သားအိမ်ကျခြင်း (Uterine Prolapse) အကြောင်း သိကောင်းစရာများ
- 07 Nov, 2019
- အမျိုးသမီးကျန်းမာရေး
သားအိမ်ဆိုတာကတော့ နို့တိုက်သတ္တဝါတွေ အများစုမှာ တည်ရှိနေတဲ့ မမျိုးပွားအင်္ဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ဆိုတဲ့ ကြွက်သား အစုအဖွဲ့ကြီးကို အောက်ကို ကျွံကျသွားခြင်း မရှိစေဖို့ အတွက် တင်ပါးဆုံ ကြွက်သားတွေနဲ့ အရွတ်တွေက ထိန်းထားပေးလျက် ရှိပါတယ်။ တကယ်လို့ တင်ပါးဆုံ ကြွက်သားတွေ၊ အရွတ်တွေ အားနည်းသွားပြီး သားအိမ်ကို ထိန်းထားနိုင်ခြင်း မရှိတော့တာကြောင့် အမျိုးသမီးအင်္ဂါအတွင်း ကျွံကျသွားတဲ့ အခါမှာ သားအိမ်ကျခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
သားအိမ်ဆိုတာကတော့ နို့တိုက်သတ္တဝါတွေ အများစုမှာ
တည်ရှိနေတဲ့ မမျိုးပွားအင်္ဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ဆိုတဲ့
ကြွက်သား အစုအဖွဲ့ကြီးကို အောက်ကို ကျွံကျသွားခြင်း မရှိစေဖို့ အတွက် တင်ပါးဆုံ
ကြွက်သားတွေနဲ့ အရွတ်တွေက ထိန်းထားပေးလျက် ရှိပါတယ်။ တကယ်လို့ တင်ပါးဆုံ
ကြွက်သားတွေ၊ အရွတ်တွေ အားနည်းသွားပြီး သားအိမ်ကို ထိန်းထားနိုင်ခြင်း
မရှိတော့တာကြောင့် အမျိုးသမီးအင်္ဂါအတွင်း ကျွံကျသွားတဲ့ အခါမှာ သားအိမ်ကျခြင်းကို
ခံစားရမှာ ဖြစ်ပါတယ်။
သားအိမ်ကို ထိန်းထားနိုင်စွမ်း မရှိအောင် တင်ပါးဆုံ
ကြွက်သားတွေ၊ အရွတ်တွေ အားနည်းခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အချက်တွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- မကြာခဏ ကိုယ်ဝန်ရှိခြင်း
- ရိုးရိုးမွေးခြင်း
- သွေးဆုံးခြင်း
- အသက်အရွယ် ကြီးမြင့်ခြင်း
- အလေးအပင်များမခြင်း
- နာတာရှည် ဝမ်းချုပ်ခြင်း
- အဝလွန်ခြင်း
- နာတာရှည် ချောင်းဆိုးခြင်း
- တင်ပါးဆုံရိုး ခွဲစိတ်ကုသမှု ခံယူဖူးခြင်း
- အူသိမ်အူမ လှုပ်ရှားမှု မူမမှန်ခြင်း
သားအိမ်ကျခြင်းကို ခံစားရတဲ့ အခါမှာ -
- မိန်းမကိုယ်မှ သွေးဆင်းခြင်း
- လိင်ဆက်ဆံရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်း
- မိန်းမကိုယ်မှ အရည်များဆင်းခြင်း
- ထိုင်ရခက်ခဲခြင်း
- ဆီးသွားရခက်ခဲခြင်း
- ကျောနာခြင်း
- ဆီးမထိန်းနိုင်ခြင်း
- ဝမ်းချုပ်ခြင်း
- မိန်းမကိုယ်မှာ သားအိမ်တစ်ဆို့နေခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ် ကုသမှုတွေကို
ခံယူသင့်ပါတယ်။ တကယ်လို့ သားအိမ်ကျခြင်းကို ကုသခဲ့ခြင်း မရှိဘူးဆိုရင် အူသိမ်အူမ၊
ဆီးအိမ်နဲ့ လိင်ဆက်ဆံခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ဆိုးကျိုးတွေနဲ့
ရင်ဆိုင်ရနိုင်ပါတယ်။
သားအိမ်ကျခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်း
- ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
- အမျှင်ဓာတ် ပါဝင်သော အစားအစာများ စားသုံးပေးခြင်း
- ရေဓာတ် ပုံမှန်ဖြည့်တင်းခြင်း
- အလေးအပင်များ အလွန်အကျွံ မယူမှုကို ရှောင်ကြဉ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
REF: HealthLine, MedicalNewsToday