အစာမကြေခြင်းအကြောင်း သိကောင်းစရာများ

  • 06 Nov, 2019
  • အဖြစ်များသောရောဂါများ

အစာမကြေခြင်းကို လူတိုင်းနီးပါး ခံစားဖူးကြမယ် ထင်ပါတယ်။ တစ်နေ့တာ စားသုံးမှု ပုံစံမူမမှန်တဲ့ အခါမျိုးတွေမှာ၊ ခန္ဓာကိုယ်တွင်း အစာချေ အစိတ်အပိုင်းတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတဲ့ အခါမျိုးတွေမှာ အစာမကြေခြင်းကို ခံစားရနိုင်ပါတယ်။

အစာမကြေခြင်းကို လူတိုင်းနီးပါး ခံစားဖူးကြမယ် ထင်ပါတယ်။ တစ်နေ့တာ စားသုံးမှု ပုံစံမူမမှန်တဲ့ အခါမျိုးတွေမှာ၊ ခန္ဓာကိုယ်တွင်း အစာချေ အစိတ်အပိုင်းတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတဲ့ အခါမျိုးတွေမှာ အစာမကြေခြင်းကို ခံစားရနိုင်ပါတယ်။

အစာမကြေခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ အစားအစာတွေကို အလွန်အကျွံ စားသုံးခြင်း၊ အစာအမြန်စားခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ သန့်ရှင်းမှုမရှိတဲ့ အစားအစာတွေ၊ အစပ်တွေ စားသုံးခြင်းကြောင့်လည်း အစာမကြေခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် အစာစားပြီးပြီးခြင်း လှဲလျောင်းခြင်းကြောင့်လည်း အစာမကြေခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ အစာမကြေခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အရက်အလွန်အကျွံ သောက်သုံးခြင်း
  • ကဖိန်းဓာတ်ပါဝင်တဲ့ အစားအစာများ အလွန်အကျွံ စားသုံးခြင်း
  • ဆေးလိပ်သောက်ခြင်း
  • စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစားနေရခြင်း
  • သည်းခြေကျောက်တည်ခြင်း
  • အစာအိမ်ရောင်ခြင်း
  • ရင်ခေါင်းတွင်းသို့ အစာအိမ်ကျွံဝင်ခြင်း (Hiatus Hernia)
  • အဝလွန်ခြင်း
  • မုန့်ချိုအိတ်ရောင်ရမ်းခြင်း
  • အူသိမ်အနာဖြစ်ခြင်း
  • အစာအိမ်ကင်ဆာဖြစ်ခြင်း

အစာမကြေခြင်းကို ခံစားရတဲ့ အခါမှာ -

  • ဗိုက်အောင့်ခြင်း
  • မအီမလည်ဖြစ်ခြင်း
  • မူးဝေခြင်း
  • နှလုံးအောင့်ခြင်း
  • ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
  • လေချဉ်တက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေအပြင် -

  • အော့အန်ခြင်း
  • ဝမ်းပျက်ခြင်း
  • ချောင်းဆိုးခြင်း
  • ဝမ်းချုပ်ခြင်း
  • မိုက်ခနဲဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။

အစာမကြေဖြစ်ခြင်းကို အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အစာကို ကြေညက်အောင် ဝါးစားခြင်း
  • အစပ်၊ အဆီ ပါဝင်တဲ့ အစားအစာများ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
  • ကော်ဖီ၊ အရက်၊ အချိုရည်များ အလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဉ်ခြင်း
  • အနားယူခြင်း
  • အစာအိမ်ကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်မပါပဲ သောက်သုံးမှုကို ရှောင်ကြဉ်ခြင်း
REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.