အာဟာရဓာတ် မူမမှန်ခြင်း အကြောင်း သိကောင်းစရာများ

  • 07 Nov, 2019
  • အဖြစ်များသောရောဂါများ

အာဟာရဓာတ် မူမမှန်ခြင်း ဆိုတာကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ မရရှိခြင်း ဒါမှမဟုတ် ခန္ဓာကိုယ်တွင်း အာဟာရဓာတ် လွန်ကဲခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ အာဟာရဓာတ် မူမမှန်ခြင်းကြောင့် ခန္ဓာကိုယ် ကြီးထွားမှုပိုင်း နှောင့်နှေးခြင်း၊ မျက်လုံးဝေဒနာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါစတဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

အာဟာရဓာတ် မူမမှန်ခြင်း ဆိုတာကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ မရရှိခြင်း ဒါမှမဟုတ် ခန္ဓာကိုယ်တွင်း အာဟာရဓာတ် လွန်ကဲခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ အာဟာရဓာတ် မူမမှန်ခြင်းကြောင့် ခန္ဓာကိုယ် ကြီးထွားမှုပိုင်း နှောင့်နှေးခြင်း၊ မျက်လုံးဝေဒနာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါစတဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

အာဟာရဓာတ် မူမမှန်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အစာစားနှုန်း နည်းပါးခြင်း
  • အစာစားချိန် မမှန်ခြင်း
  • စိတ်ဝေဒနာများ ခံစားနေရခြင်း
  • အစာချေစနစ်ဆိုင်ရာ ရောဂါများ ခံစားနေရခြင်း
  • အရက်သောက်ခြင်း
  • အသက်အရွယ်ကြီးမြင့်ခြင်း
  • နာတာရှည်ဝေဒနာများ ခံစားနေရခြင်း

အာဟာရဓာတ် မူမမှန်ခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • အာဟာရဓာတ် ချို့တဲ့ခြင်း (Undernutrition)

အာဟာရဓာတ် ချို့တဲ့ခြင်း ဆိုတာကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ပရိုတိန်းဓာတ်တွေ၊ ကယ်လိုရီတွေ လုံလောက်စွာ မရရှိခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့် ခန္ဓာကိုယ် အလေးချိန် မပြည့်ခြင်း၊ အရပ်ပုခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

အာဟာရဓာတ် ချို့တဲ့ခြင်းကို ခံစားရတဲ့ အခါမှာ -

  • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ကြွက်သားများ လျော့ရဲခြင်း
  • မျက်တွင်းချိုင့်ခြင်း
  • အစာအိမ် ရောင်ရမ်းခြင်း
  • အသားအရေ ခြောက်သွေ့ခြင်း
  • ဆံပင်ခြောက်သွေ့ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အာရုံစူးစိုက်နိုင်စွမ်း မရှိခြင်း
  • စိတ်ဓာတ်ကျခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဒါ့အပြင် အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေဖြစ်တဲ့ ဗီတာမင်အေ၊ ဇင့်ဓာတ်၊ သံဓာတ်၊ အိုင်အိုဒင်းဓာတ်တို့ကို လုံလောက်စွာ ရရှိနိုင်တော့မှာ မဟုတ်ပဲ ရောဂါပိုး ကူးစက်လွယ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အနာကျက်ဖို့ ခက်ခဲခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်း၊ သွိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ လိင်စိတ်ကျဆင်းခြင်း၊ ဖျားနာလွယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • အာဟာရဓာတ် လွန်ကဲခြင်း (Overnutrition)

အာဟာရဓာတ် လွန်ကဲခြင်း ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းမှာ ပရိုတိန်းတွေ၊ ကယ်လိုရီတွေ၊ အဆီတွေ ပိုလျှံနေခြင်းပဲ ဖြစ်ပါတယ်။ အာဟာရဓာတ် လွန်ကဲနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ အချက်ကတော့ အဝလွန်ခြင်းပဲ ဖြစ်ပါတယ်။ အဝလွန်ခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေ လျော့နည်းသွားမှာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးပေါင်းများစွာကို ခံစားရနိုင်ပါတယ်။

အာဟာရဓာတ် မူမမှန်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းများစွာ လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • အာဟာရ ဖြည့်စွက် အားဆေးများ သောက်သုံးခြင်း
  • ရေဓာတ်ဖြည့်တင်း‌ပေးခြင်း
  • အာဟာရဓာတ် အချိုးအစား မျှတစွာ ပါဝင်တဲ့ အစားအစာများကို စားသုံးခြင်း
  • ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်ဖြတ်ခြင်း
REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.