ကိုမာ (Coma) အကြောင်း သိကောင်းစရာများ
- 31 Oct, 2019
- အဖြစ်များသောရောဂါများ
ကိုမာ (Coma) ဆိုတာကတော့ ကာလရှည်ကြာ မေ့မြောခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဦးနှောက်အစိတ်အပိုင်း တစ်ခုမှာ ဒဏ်ရာအကြီးအကျယ် ရရှိသွားတဲ့ အခါမှာ ကိုမာဝင်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ ကိုမာဝင်ခြင်းကို ခံစားရတဲ့ အခါမှာ နိုးထလာနိုင်မှာ မဟုတ်သလို နာကျင်ခြင်း၊ အလင်းရောင်၊ အသံစတဲ့ ခံစားမှုတွေကိုလည်း တုံ့ပြန်နိုင်စွမ်း ရှိတော့မှာ မဟုတ်ပါဘူး။
ကိုမာ (Coma) ဆိုတာကတော့ ကာလရှည်ကြာ မေ့မြောခြင်းကို
ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဦးနှောက်အစိတ်အပိုင်း တစ်ခုမှာ ဒဏ်ရာအကြီးအကျယ် ရရှိသွားတဲ့
အခါမှာ ကိုမာဝင်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ ကိုမာဝင်ခြင်းကို ခံစားရတဲ့ အခါမှာ နိုးထလာနိုင်မှာ
မဟုတ်သလို နာကျင်ခြင်း၊ အလင်းရောင်၊ အသံစတဲ့ ခံစားမှုတွေကိုလည်း တုံ့ပြန်နိုင်စွမ်း
ရှိတော့မှာ မဟုတ်ပါဘူး။
ကိုမာဝင်ခြင်းကို ခံစားရတဲ့ အခါမှာ ခံစားနိုင်စွမ်းတွေ၊ တုံ့ပြန်နိုင်စွမ်းတွေ
ရှိတော့မှာ မဟုတ်ပေမယ့် အသက် သေဆုံးသွားခြင်း မရှိစေဖို့အတွက် အသက်ရှူခြင်း၊ သွေးလည်ပတ်ခြင်းစတဲ့
လုပ်ငန်းစဉ်တွေကိုတော့ ခန္ဓာကိုယ်အနေနဲ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ကိုမာဝင်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- မျက်လုံးပိတ်သွားခြင်း
- မေ့မြောခြင်း
- တုံ့ပြန်နိုင်စွမ်းမရှိတော့ခြင်း
- အသက်ရှူနှုန်း မူမမှန်ခြင်း
- နာကျင်မှုကို တုံ့ပြန်နိုင်စွမ်း မရှိတော့ခြင်း
- အလင်းရောင်ကို တုံ့ပြန်နိုင်စွမ်း မရှိတော့ခြင်း
ကိုမာဝင်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဦးနှောက်အပြင်းအထန် ဒဏ်ရာရရှိခြင်း
- လေဖြတ်ခြင်း
- ဆီးချိုရောဂါဖြစ်ပွားခြင်း
- ဦးနှောက်အမြှေးရောင်ရောဂါ ခံစားရခြင်း
- ဦးနှောက်အကျိတ်တည်ခြင်း
- ဦးနှောက်တွင်း အောက်စီဂျင်ဓာတ် လုံလောက်မှု မရှိခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်း
- မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲခြင်း
- ကာဘိုမိုနောက်ဆိုက် (Carbon Monoxide) အဆိပ်သင့်ခြင်း
- ခဲသတ္တုအဆိပ်သင့်ခြင်း
ကိုမာဝင်ခြင်းကို စတင်ဖြစ်ပွားကာစ အချိန်မှာ သိရှိခဲ့မယ်ဆိုရင်
အလျင်အမြန် သက်သာပျောက်ကင်းအောင် ကုသနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုမာ ဖြစ်ပွားရခြင်းရဲ့
အကြောင်းအရင်းကို သိရှိထားဖို့လည်း လိုအပ်ပါတယ်။ များသောအားဖြင့် ကိုမာဝင်ခြင်းကို
ခံစားရပြီး (၁) လခန့် အကြာမှာ ကိုမာဝေဒနာသည် အနေနဲ့ ပြန်လည် သတိရလာလေ့ ရှိကြပါတယ်။
ဒါပေမယ့် ဦးနှောက်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိထားခဲ့မယ်ဆိုရင်
သတိပြန်လည်ရရှိဖို့အတွက် ပိုမိုကြာမြင့်မှာ ဖြစ်ပါတယ်။ တစ်ခါတရံမှာ ကိုမာဝင်ရာကနေ ပြန်လည်
နိုးထလာခဲ့ပေမယ့် ကိုယ်လက်လှုပ်ရှားမှုတွေ၊ စိတ်ခံစားမှုတွေ ပုံမှန်မဟုတ်တော့တာမျိုးကို
ခံစားရလေ့ ရှိကြပါတယ်။
REF: HealthLine