ကာလဝမ်းရောဂါ (Cholera) အကြောင်း သိထားသင့်တဲ့ အချက်များ

  • 13 Nov, 2019
  • အဖြစ်များသောရောဂါများ

ကာလဝမ်းရောဂါ ဆိုတာကတော့ ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ဝမ်းပျက်ခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်းစတဲ့ ဝေဒနာတွေ အပြင်းအထန် ခံစားရခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ကာလဝမ်းရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကာလဝမ်းရောဂါ ခံစားရတဲ့ အခါမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ကုသမှုကို ခံယူသင့်ပါတယ်။

ကာလဝမ်းရောဂါ ဆိုတာကတော့ ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ဝမ်းပျက်ခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်းစတဲ့ ဝေဒနာတွေ အပြင်းအထန် ခံစားရခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ကာလဝမ်းရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကာလဝမ်းရောဂါ ခံစားရတဲ့ အခါမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ကုသမှုကို ခံယူသင့်ပါတယ်။

လက်ရှိအချိန်မှာ ကာလဝမ်းရောဂါကို တစ်နှစ်ကို လူဦးရေ (၃) သန်းကနေ (၅) သန်းအထိ ခံစားနေရလေ့ရှိပြီး တစ်နှစ်ကို လူဦးရေ တစ်သိန်းခန့် သေဆုံးလျက် ရှိတာကြောင့် ကာလဝမ်းရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို အခုလို‌ ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ကာလဝမ်းရောဂါကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးကတော့ V. Cholera ဘက်တီးရီးယားကြောင့်ပဲ ဖြစ်ပါတယ်။ V. Cholera ဘက်တီးရီးယားကို ရေငံပိုင်းမှာ များသောအားဖြင့် မြင်တွေ့ရလေ့ရှိပြီး တစ်ခါတရံမှာ အပင်တွေ၊ ကျောက်တုံးတွေ အပေါ်မှာလည်း မြင်တွေ့ရနိုင်ပါတယ်။

ကာလဝမ်းရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • မသန့်ရှင်းတဲ့ရေကို သောက်သုံးခြင်း
  • ပင်လယ်စာများ အလွန်အကျွံ စားသုံးခြင်း
  • မသန့်ရှင်းတဲ့ အစားအစာများကို စားသုံးခြင်း
  • မကျက်တကျက် အသားငါးများကို စားသုံးခြင်း
  • အသားစိမ်း၊ ငါးစိမ်းများကို စားသုံးခြင်း

ကာလဝမ်းရောဂါကို ခံစားရတဲ့ အခါမှာ -

  • ဝမ်းအရည်များသွားခြင်း
  • မကြာခဏ ဝမ်းသွားခြင်း
  • အော့အန်ခြင်း
  • ခြေထောက်နာခြင်း
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • အသားအရေခြောက်သွေ့ခြင်း
  • ပါးစပ်ခြောက်ခြင်း
  • မျက်တွင်းချိုင့်ခြင်း
  • ချွေးထွက်နည်းခြင်း
  • နှလုံးခုန်မြန်ခြင်း
  • မူးဝေခြင်း
  • ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်း
  • သွေးခုန်နှုန်းမြန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

တစ်ခါတရံမှာ ကာလဝမ်းရောဂါကို ခံစားနေရခြင်းကြောင့် သွေးလည်ပတ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပျက်စီးစေမှာဖြစ်ပြီး ရုတ်တရက် သတိလစ်ခြင်းကိုပါ ဖြစ်ပွားစေနိုင်တာကြောင့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီ ဆိုတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။

ကာလဝမ်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

  • တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ခြင်း
  • သန့်ရှင်းသောရေကို သောက်သုံးခြင်း
  • သန့်ရှင်းသော အစားအစာများကို စားသုံးခြင်း
  • မကျက်တကျက် အသားငါးများ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
  • ရေကိုကျိုချက်ပြီးမှသောက်သုံးခြင်း
  • လမ်းဘေးစာများ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.