တက်တူးထိုးခြင်းနှင့် ယားယံခြင်းအကြား ဆက်နွယ်မှုများ
- 14 Nov, 2019
- အဖြစ်များသောရောဂါများ
အရေပြားဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ အရေပြားရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ ခန္ဓာကိုယ်ကို ပြင်ပဘေးအန္တရာယ်များ ကျရောက်မှုကနေ ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ တက်တူးထိုးတဲ့ အခါမှာ အပ်တွေ အများကြီး အရေပြားထဲကို ထိုးဖောက် ဝင်ရောက်မှာ ဖြစ်တာကြောင့် အရေပြား အနေနဲ့ အသားကျက်အောင် ပြန်လည် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
အရေပြားဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်း
တစ်ခုပဲ ဖြစ်ပါတယ်။ အရေပြားရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ ခန္ဓာကိုယ်ကို ပြင်ပဘေးအန္တရာယ်များ
ကျရောက်မှုကနေ ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ တက်တူးထိုးတဲ့ အခါမှာ အပ်တွေ အများကြီး
အရေပြားထဲကို ထိုးဖောက် ဝင်ရောက်မှာ ဖြစ်တာကြောင့် အရေပြား အနေနဲ့ အသားကျက်အောင် ပြန်လည်
လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
အသားကျက်အောင် ပြန်လည် လုပ်ဆောင်နေစဥ် အချိန်မှာ အရေပြား ယားယံခြင်း၊
နီရဲခြင်း၊ ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ များသောအားဖြင့် တက်တူးထိုးပြီးကာစ
အချိန်မှာ အနည်းငယ် ယားယံခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်မှာ
တည်ရှိနေတာ ကြာမြင့်နေပြီဖြစ်တဲ့ တက်တူးကြောင့် ယားယံခြင်းကို ခံစားနေရမယ် ဆိုရင်တော့
သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။ တက်တူးထိုးပြီးစဥ် ယားယံခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
- အနာကျက်ခြင်း
တက်တူးထိုးပြီးကာစ အချိန်မှာ ပြဲစုတ်သွားတဲ့ ဒဏ်ရာတွေကို အရေပြား
အနေနဲ့ အသားကျက်အောင် ပြန်လည် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အသားကျက်အောင် ပြန်လည်
လုပ်ဆောင်နေစဉ် အချိန်မှာ ယားယံခြင်းကို ခံစားရနိုင်ပါတယ်။ အဲဒီလို ယားယံနေစဉ် အချိန်မှာ
မကုတ်ဖိအောင် စိတ်ကိုထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ စိတ်မထိန်းနိုင်ပဲ ကုတ်မိလိုက်ရင်
အမာရွတ်များဖြစ်ခြင်း၊ တက်တူးပုံစံပျက်ခြင်းစတဲ့ ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်သလို
တစ်ခါတရံမှာ ရောဂါပိုး ကူးစက်ခံရတဲ့ အထိ ဖြစ်ပွားစေနိုင်ပါတယ်။
- ရောဂါပိုး ကူးစက်ခြင်း
တက်တူးထိုးတဲ့ အခါမှာ အပ်တွေ အစုလိုက် အပြုံလိုက် အရေပြားကို
ထိုးဖောက်ပြီး ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ တက်တူးထိုးတဲ့ အခါမှာ အသုံးပြုခဲ့တဲ့
အပ်တွေ အနေနဲ့ သန့်ရှင်းခြင်း မရှိခဲ့ရင် ရောဂါပိုး ကူးစက်ခြင်းကို ခံစားရနိုင်ပါတယ်။
တက်တူးထိုးရာကနေ တစ်ဆင့် ရောဂါပိုး ကူးစက်ခံရတဲ့ အခါမှာ -
- အရေပြား နီရဲလာခြင်း
- အနီကွက်များ ထွက်လာခြင်း
- နာကျင်ခြင်း
- ဖျားနာခြင်း
- ယားယံခြင်း
- ချမ်းတုန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တက်တူးထိုးရာကနေ ရောဂါပိုး ကူးစက်မှုကို ကုသနိုင်ခဲ့ခြင်း မရှိဘူးဆိုရင်
ခန္ဓာကိုယ် အနှံ့ကို ရောဂါပိုးတွေ ပျံ့နှံ့သွားမှာ ဖြစ်တာကြောင့် ရောဂါပိုး ကူးစက်ခံနေရပြီလို့
သံသယ ရှိနေပြီ ဆိုတာနဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
- ဓာတ်မတည့်ခြင်း
တက်တူးထိုးရာမှာ အသုံးပြုတဲ့မင်နဲ့ ဓာတ်မတည့်တဲ့ အခါမှာလည်း
ယားယံခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ အနီရောင် တက်တူးမင်မှာ အချို့သော လူပုဂ္ဂိုလ်တွေရဲ့
အရေပြားနဲ့ ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် ယားယံခြင်းကို
ဖြစ်ပွားစေနိုင်ပါတယ်။ တက်တူးမင်နဲ့ ဓာတ်မတည့်ခြင်းကို ခံစားရတဲ့ အခါမှာ -
- ယားယံခြင်း
- အရေပြား နီရဲခြင်း
- အနီစက်များ ထွက်လာခြင်း
- အသားမာတက်ခြင်း
- တက်တူးကနေ အရည်များ ထွက်လာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အချို့သော လူပုဂ္ဂိုလ်တွေ အနေနဲ့ တက်တူးနဲ့ ဓာတ်မတည့်မှုကို
ခံစားရခြင်းကြောင့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အထိ ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရနိုင်ပါတယ်။ တက်တူးနဲ့ ဓာတ်မတည့်ခြင်းကို ခံစားရပြီး အောက်ဖော်ပြပါ ရောဂါတွေကိုပါ
ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
- အဖုအပိမ့်များ ထွက်လာခြင်း
- အသက်ရှူရခက်ခဲခြင်း
- မူးဝေခြင်း
- နှလုံးခုန်မြန်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- နေရောင်ခြည်နဲ့ ဓာတ်မတည့်ခြင်း
တက်တူးထိုးပြီးကာစ အချိန်မှာ အချို့သော လူပုဂ္ဂိုလ်တွေ အနေနဲ့
နေရောင်ခြည်နဲ့ ဓာတ်မတည့်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ နေရောင်ခြည်နဲ့ ဓာတ်မတည့်ခြင်းကြောင့်
-
- အဖုအပိမ့်များထွက်ခြင်း
- ယားယံခြင်း
- အသားအရေ နီရဲခြင်း
- ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် တက်တူးထိုးပြီးကာစ အချိန်မှာ နေရောင်ခြည်နဲ့ တိုက်ရိုက်
ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
- နှင်းခူနာဖြစ်ခြင်း
နှင်းခူနာ ဆိုတာကတော့ အရေပြား ရောင်ရမ်းခြင်း၊ နီရဲလာခြင်း၊
ယားယံခြင်းစတဲ့ ဝေဒနာတွေကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဓာတ်မတည့်ခြင်း၊
အသားအရေ ခြောက်သွေ့ခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့် နှင်းခူနာကို များသောအားဖြင့်
ခံစားရလေ့ ရှိကြပါတယ်။ တက်တူးထိုးခြင်းကြောင့် နှင်းခူနာကို တိုက်ရိုက် ဖြစ်ပွားစေမှာ
မဟုတ်ပေမယ့် တက်တူးထိုးထားပြီး ၁ နှစ်၊ ၂ နှစ်ခန့် ကြာမြင့်သွားတဲ့ အခါမှာ တက်တူးထိုးထားတဲ့
နေရာမှာ နှင်းခူနာများ စွဲကပ်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် တက်တူးထိုးထားတဲ့
အရေပြား အပေါ်မှာ အမွှေးရနံ၊ အယ်လ်ကိုဟော ပါဝင်တဲ့ အသားလှဆီ အသုံးပြုမှုကို ရှောင်ကြဉ်သင့်ပါတယ်။
REF: MedicalNewsToday