ရေချိုးပြီးတိုင်း ယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 13 Nov, 2019
- အဖြစ်များသောရောဂါများ
တစ်ကိုယ်ရည် သန့်ရှင်းစေဖို့အတွက်၊ လန်းဆန်းစေဖို့အတွက် ရေချိုးခြင်းကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတရံမှာ ရေချိုးပြီးစဉ် ယားယံခြင်းကို အချို့သော လူပုဂ္ဂိုလ်တွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ ရေချိုးပြီးတိုင်း ယားယံခြင်းကို များသောအားဖြင့် ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ အသားအရေ ခြောက်သွေ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
တစ်ကိုယ်ရည် သန့်ရှင်းစေဖို့အတွက်၊
လန်းဆန်းစေဖို့အတွက် ရေချိုးခြင်းကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတရံမှာ
ရေချိုးပြီးစဉ် ယားယံခြင်းကို အချို့သော လူပုဂ္ဂိုလ်တွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။
ရေချိုးပြီးတိုင်း ယားယံခြင်းကို များသောအားဖြင့် ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့
အသားအရေ ခြောက်သွေ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ရေချိုးလိုက်တဲ့ အခါမှာ ခန္ဓာကိုယ်မှာ
အလိုအလျောက် ထွက်ရှိနေတဲ့ အသားအရေ အဆီတွေ ကွယ်ပျောက်သွားတာကြောင့် အသားအရေ ခြောက်သွေ့ခြင်း၊
ယားယံခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ အသားအရေ ခြောက်သွေ့ခြင်း သီးသန့်ကို ခံစားရမယ်ဆိုရင်
အလှဆီ ဒါမှမဟုတ် လိုးရှင်းများ လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပေမယ့် အသားအရေ
ခြောက်သွေ့ခြင်းအပြင် ယားယံခြင်းကိုပါ ခံစားရမယ် ဆိုရင်တော့ ဂရုတစိုက် ကုသမှုတွေ ဆောင်ရွက်ပေးဖို့
လိုအပ်ပါတယ်။
ရေချိုးပြီးတိုင်း အသားအရေ ယားယံခြင်းကို
ဖြစ်ပွားစေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
- အသားအရေ ခြောက်သွေ့ခြင်း
ရေချိုးလိုက်တဲ့ အခါမှာ အသားအရေရဲ့
စိုစွတ်မှုတွေ ကွယ်ပျောက်သွားလေ့ ရှိတာကြောင့် အသားအရေ ခြောက်သွေ့ခြင်းကို ခံစားရပြီး
ယားယံခြင်းကို ခံစားရနိုင်ပါတယ်။ မျက်နှာသစ်ဆေးတွေ၊ ဆပ်ပြာတွေကြောင့် အသားအရေမှာ သဘာဝအလျောက်
ထွက်ရှိနေတဲ့ အဆီတွေ ကွယ်ပျောက်သွားပြီး အသားအရေ ခြော်ကသွေ့ခြင်း၊ ယားယံခြင်းတို့ကို
ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် တစ်ခါတရံမှာ အသားအရေ ခြောက်သွေ့ခြင်းကြောင့် အရေပြား
ကွဲအက်ခြင်းကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။
ရေချိုးပြီးတိုင်း အသားအရေ ယားယံခြင်း
ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကတော့ ရေချိုးပြီးတိုင်း အသားလှဆီ လိမ်းကျံပေးခြင်းပဲ
ဖြစ်ပါတယ်။ အသားလှဆီ လိမ်းကျံပေးခြင်းဖြင့် ခြောက်သွေ့နေတဲ့ အသားအရေကို ပြန်လည် စိုစွတ်စေမှာ
ဖြစ်ပါတယ်။
တစ်ခါတရံမှာ အသားလှဆီနဲ့ ဓာတ်မတည့်တဲ့
အခါမှာလည်း အသားအရေ ယားယံခြင်းကို ဖြစ်ပွားစေတာကြောင့် မန်သော (Menthol) ၊ အယ်လ်ကိုဟော (Alcohol) ပါဝင်တဲ့ အသားလှဆီတွေ လိမ်းကျံခြင်းကို
တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
- နှင်းခူဖြစ်ခြင်း (Eczema)
နှင်းခူရောဂါကို ခံစားရတဲ့ အခါမှာ အသားအရေ
ယောင်ယမ်းခြင်းကို ခံစားရမှာ ဖြစ်တဲ့အပြင် အသားအရေ ယားယံခြင်း၊ ခြောက်သွေ့ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ နှင်းခူ ဝေဒနာသည်တွေ အနေနဲ့ ရေချိုးပြီစဉ် အချိန်မှာ
အသားရေ ယားယံခြင်းကို ပိုမို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် အမွှေးအကြိုင် ပါဝင်တဲ့
ဆပ်ပြာတွေ၊ ရေနွေးတွေနဲ့ ရေချိုးတဲ့ အခါမှာ နှင်းခူရောဂါကြောင့် ဖြစ်ပွားလေ့ရှိတဲ့
ဝေဒနာတွေကို ပိုမို ခံစားရနိုင်ပါတယ်။
- အလှကုန်ပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်း
လူအများစု အနေနဲ့ အမွှေးရနံ့ ပါဝင်တဲ့
ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေကို အသုံးပြုလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း အမွှေးရနံ့
ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုခြင်းကြောင့် အသားအရေ ယားယံခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ ရေချိုးဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေမှာ ပါဝင်တဲ့ အမွှေးရနံ့ကြောင့်
အသားအရေ ယားယံခြင်းကို များသောအားဖြင့် ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။
ရေချိုးပြီးတိုင်း အသားအရေ ယားယံခြင်း
ဖြစ်ပွားမှုကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ရေအေးဖြင့် ရေချိုးပေးခြင်း
ရေနွေးနဲ့ အချိန်ကြာမြင့်စွာ ရေချိုးခြင်းကို
ရှောင်ကြဉ်ခြင်းဖြင့် အသားအရေ ယားယံမှုကို ကာကွယ်နိုင်မှာ ဖြစ်သလို ရေအေးဖြင့် ရေချိုးပေးခြင်းဖြင့်လည်း
ရေချိုးပြီးတိုင်း အသားအရေ ယားယံမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- တစ်နေ့တာအတွင်း မကြာခဏ ရေချိုးခြင်းကို
ရှောင်ကြဉ်ခြင်း
မကြာခဏ ရေချိုးခြင်းကြောင့် ခန္ဓာကိုယ်မှာ
အလိုအလျောက် ထွက်ရှိနေတဲ့ အသားအရေ အဆီတွေ ပိုမို ကုန်ဆုံးသွားမှာ ဖြစ်တာကြောင့် အသားအရေ
ခြောက်သွေ့ခြင်းကို ဖြစ်ပွားစေမှာဖြစ်ပြီး အရေပြား ယားယံမှုကို ခံစားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် တစ်နေ့တာအတွင်း မကြာခဏ ရေချိုးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
- အမွှေးရနံ့ ပါဝင်တဲ့ အသုံးအဆောင် ပစ္စည်းများ
အသုံးပြုမှုကို ရှောင်ကြဉ်ခြင်း
အမွှေးရနံ့ ပါဝင်တဲ့ ရေချိုးဆပ်ပြာတွေ၊
ခေါင်းလျှော်ရည်တွေ၊ အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့ အခါမှာလည်း အသားအရေ ယားယံခြင်းကို
ဖြစ်ပွားစေနိုင်တာကြောင့် အထက်ပါ ပစ္စည်းများ အသုံးပြုမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
ဒါ့အပြင် အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်နိုင်ဖို့ အတွက် ရေချိုးပြီးစဉ် အချိန်တိုင်း
အသားလှဆီကို လိမ်းကျံပေးသင့်ပါတယ်။
REF: MedicalNewsToday