အသည်းကင်ဆာ အကြောင်း သိကောင်းစရာများ
- 01 Nov, 2019
- ကင်ဆာရောဂါများ
အသည်းဆိုတာကတော့ ခန္ဓာကိုယ် အတွင်းမှာ တည်ရှိနေတဲ့ အရည်အိတ်ဂလင်းတွေထဲမှာ (Glandular Gland) အကြီးမားဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အစာချေစနစ်အတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။ ဒါ့အပြင် အသည်းအနေနဲ့ ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားခြင်း၊ ပရိုတိန်းဓာတ် ဖွဲ့စည်းခြင်း၊ အစာချေဖို့အတွက် လိုအပ်တဲ့ ဓာတ်ပစ္စည်းများ ထုတ်လုပ်ပေးခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။
အသည်းဆိုတာကတော့ ခန္ဓာကိုယ် အတွင်းမှာ တည်ရှိနေတဲ့ အရည်အိတ်ဂလင်းတွေထဲမှာ
(Glandular Gland) အကြီးမားဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အစာချေစနစ်အတွက်
အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။ ဒါ့အပြင် အသည်းအနေနဲ့
ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားခြင်း၊ ပရိုတိန်းဓာတ် ဖွဲ့စည်းခြင်း၊
အစာချေဖို့အတွက် လိုအပ်တဲ့ ဓာတ်ပစ္စည်းများ ထုတ်လုပ်ပေးခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို
လုပ်ဆောင်ပေးလျက် ရှိပါတယ်။
ဒါ့အပြင် အသည်းအတွင်းမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သကြားဓာတ်ကိုလည်း
ထိန်းသိမ်း ပေးထားတာကြောင့် အသည်းဆဲလ်တွေ ပျက်စီးပြီး အသည်းကင်ဆာ ရောဂါကို ခံစားရတဲ့
အခါမှာ ခန္ဓာကိုယ်အတွက် များစွာသော ဆိုးကျိုးတွေကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
အသည်းကင်ဆာ ရောဂါကို အမျိုးအစား အနေနဲ့ (၂) မျိုးခွဲခြားသတ်မှတ်နိုင်မှာ
ဖြစ်ပါတယ်။
- ကနဦး အသည်းကင်ဆာ (Primary Liver Cancer)
ကနဦး အသည်းကင်ဆာ ဆိုတာကတော့ ကင်ဆာဆဲလ်တွေ အသည်းအတွင်းမှာ စတင်ဖြစ်တည်ခြင်းကို
ဆိုလိုတာပဲ ဖြစ်ပါတယ်။
- နောက်ဆက်တွဲ အသည်းကင်ဆာ (Secondary Liver Cancer)
နောက်ဆက်တွဲ အသည်းကင်ဆာ ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းမှ အခြားသော
အစိတ်အပိုင်းတွေမှာ ကင်ဆာရောဂါ စတင် ခံစားနေရာကနေ တစ်ဆင့် ကင်ဆာဆဲလ်တွေ အသည်းအတွင်း
ပျံ့နှံ့သွားခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
အသည်းကင်ဆာ ဖြစ်ပွားမှုကို များသောအားဖြင့် အသက် (၅၀) နှင့်အထက် သက်ကြီးရွယ်အိုတွေမှာ မြင်တွေ့ရလေ့ ရှိပါတယ်။ ဒါ့အပြင် အသည်းရောင်အသားဝါ (B) ၊ အသည်းရောင်အသားဝါ (C) စတဲ့ဝေဒနာတွေကို အချိန်ကာလ ကြာမြင့်စွာ ခံစားခဲ့ရမယ်ဆိုရင် အသည်းကို ထိခိုက်ပျက်စီးစေမှာ ဖြစ်တာကြောင့် အသည်းကင်ဆာ ရောဂါကို ခံစားရနိုင်ပါတယ်။ အသည်းကင်ဆာ ရောဂါကို ဖြစ်ပွားစေတဲ့ နောက်ထပ်တစ်ချက်ကတော့ အရက်အလွန်အကျွံ သောက်သုံးခြင်းပဲ ဖြစ်ပါတယ်။ အသည်းကင်ဆာ ရောဂါကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အသည်းခြောက်ခြင်း
အသည်းခြောက်ခြင်းကို ခံစားရတဲ့ အခါမှာ အသည်းတွင်းမှာ တည်ရှိနေတဲ့
ကျန်းမာတဲ့ တစ်သျှူးတွေ ပျက်စီသွားမှာ ဖြစ်တာကြောင့် အသည်းအနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို
လုပ်ဆောင်နိုင်ခြင်း မရှိတော့ပဲ နောက်ဆုံးမှာ အသည်းဆဲလ်တွေ ပျက်စီးသွားပြီး အသည်းကင်ဆာ
ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
- မျိုးရိုးလိုက်ခြင်း
တကယ်လို့ မိသားစုဝင်တွေထဲမှာ အသည်းကင်ဆာ ဝေဒနာသည် ရှိနေခဲ့မယ်
ဆိုရင်လည်း အခြားသူတွေမှာ အသည်းကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေမှာ ဖြစ်ပါတယ်။
- Alfatoxin မှိုအဆိပ်သင့်ခြင်း
Alfatoxin မှိုအဆိပ် ဆိုတာကတော့ ပဲတွေ၊ ဂျုံတွေ၊ ပြောင်းဖူးတွေမှာ
တွယ်ကပ်နေလေ့ရှိတဲ့ အဆိပ်တစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ Alfatoxin မှိုအဆိပ် တွယ်ကပ်နေတဲ့ အစားအစာတွေကို မကြာခဏ စားသုံးမိတဲ့ အခါမှာ အသည်းကင်ဆာ
ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
အသည်းကင်ဆာ ရောဂါကို ခံစားရတဲ့ အခါမှာ -
- ဗိုက်အောင့်ခြင်း
- ဗိုက်နာခြင်း
- အသားဝါခြင်း
- ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း
- အသည်းကြီးခြင်း
- ယားယံခြင်း
- နောက်ကျော နာကျင်ခြင်း
- ဝမ်းအဖျော့များသွားခြင်း
- မူးဝေခြင်း
- အော့အန်ခြင်း
- သွေးထွက်လွယ်ခြင်း
- အားနည်းခြင်း
- မောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
အချိန်အတော်ကြာတဲ့အထိ ခံစားနေရခဲ့မယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသပြီး
လိုအပ်တဲ့ ကုသမှုတွေကို အမြန်ဆုံး ခံယူသင့်ပါတယ်။
အသည်းကင်ဆာရောဂါကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ကင်ဆာစွဲကပ်နေတဲ့ အသည်းအစိတ်အပိုင်းကို ခွဲထုတ်ပစ်ခြင်း (Partial Hepatectomy)
- အသည်းအစားထိုး ကုသခြင်း (Liver Transplant)
- ဓာတ်ကင်ကုသခြင်း (Radiation Therapy)
- ကီမိုဆေးသွင်းကုသခြင်း (Chemotherapy)
REF: MedicalNewsToday, HealthLine