အစာအိမ်ကင်ဆာအကြောင်း သိထားသင့်တဲ့ အချက်များ

  • 01 Nov, 2019
  • ကင်ဆာရောဂါများ

အစာအိမ် ဆိုတာကတော့ အစာချေ အစိတ်အပိုင်းတွေထဲမှာ အရေးအကြီးဆုံးသော အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပြီး အစာပြွန်အောက်နားမှာ တည်ရှိနေတဲ့ ကြွက်သား အစုအဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ အစာအိမ်ရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ စားထားသမျှ အစားအစာများ အားလုံးကို သိုလှောင်ပေးထားခြင်းနဲ့ အစာချေဖို့အတွက် လိုအပ်တဲ့ Enzymes နဲ့ အက်စစ်တို့ကို ထုတ်လွှတ်ပေးခြင်းပဲ ဖြစ်ပါတယ်။

အစာအိမ် ဆိုတာကတော့ အစာချေ အစိတ်အပိုင်းတွေထဲမှာ အရေးအကြီးဆုံးသော အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပြီး အစာပြွန်အောက်နားမှာ တည်ရှိနေတဲ့ ကြွက်သား အစုအဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ အစာအိမ်ရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ စားထားသမျှ အစားအစာများ အားလုံးကို သိုလှောင်ပေးထားခြင်းနဲ့ အစာချေဖို့အတွက် လိုအပ်တဲ့ Enzymes နဲ့ အက်စစ်တို့ကို ထုတ်လွှတ်ပေးခြင်းပဲ ဖြစ်ပါတယ်။

တကယ်လို့ အစာအိမ် အတွင်းမှာ တည်ရှိနေတဲ့ ဆဲလ်တွေ ပျက်စီးသွားပြီး ကင်ဆာဆဲလ်တွေ အဖြစ် ပြောင်းလဲသွားတဲ့ အခါမှာ အစာအိမ်ကင်ဆာကို ခံစားရလေ့ ရှိကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့လေ့လာတွေ့ရှိချက်တွေအရ လက်ရှိအချိန်မှာ အစာအိမ်ကင်ဆာကြောင့် သေဆုံးသူ လူဦးရေ (၇၈၃၀၀၀) ခန့်ရှိနေခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အစာအိမ်ကင်ဆာဆိုတာ ကမ္ဘာ‌ပေါ်မှ အဖြစ်အများဆုံး ကင်ဆာရောဂါတွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

အစာအိမ်ကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ပြန်ရည်ကျိတ်ကင်ဆာ ဖြစ်ပွားခြင်း (Lymphoma)
  • H.Pylori ဘက်တီးရီးယားကြောင့်ဖြစ်သော ကူးစက်ရောဂါ ခံစားနေရခြင်း
  • အစာအိမ်နာ ဖြစ်ပွားခြင်း
  • အခြားသော အစာချေ အစိတ်အပိုင်းတွေမှာ အကျိတ်တည်ခြင်း
  • အစာအိမ်အတွင်း အဖုပေါက်ခြင်း
  • ခန္ဓာကိုယ်တွင်း ဗီတာမင် (B12) လုံလောက်မှု မရှိခြင်း
  • အစာအိမ်ရောင်ခြင်း
  • အသက်အရွယ် ကြီးမြင့်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အမျိုးသားဖြစ်ခြင်း
  • မျိုးရိုးလိုက်ခြင်း
  • အာရှသားဖြစ်ခြင်း
  • အသားအစားများခြင်း
  • အငံစားခြင်း
  • အရက်အလွန်အကျွံသောက်သုံးခြင်း
  • မကျက်တကျက် အသားငါးများ စားသုံးခြင်း

အစာအိမ် ကင်ဆာကို စတင်ခံစားရစဉ် အချိန်မှာ ရောဂါလက္ခဏာတွေကို ဖော်ပြလေ့ မရှိပေမယ့် အချိန် ကြာလာတာနဲ့အမျှ အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • မူးဝေခြင်း
  • အော့အန်ခြင်း
  • နှလုံးအောင့်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • လေပွခြင်း
  • သွေးဝမ်းသွားခြင်း
  • အစားနည်းခြင်း
  • အသားဝါခြင်း
  • အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း
  • အစာအိမ်နာခြင်း

သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါ ဝေဒနာတွေကို ခံစားရနေပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာ ပျောက်ကင်းခဲ့ခြင်း မရှိဘူး ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသပြီး အစာအိမ်ကင်ဆာ ခံစားနေရခြင်း ရှိမရှိကို အမြန်ဆုံး စမ်းသပ် စစ်ဆေးသင့်ပါတယ်။ တကယ်လို့ အစာအိမ် ကင်ဆာကို ခံစားနေခဲ့ရမယ် ဆိုရင်လည်း -

  • ကီမိုဆေးသွင်းကုသခြင်း (Chemotherapy)
  • ဓာတ်ကင်ကုသခြင်း (Radiation Therapy)
  • ခွဲစိတ်ကုသခြင်း (Surgery)
  • ကိုယ်ခံအားပြုပြင်နည်းဖြင့် ကုသခြင်း (Immunotherapy) စတဲ့နည်းလမ်းတွေကို အသုံးပြုပြီး အစာအိမ် ကင်ဆာကို သက်သာ ပျောက်ကင်းအောင် ကုသနိုင်မှာ ဖြစ်ပါတယ်။
REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.