နားထင်နာခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 04 Nov, 2019
- အဖြစ်များသောရောဂါများ
နားထင်နာခြင်းဆိုတာကတော့ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နားထင်နာခြင်းကို စိတ်ဖိစီးမှုတွေများတဲ့ အခါမျိုးတွေမှာ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေများတဲ့ အခါမျိုးတွေမှာ များသောအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် အချို့သော အခြေအနေတွေမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ခံစားရခြင်းကြောင့်လည်း နားထင်နာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် နားထင်နာခြင်းကို ဖြစ်ပွားတေစဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
နားထင်နာခြင်းဆိုတာကတော့ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
နားထင်နာခြင်းကို စိတ်ဖိစီးမှုတွေများတဲ့ အခါမျိုးတွေမှာ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေများတဲ့
အခါမျိုးတွေမှာ များသောအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် အချို့သော အခြေအနေတွေမှာ
ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ခံစားရခြင်းကြောင့်လည်း နားထင်နာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။
ဒါကြောင့် နားထင်နာခြင်းကို ဖြစ်ပွားတေစဲ့
အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- တင်းအားများ ခေါင်းကိုက်ခြင်း (Tension
Headaches)
တင်းအားများ ခေါင်းကိုက်ခြင်းကို ခံစားရတဲ့ အခါမှာ ဦးခေါင်းနဲ့
လည်ပင်းတစ်ဝိုက် ကြွက်သားများ တင်းမာခြင်း၊ နားထင်နာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အခြားသော ခေါင်းကိုက်ခြင်းတွေနဲ့ မတူတဲ့ အချက်ကတော့ တင်းအားများ ခေါင်းကိုက်ခြင်းကို
ခံစားရတဲ့ အခါမှာ မူးဝေခြင်း၊ အော့အန်ခြင်းတို့ကို ခံစားရမှာ မဟုတ်ပါဘူး။
- ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို စတင်ခံစားရခြင်းကြောင့်လည်း အချို့သော
လူပုဂ္ဂိုလ်တွေမှာ နားထင်တစ်ဝိုက် နာကျင်ခြင်း၊ ကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားနိုင်ပါတယ်။
- လည်ပင်းခေါင်းကိုက်ခြင်း (Cervicogenic Headache)
လည်ပင်းခေါင်းကိုက်ခြင်းဆိုတာကတော့ လည်ပင်းရိုး မူမမှန်ခြင်း၊
လည်ချောင်းမှာ ဒဏ်ရရခြင်း၊ လည်ပင်းရိုး ရောင်ရမ်းခြင်းတို့ကြောင့် ဖြစ်ပွားလေ့ရှိတဲ့
ခေါင်းကိုက်ဝေဒနာ တစ်မျိုးပဲ ဖြစ်ပါတယ်။ လည်ပင်းခေါင်းကိုက်ခြင်းကို ခံစားရတဲ့အခါမှာ
-
- ခေါင်းတစ်ခြမ်းကိုက်ခြင်း
- လည်ချောင်းနာခြင်း
- မူးဝေခြင်း
- မိုက်ခနဲဖြစ်ခြင်း
- လည်ပင်းလှုပ်ရှားရ ခက်ခဲခြင်း
- နားထင်နာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- သွေးကြောကြီးများ ရောင်ရမ်းခြင်း (Giant Cell
Arteritis)
သွေးကြောကြီးများ ရောင်ရမ်းခြင်း ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းမှ
သွေးလွှတ်ကြောများ ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ သွေးကြောကြီးများ ရောင်ရမ်းခြင်းကို
ခံစားရတဲ့ အခါမှာ -
- မောပန်းနွမ်းနယ်ခြင်း
- ခေါင်းကိုက်ခြင်း
- နားထင်နာကျင်ခြင်း
- မေးရိုးများ နာကျင်ခြင်း
- ဖျားနာခြင်း
- အစာစားချင်စိတ် မရှိခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- အမြင်အာရုံဝေဝါးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- အပျော့စား ဦးနှောက်ဒဏ်ရာရခြင်း (Mild Traumatic
Brain Injury)
အပျော့စား ဦးနှောက်မှာ ဒဏ်ရာရခြင်းကို ခံစားရတဲ့ အခါမှာ ဦးခေါင်းတစ်ဝိုက်
နာကျင်ကိုက်ခဲခြင်းကို ခံစားရမှာ ဖြစ်တာကြောင့် နားထင် နာကျင်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။
- ဦးနှောက်သွေးကြောဖောင်းခြင်း (Cerebral
Aneurysm)
ဦးနှောက်သွေးကြောဖောင်းခြင်း ဆိုတာကတော့ ဦးနှောက်အတွင်းမှာ တည်ရှိနေတဲ့
သွေးကြောနံရံတွေ ဖောင်းလာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဦးနှောက်သွေးကြောဖောင်းခြင်းကို
ခံစားရတဲ့အခါမှာ -
- မူးဝေခြင်း
- အလင်းဒဏ် မခံနိုင်ခြင်း
- မျက်လုံးအောင့်ခြင်း
- လည်ပင်းနာခြင်း
- အော့အန်ခြင်း
- ခေါင်းကိုက်ခြင်း
- နားထင်တစ်ဝိုက် နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
REF: MedicalNewsToday