြစ်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ ဒါ့အပြင်
အရက် အလွန်အကျွံ သောက်သုံးနေရာကနေ ရုတ်တရက် အရက်ဖြတ်လိုက်တဲ့ အခါမှာလည်း ခြေတုန်ခြင်းကို
ခံစားရနိုင်ပါတယ်။ ရုတ်တရက် အရက်ဖြတ်လိုက်ခြင်းကြောင့် ခြေတုန်ခြင်းအပြင် -
- မူးဝေခြင်း
- အော့အန်ခြင်း
- ခေါင်းကိုက်ခြင်း
- နှလုံးခုန်မြန်ခြင်း
- အိပ်မပျော်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
REF: HealthLine