စအိုမှိုစွဲခြင်းအကြောင်း သိကောင်းစရာများ
- 07 Nov, 2019
- အဖြစ်များသောရောဂါများ
လူခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းမှာပဲဖြစ်ဖြစ် အပြင်ပိုင်းမှာပဲဖြစ်ဖြစ် မှိုပိုးကူးစက်ခြင်းကို ခံစားရနိုင်ပါတယ်။ မှိုပိုးကူးစက်ခြင်းကို လူ့ခန္ဓာကိုယ်ရဲ့ အသားအရေနဲ့ ချွဲမြှေးတွေမှာ များသောအားဖြင့် ခံစားရလေ့ ရှိကြပြီး မှိုပိုးကူးစက်ခြင်းကို ဖြစ်ပွားစေတဲ့ မှိုပိုးရဲ့ အမည်ကတော့ (Candida Fungi) ပဲဖြစ်ပါတယ်။ မှိုပိုးကူးစက်ခြင်းကို များသောအားဖြင့် ခံတွင်း၊ လည်ချောင်း၊ ဖိုအင်္ဂါ၊ မအင်္ဂါတို့မှာ ခံစားရလေ့ ရှိကြပြီး တစ်ခါတရံမှာ စအိုမှိုစွဲခြင်းကို ခံစားရနိုင်ပါတယ်။
လူခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းမှာပဲဖြစ်ဖြစ် အပြင်ပိုင်းမှာပဲဖြစ်ဖြစ်
မှိုပိုးကူးစက်ခြင်းကို ခံစားရနိုင်ပါတယ်။ မှိုပိုးကူးစက်ခြင်းကို လူ့ခန္ဓာကိုယ်ရဲ့
အသားအရေနဲ့ ချွဲမြှေးတွေမှာ များသောအားဖြင့် ခံစားရလေ့ ရှိကြပြီး မှိုပိုးကူးစက်ခြင်းကို
ဖြစ်ပွားစေတဲ့ မှိုပိုးရဲ့ အမည်ကတော့ (Candida Fungi) ပဲဖြစ်ပါတယ်။ မှိုပိုးကူးစက်ခြင်းကို
များသောအားဖြင့် ခံတွင်း၊ လည်ချောင်း၊ ဖိုအင်္ဂါ၊ မအင်္ဂါတို့မှာ ခံစားရလေ့ ရှိကြပြီး
တစ်ခါတရံမှာ စအိုမှိုစွဲခြင်းကို ခံစားရနိုင်ပါတယ်။
စအိုမှိုစွဲခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ စအိုမှာ
(Candida Fungi) မှိုပိုး ကူးစက်သွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ (Candia
Fungi) မှိုပိုးအနေနဲ့ ပူနွေးစိုစွတ်တဲ့ နေရာတွေမှာ တည်ရှိနေလေ့ ရှိတာကြောင့်
ဘောင်းဘီအကျပ်တွေ ဝတ်ဆင်ခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် စအိုမှိုစွဲခြင်းကို
ဖြစ်ပွားစေနိုင်ပါတယ်။
အူလမ်းကြောင်းမှာ (Candida Fungi) မှိုပိုးတွေ အများအပြား စွဲကပ်နေတဲ့
အခါမှာလည်း အူလမ်းကြောင်းကနေ တစ်ဆင့် စအိုကို မှိုပိုးတွေ ကူးစက်သွားပြီး စအိုမှိုစွဲခြင်းကို
ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် မှိုပိုးစွဲကပ်နေသူနဲ့ အကာအကွယ် မပါပဲ ဆက်ဆံတဲ့ အခါမှာလည်း
စအိုမှိုစွဲခြင်းကို ခံစားရနိုင်ပါတယ်။
စအိုမှိုစွဲခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ခုခံအားကျဆင်းခြင်း
- အဝလွန်ခြင်း
- ဆီးချိုရောဂါ ခံစားနေရခြင်း
- ပဋိဇီဝဆေးဝါးများကို မကြာခဏ သုံးစွဲခြင်း
စအိုမှိုစွဲခြင်းကို ခံစားရတဲ့ အခါမှာ -
- စအိုတစ်ဝိုက် ယားယံခြင်း
- စအိုနာခြင်း
- စအိုမှ အကျိအချွဲများထွက်ခြင်း
- စအိုဝ အသားအရေ နီရဲလာခြင်း
- စအိုမှ သွေးယိုခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ စအိုမှိုစွဲခြင်းကို ခံစားနေရတဲ့ အပြင် -
- အဖျားကြီးခြင်း
- ချမ်းတုန်ခြင်း
- သွေးပေါင်ကျခြင်း
- နှလုံးခုန်မြန်ခြင်း
- အသက်ရှူမြန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ
အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။
စအိုမှိုပိုးကူးစက်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို
လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ခြင်း
- အနံ့ပါတဲ့ ရေမွှေး၊ အလှကုန်ပစ္စည်းတွေ စအိုတစ်ဝိုက် အသုံးပြုမှုကို
ရှောင်ကြဉ်ခြင်း
- အကာအကွယ် အသုံးပြုပြီး စအိုဖြင့် လိင်ဆက်ဆံခြင်း
- ချည်သားအတွင်းခံကို ဝတ်ဆင်ခြင်း
- ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိခြင်း
- ပွယောင်းတဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်း
- သကြား၊ ကာဘိုဟိုက်ဒရိတ် (Carbohydrate) လွန်ကဲတဲ့
အစားအစာများ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
REF: HealthLine, MedicalNewsToday
