ပန်းသီးရှာလကာရည်ကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 04 Nov, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

ပန်းသီးရှာလကာရည်ကို ဟင်းချက်ရာမှာ ဒါမှမဟုတ် အစားအစာတွေကို တာရှည်ခံစေဖို့အတွက် အသုံးပြုလေ့ ရှိကြပါတယ်။ ပန်းသီးရှာလကာရည် ဆိုတာကတော့ ပန်းသီးကို အချဥ်ဖောက်ထားတဲ့ အရည်တစ်မျိုးပဲ ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်ကို အသုံးပြုခြင်းကြောင့် ဟင်းပွဲတွေကို အနံ့အရသာနဲ့ ပြည့်စုံစေတဲ့အပြင် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်း များစွာကိုလည်း ခံစားရရှနိုင်ပါတယ်။ ဒါကြောင့် ပန်းသီးရှာလကာရည်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြ‌ပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

ပန်းသီးရှာလကာရည်ကို ဟင်းချက်ရာမှာ ဒါမှမဟုတ် အစားအစာတွေကို တာရှည်ခံစေဖို့အတွက် အသုံးပြုလေ့ ရှိကြပါတယ်။ ပန်းသီးရှာလကာရည် ဆိုတာကတော့ ပန်းသီးကို အချဥ်ဖောက်ထားတဲ့ အရည်တစ်မျိုးပဲ ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်ကို အသုံးပြုခြင်းကြောင့်  ဟင်းပွဲတွေကို အနံ့အရသာနဲ့ ပြည့်စုံစေတဲ့အပြင် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်း များစွာကိုလည်း ခံစားရရှနိုင်ပါတယ်။ ဒါကြောင့် ပန်းသီးရှာလကာရည်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြ‌ပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • သွေးတွင်း သကြားပမာဏကို လျော့ချပေးခြင်း

သွေးတွင်း သကြားဓာတ် မြင့်တက်မှုကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်း များစွာကို ခံစားရနိုင်ပါတယ်။ သွေးတွင်း သကြားဓာတ် မြင့်တက်မှုကြောင့် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ မျက်လုံးရောဂါ၊ နှလုံးရောဂါတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အစာမစားမီ ပန်းသီးရှာလကာရည် တစ်ဇွန်းခန့် စားသုံးပေးခြင်းဖြင့် သွေးတွင်း သကြားဓာတ် မြင့်တက်မှုကို လျော့ချပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

  • ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း

လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို ပန်းသီးရှာလကာရည် (၃၀) မီလီလီတာခန့် နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီပိုတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်တဲ့အပြင် အစာစားချင်စိတ်ကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပန်းသီးရှာလကာရည်ကို စားသုံးပေးခြင်းဖြင့် သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

  • ကိုလက်စထရော (Cholesterol) ပမာဏကို လျော့ချပေးခြင်း

သွေးတွင်း ကိုလက်စထရော ပမာဏ မြင့်တက်ခြင်းကြောင့် ရုတ်တရက် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို နေ့စဉ်ပုံမှန် စားသုံးခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမှ အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်တဲ့အပြင်သွေးတွင်း ကိုလက်စထရော ပမာဏ မြင့်တကမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • မှိုစွဲခြင်းကို ကာကွယ်ပေးခြင်း

မှိုပိုးကူးစက်ခြင်း ဆိုတာကတော့ တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်စေတဲ့ ကူးစက်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် မှိုပိုးကူးစက်ခြင်းကို ပါးစပ်၊ လည်ချောင်း၊ ဖိုအင်္ဂါနဲ့ မအင်္ဂါတို့မှာ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ဆီးချိုဝေဒနာသည်တွေ အနေနဲ့လည်း မှိုပိုးကူးစက်ခြင်းကို ခံစားရနိုင်ပါတယ်။ ပန်းသီးရှာလကာရှည်မှာ (Maleic) အက်စစ် လေးရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် မှိုပိုးကူးစက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • ဘက်တီးရီးယားပိုးမွှားများ ကူးစက်မှုကို ကာကွယ်ပေးခြင်း

လေ့လာတွေ့ရှိချက်တွေအရ ပန်းသီးရှာလကာရည်ကို စားသုံးပေးခြင်းကြောင့် (Staph) ရောဂါပိုး ကူးစက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပန်းသီးရှာလကာရည် အနေနဲ့ (Staph) ရောဂါပိုး ကူးစက်ခြင်းကို ဖြစ်ပွားစေတဲ့ (Escherichia Coli), (Staphylococcus Aureus) စတဲ့ဘက်တီးရီးယားပိုးတွေ ခန္ဓာကိုယ်တွင်း တွယ်ငြိနေခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေတဲ့ (Enterococcus Faecalis) ဘက်တီးရီးယားပိုး ခန္ဓာကိုယ်တွင်း ဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် ပန်းသီးရှာလကာရည်ကို ပုံမှန်စားသုံးပေးသင့်ပါတယ်။

  • အရေပြား ကျန်းမာရေးကို ကောင်းမွန်စေခြင်း

ပန်းသီးရှာလကာရည်ကို စားသုံးခြင်းကြောင့်အပြင် ပန်းသီးရှာလကာရည်ဖြင့် ရေချိုးခြင်းကြောင့် အသားအရေ ခြောက်သွေ့မှုကို ကာကွယ်ပေးခြင်း၊ အနာကျက်မြန်စေခြင်း၊ အရေပြားမှိုစွဲမှုကို ကာကွယ်ပေးခြင်း၊ ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီးရှာလကာရည်ဖြင့် ခေါင်းလျှော်ပေးခြင်းကြောင့် ဆံကေသာကို ‌ချော့မွေ့စေမှာဖြစ်တဲ့အပြင် ဆံကေသာကို နက်မှောင်သန်စွမ်းစေမှာ ဖြစ်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.