အရည်အိတ် ရောင်ရမ်းခြင်း (Bursitis) အကြောင်း သိထားသင့်တဲ့ အချက်များ

  • 06 Nov, 2019
  • အဖြစ်များသောရောဂါများ

လူ့ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေ အတွင်းမှာ အရည်အိတ်များ တည်ရှိလျက် ရှိပါတယ်။ အရည်အိတ် အနေနဲ့ ကြွက်သားတွေ၊ အရွတ်တွေ၊ အရေပြားတွေ တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မှု မရှိပဲ အဆင်ပြေစွာ လှုပ်ရှားနိုင်ဖို့ အတွက် အဓိကအားဖြင့် အထောက်အကူပေးလျက် ရှိပါတယ်။

လူ့ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေ အတွင်းမှာ အရည်အိတ်များ တည်ရှိလျက် ရှိပါတယ်။ အရည်အိတ် အနေနဲ့ ကြွက်သားတွေ၊ အရွတ်တွေ၊ အရေပြားတွေ တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မှု မရှိပဲ အဆင်ပြေစွာ လှုပ်ရှားနိုင်ဖို့ အတွက် အဓိကအားဖြင့် အထောက်အကူပေးလျက် ရှိပါတယ်။

အရည်အိတ်တွေကို များသောအားဖြင့် ပုခုံး၊ တံတောင်ဆစ်၊ ခြေချင်းဝတ်၊ ဒူးခေါင်း၊ တင်ပါးဆုံ၊ ပေါင်တံတို့မှာ မြင်တွေ့ရလေ့ ရှိပါတယ်။ ဒါကြောင့် အရည်အိမ် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ် လှုပ်ရှားမှုပိုင်း ဆိုင်ရာမှာ များစွာသော အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အရည်အိမ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ထိခိုက်ဒဏ်ရာရခြင်း

တကယ်လို့ အရည်အိတ် တည်ရှိနေတဲ့ အရိုးအဆစ်တွေမှာ ထိခိုက်ဒဏ်ရာ ရခဲ့မယ်ဆိုရင် အရည်အိတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ တစ်ခါတရံမှာ အရည်အိတ် တည်ရှိနေတဲ့ အရိုးအဆစ်တွေကို အလွန်အကျွံ လှုပ်ရှားမှုကြောင့်လည်း အရည်အိတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ရောဂါပိုး ကူးစက်ခြင်း

အရည်အိတ်ကို ရောဂါပိုး ကူးစက်တဲ့ အခါမှာလည်း အရည်အိတ် ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။ များသောအားဖြင့် အရည်အိတ်ကို ရောဂါပိုး ကူးစက်ခြင်း ခံစားရလေ့ မရှိပေမယ့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါသည်တွေ၊ ဆီးချိုဝေဒနာသည်တွေ၊ ကင်ဆာကုထုံးခံယူနေသူတွေ၊ အရက် အလွန်အကျွံ သောက်သုံးသူတွေ အနေနဲ့ သာမန်လူတွေလောက် ခုခံအား ကောင်းမွန်ခြင်း မရှိတာကြောင့် အရည်အိတ် ရောဂါပိုး ကူးစက်ခြင်းကို ခံစားရလေ့ရှိပြီး အရည်အိတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

ဒါ့အပြင် အားကစားသမားတွေ၊ နာတာရှည် ရောဂါသည်တွေ၊ သက်ကြီးရွယ်အိုတွေ၊ လေးဖက်နာ ဝေဒနာသည်တွေ အနေနဲ့လည်း အရည်အိတ် ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။

အရည်အိမ် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ -

  • ရောင်ရမ်းခြင်း
  • နာကျင်ခြင်း
  • နီရဲလာခြင်း
  • အရည်အိတ် တောင့်တင်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

တစ်ခါတရံမှာ အရည်အိတ် ရောင်ရမ်းခြင်းကြောင့် -

  • ခြေလက်များ ကွေးညွတ်လို့ မရခြင်း
  • ဖျားနာခြင်း
  • လမ်းလျှောက်ရ ခက်ခဲခြင်း
  • ထိုင်ရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါ ဝေဒနာတွေကို ရက်သတ္တပတ် အနည်းငယ်ခန့် ခံစားနေရပြီး သက်သာပျောက်ကင်းခြင်း မရှိခဲ့ဘူး ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။

အရည်အိတ် ရောင်ရမ်းခြင်းကို သက်သာ ပျောက်ကင်းချင်တယ် ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • ဆရာဝန် ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း
  • ခွဲစိတ်ကုသခြင်း
  • ရေခဲကပ်ခြင်း
  • အနားယူခြင်း
  • ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
  • လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ဆောင်မှုကို ရှောင်ကြဉ်ခြင်း
REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.