ကလေးငယ် ကိုယ်အပူချိန် ကျဆင်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 31 Oct, 2019
  • ကလေးကျန်းမာရေး

မွေးကင်းစ ကလေးငယ်တွေ အနေနဲ့ ပျမ်းမျှ ကိုယ်အပူချိန် (၉၈.၆) ဒီဂရီ ဖာရင်ဟိုက်ခန့် ရှိနေဖို့ လိုအပ်ပါတယ်။ တကယ်လို့ မွေးကင်းစ ကလေးငယ် အနေနဲ့ ပျမ်းမျှ ကိုယ်အပူချိန်ထက် အလွန်အမင်း ကျဆင်းနေခဲ့မယ် ဆိုရင်တော့ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းခြင်း ဝေဒနာကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

မွေးကင်းစ ကလေးငယ်တွေ အနေနဲ့ ပျမ်းမျှ ကိုယ်အပူချိန် (၉၈.၆) ဒီဂရီ ဖာရင်ဟိုက်ခန့် ရှိနေဖို့ လိုအပ်ပါတယ်။ တကယ်လို့ မွေးကင်းစ ကလေးငယ် အနေနဲ့ ပျမ်းမျှ ကိုယ်အပူချိန်ထက် အလွန်အမင်း ကျဆင်းနေခဲ့မယ် ဆိုရင်တော့ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းခြင်း ဝေဒနာကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ကလေးငယ်တွေ အနေနဲ့ ကိုယ်အပူချိန် ကျဆင်းခြင်းကို ခံစားရခြင်းကြောင့် -

  • အစာစားချင်စိတ်မရှိခြင်း
  • နှုတ်ခမ်း၊ လက်ချောင်းများ ပြာနှမ်းလာခြင်း
  • အသားအရေ ဖျော့တော့ခြင်း
  • အားအင်ချိနဲ့ခြင်း
  • အသက်ရှူမဝခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေ အနေနဲ့ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းခြင်း ဝေဒနာကို ခံစားရတဲ့ အခါမှာ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်းများစွာကို ခံစားရမှာ ဖြစ်သလို တစ်ခါတရံမှာ အသက်အန္တရာယ်ကို သေဆုံးစေတဲ့အထိ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ် ကိုယ်အပူချိန် ကျဆင်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • သတ်မှတ်ချိန်မတိုင်ခင် မွေးဖွားခြင်း

ကိုယ်ဝန်ဆောင်ကာလ (၂၈) ပတ် မပြည့်ခင် မွေးဖွားခဲ့တဲ့ ကလေးငယ်တွေ အနေနဲ့ ကိုယ်အပူချိန် ကျဆင်းခြင်း ဝေဒနာကို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် မွေးဖွားလာတဲ့ ကလေးငယ်မှာ ကိုယ်အလေးချိန် ပြည့်မီခြင်း မရှိခဲ့ဘူးဆိုရင်လည်း ကိုယ်အပူချိန် ကျဆင်းခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။

  • ကလေးပတ်ဝန်းကျင် အအေးဓာတ် လွန်ကဲနေခြင်း

တကယ်လို့ ကလေးငယ်ကို ထားရှိရာ နေရာတွေမှာ အအေးဓာတ် လွန်ကဲနေခဲ့မယ် ဒါမှမဟုတ် ကလေးငယ်ရဲ့ အနှီးတွေကို ပုံမှန်လဲပေးခြင်း မရှိခဲ့ဘူးဆိုရင် အအေးပတ်ပြီး ကိုယ်အပူချိန် ကျဆင်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • သွေးတွင်းသကြားဓာတ် လျော့နည်းခြင်း

သွေးတွင်းသကြားဓာတ် လျော့နည်းတဲ့ အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏကို ထုတ်လွှတ်နိုင်ခြင်း မရှိတာကြောင့် ကလေးငယ်တွေမှာ ကိုယ်အပူချိန် ကျဆင်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် တစ်ခါတရံမှာ အာဟာရဓာတ် လုံလောက်မှု မရှိခြင်းကြောင့်လည်း ကလေးငယ်တွေမှာ ကိုယ်အပူချိန် ကျဆင်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ရောဂါပိုးကူးစက်ခြင်း

ကလေးငယ် ကိုယ်အပူချိန် ကျဆင်းခြင်းကို ဖြစ်ပွားစေတဲ့ နောက်ထပ်တစ်ချက်ကတော့ ရောဂါပိုး ကူးစက်ခံရခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ကိုယ်အပူချိန် ကျဆင်းတဲ့ အခါမှာ ကလေးငယ်ရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

တကယ်လို့ သင့်ကလေးငယ် အနေနဲ့ ကိုယ်အပူချိန် ကျဆင်းခြင်းကို ခံစားနေခဲ့ရမယ်ဆိုရင် -

  • နွေးထွေးစွာ ထားရှိခြင်း
  • ထူထပ်တဲ့ အဝတ်အစားများ ဝတ်ဆင်ပေးခြင်း
  • အာဟာရဓာတ် ပြည့်ဝတဲ့ အစားအစာများ ကျွေးမွေးခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ပေးသင့်ပါတယ်။

တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ပေမယ့် ကလေးငယ် အပူချိန် ကျဆင်းခြင်းကို ဆက်လက် ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။

REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.