နှာခေါင်းသွေးယိုခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 13 Nov, 2019
  • အဖြစ်များသောရောဂါများ

နှာခေါင်းသွေးယိုခြင်း ဆိုတာကတော့ လူသား အများစု ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးတော့ မဟုတ်ပါဘူး။ နှာခေါင်းအတွင်းမှာ တည်ရှိနေတဲ့ နူးညံ့တဲ့ သွေးကြောတွေ ပေါက်သွားတဲ့ အခါမှာ နှာခေါင်းသွေးယိုခြင်းကို ခံစားရနိုင်ပါတယ်။ တစ်ခါတရံမှာ နှာခေါင်း အနောက်ဘက်ပိုင်းမှာ တည်ရှိနေတဲ့ သွေးကြောကြီးတွေမှာ ဒဏ်ရာ ရရှိတဲ့ အခါမှာလည်း နှာခေါင်းသွေးယိုခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

နှာခေါင်းသွေးယိုခြင်း ဆိုတာကတော့ လူသား အများစု ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးတော့ မဟုတ်ပါဘူး။ နှာခေါင်းအတွင်းမှာ တည်ရှိနေတဲ့ နူးညံ့တဲ့ သွေးကြောတွေ ပေါက်သွားတဲ့ အခါမှာ နှာခေါင်းသွေးယိုခြင်းကို ခံစားရနိုင်ပါတယ်။ တစ်ခါတရံမှာ နှာခေါင်း အနောက်ဘက်ပိုင်းမှာ တည်ရှိနေတဲ့ သွေးကြောကြီးတွေမှာ ဒဏ်ရာ ရရှိတဲ့ အခါမှာလည်း နှာခေါင်းသွေးယိုခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

နှာခေါင်းသွေးယိုခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • Anterior Nosebleed

Anterior Nosebleed ဆိုတာကတော့ နှာခေါင်း အရှေ့ပိုင်းမှာ တည်ရှိနေတဲ့ သွေးကြောလေးတွေ ပေါက်ထွက်သွားခြင်းကြောင့် နှာခေါင်းသွေးယိုခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

  • Posterior Nosebleed

Posterior Nosebleed ဆိုတာကတော့ နှာခေါင်း အနောက်ပိုင်း ဒါမှမဟုတ် နှာခေါင်းအတွင်းပိုင်းမှာ တည်ရှိနေတဲ့ သွေးကြောတွေ ပေါက်ထွက်သွားခြင်းကြောင့် နှာခေါင်းသွေးယိုခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

နှာခေါင်းသွေးယိုခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ခြောက်သွေ့တဲ့လေ (Dry Air) ကို ရှူရှိုက်မိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုကြောင့် နှာခေါင်းအမြှေးပါးတွေ ခြောက်သွေ့သွားပြီး သွေးကြောတွေ ပေါက်ထွက်ခြင်းကို ဖြစ်ပွားစေပြီး နှာခေါင်းသွေးယိုခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

နှာခေါင်းသွေးယိုခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

  • နှာခေါင်းတွင်း ပြင်ပအရာဝတ္ထုများ ပိတ်ဆို့နေခြင်း
  • ဓာတုဗေဒပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်း
  • နှာခေါင်းတွင်း ဒဏ်ရာရခြင်း
  • မကြာခဏနှာချေခြင်း
  • အေးစက်တဲ့ လေများကို ရှူရှိုက်မိခြင်း
  • အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း
  • အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သုံးစွဲခြင်း

အချို့သော ရောဂါတွေဖြစ်တဲ့ ကင်ဆာရောဂါ၊ သွေးပေါင်ချိန်မြင့်တက်ခြင်း၊ သွေးထွက်နှုန်း မူမမှန်ခြင်း၊ သွေးခဲခြင်းစတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း နှာခေါင်းသွေးယိုခြင်းကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် နှာခေါင်းရိုးကျိုးခြင်း၊ ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်ခြင်း၊ နှာခေါင်းရိုးအက်ခြင်း၊ နှာခေါင်းတွင်း အကျိတ်ဖြစ်ခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်လည်း နှာခေါင်းသွေးယိုခြင်းကို ခံစားရနိုင်ပါတယ်။နှာခေါင်းသွေးယိုခြင်းကြောင့် ဆေးဝါးကုသမှု ခံယူဖို့ မလိုအပ်ပေမယ့်လည်း မိနစ် (၂၀) ခန့် နှာခေါင်းသွေးယိုခြင်းကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • လေသန့်စင်စက် အသုံးပြုခြင်း
  • နှာခေါင်းကို မကြာခဏ ကုတ်ဖဲ့ခြင်းအား ရှောင်ကြဉ်ခြင်း
  • အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ အသုံးပြုမှုကို ရှောင်ကြဉ်ခြင်း
  • နှာခေါင်းသန့်ဆေးရည်များ အသုံးပြုခြင်း

REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.