ဆီးထဲသွေးပါခြင်း (Hematuria) ကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 06 Nov, 2019
  • အဖြစ်များသောရောဂါများ

ဆီးထဲသွေးပါခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းပေါင်းများစွာ တည်ရှိနေပါတယ်။ ရောဂါပိုးကူးစက်ခြင်း၊ ကျောက်ကပ်ဝေဒနာ ခံစားနေရခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားနေခြင်း၊ သွေးရောဂါများ ခံစားနေရခြင်းတို့ကြောင့် ဆီးထဲသွေးပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆီးထဲသွေးပါခြင်းကို ဂရုတစိုက် ကုသခဲ့ခြင်း မရှိဘူးဆိုရင် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်းများစွာကို ခံစားရမှာ ဖြစ်ပါတယ်။

ဆီးထဲသွေးပါခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းပေါင်းများစွာ တည်ရှိနေပါတယ်။ ရောဂါပိုးကူးစက်ခြင်း၊ ကျောက်ကပ်ဝေဒနာ ခံစားနေရခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားနေခြင်း၊ သွေးရောဂါများ ခံစားနေရခြင်းတို့ကြောင့် ဆီးထဲသွေးပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆီးထဲသွေးပါခြင်းကို ဂရုတစိုက် ကုသခဲ့ခြင်း မရှိဘူးဆိုရင် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်းများစွာကို ခံစားရမှာ ဖြစ်ပါတယ်။

ဆီးထဲသွေးပါခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • Gross Hematuria

ဆီးသွားလိုက်တဲ့အခါ ထွက်ရှိလာတဲ့ ဆီးအရည်တွေထဲမှာ သွေးစသွေးနတွေ ပါဝင်နေခြင်းကို လူမျက်စိနဲ့ မြင်တွေ့နိုင်ပါက Gross Hematuria ကိုခံစားနေရပြီဖြစ်ကြောင်း သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • Microscopic Hematuria

ဆီးအရည်ထဲမှာ တည်ရှိနေတဲ့ သွေးစသွေးနတွေကို မိုက်ခရိုစကုပ် (Microscope) ဖြင့်ကြည့်ရှုမှသာ မြင်တွေ့နိုင်ပါက Microscopic Hematuria ဝေဒနာကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဆီးထဲပိုးဝင်ခြင်းကို ခံစားရတဲ့ အခါမှာ -

  • အနီရောင်၊ ပန်းရောင် ဆီးအရည်များသွားခြင်း
  • မကြာခဏ ဆီးသွားခြင်း
  • ဆီးသွားဖို့ခက်ခဲခြင်း
  • အစာအိမ်အောင့်ခြင်း
  • ခြေလက်များ ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဆီးထဲသွေးပါခြင်း (Hematuria) ကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ရောဂါပိုးကူးစက်ခြင်း

ဆီးထဲသွေးပါခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ရောဂါပိုး ကူးစက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးအိမ်ပိုးဝင်ခြင်း၊ ကျောက်ကပ်မှာ ရောဂါပိုး ကူးစက်ခြင်းတို့ကို ခံစားရတဲ့အခါမှာ ဆီးထဲသွေးပါခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • ကျောက်တည်ခြင်း

ဆီးအိမ် ဒါမှမဟုတ် ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ခံစားရတဲ့ အခါမှာလည်း ဆီးထဲသွေးပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ သတ္တုဓာတ်တွေကို ဆီးသွားခြင်းအဖြစ် ခန္ဓာကိုယ်ကနေ စွန့်ထုတ်လိုက်ပေမယ့် ခန္ဓာကိုယ်အတွင်းမှာ အကြွင်းအကျန် အနည်းငယ် ကျန်ရှိနေပြီး သတ္တုအစိုင်အခဲတွေ ဖြစ်ပွားသွားတဲ့ အခါမှာ ကျောက်တည်ခြင်းကို ခံစားရနိုင်ပါတယ်။

  • ဆီးကျိတ် ကြီးထွားလာခြင်း (Enlarged Prostate)

လူလတ်ပိုင်းအရွယ် အမျိုးသားတွေနဲ့ သက်ကြီးရွယ်အိုတွေ အနေနဲ့ ဆီးကျိတ် ကြီးထွားခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဆီးကျိတ် ကြီးထွားလာတဲ့ အခါမှာ ဆီးအိမ်ကို ဖိထားသလို ဖြစ်သွားတာကြောင့် ဆီးသွားရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အပြင် ဆီးထဲသွေးပါခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

  • ကျောက်ကပ်ဝေဒနာ ခံစားနေရခြင်း

တစ်ခါတရံမှာ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်မှာ ရောဂါပိုးကူးစက်ခြင်းတို့ကြောင့်လည်း ဆီးထဲသွားပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ကင်ဆာရောဂါ ဖြစ်ပွားခြင်း

ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာစတဲ့ ရောဂါတွေကို ခံစားရတဲ့ အခါမှာလည်း ဆီးထဲသွေးပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

တစ်ခါတရံမှာ သွေးကျဲဆေးတွေ၊ ကင်ဆာဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးရခြင်းကြောင့်လည်း ဆီးထဲသွေးပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒ့ါအပြင် သွေးရောဂါများ ဖြစ်ပွားခြင်း၊ လေ့ကျင့်ခန်းအပြင်းအထန် လုပ်ဆောင်ခြင်းတို့ကြောင့်လည်း ဆီးထဲသွေးပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ ဆီးထဲသွေးပါခြင်းကို ခံစားနေရတဲ့အပြင် -

  • မူးဝေခြင်း
  • အော့အန်ခြင်း
  • ဖျားနာခြင်း
  • ချမ်းတုန်ခြင်း
  • ကျောနာခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.