အရေပြား ယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 31 Oct, 2019
- အဖြစ်များသောရောဂါများ
အရေပြား ယားယံခြင်း ဆိုတာကတော့ တကယ်ကို စိတ်ပျက်ဖို့ကောင်းတဲ့ ဝေဒနာတစ်ခုပဲ ဖြစ်ပါတယ်။ အရေပြား ယားယံခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ ဘက်တီးရီးယားပိုး ကူးစက်ခြင်း၊ မှိုစွဲခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း အရေပြား ယားယံခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် အရေပြား ယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
အရေပြား ယားယံခြင်း ဆိုတာကတော့ တကယ်ကို စိတ်ပျက်ဖို့ကောင်းတဲ့
ဝေဒနာတစ်ခုပဲ ဖြစ်ပါတယ်။ အရေပြား ယားယံခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
ဘက်တီးရီးယားပိုး ကူးစက်ခြင်း၊ မှိုစွဲခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ အခြားသော
အကြောင်းအရင်းတွေကြောင့်လည်း အရေပြား ယားယံခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့်
အရေပြား ယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ
ဖြစ်ပါတယ်။
- အသားအရေခြောက်သွေ့ခြင်း
အသားအရေ ခြောက်သွေ့ခြင်း ဆိုတာကတော့ အရေပြား ယားယံခြင်းကို အဓိက
ဖြစ်ပွားစေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့ခြင်းကို
ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ခံစားရနိုင်ပါတယ်။ အသားအရေ ခြောက်သွေ့ခြင်းကို သက်ကြီးရွယ်အိုတွေ
အနေနဲ့ အများဆုံး ခံစားရလေ့ရှိပြီး အသားအရေ ခြောက်သွေ့ခြင်းကို ခံစားရတဲ့ အခါမှာ ယားယံခြင်း၊
အရေပြား ကွဲအက်ခြင်း၊ နှုတ်ခမ်းကွဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ဆေးဝါးများနဲ့ ဓာတ်မတည့်ခြင်း
အချို့သော ဆေးဝါးတွေနဲ့ ဓာတ်မတည့်တဲ့ အခါမှာလည်း အရေပြား ယားယံခြင်းကို
ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ပဋိဇီဝဆေးတွေ၊ ဆီးချိုဆေးတွေ၊ သွေးကျဲဆေး၊ အကိုက်အခဲပျောက်ဆေးတွေနဲ့
ဓာတ်မတည့်တဲ့အခါမှာ အရေပြား ယားယံခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- သွိုင်းရွိုက်မူမမှန်ခြင်း (Thyroid Disorders)
သွိုင်းရွိုက်ဂလင်း ဆိုတာကတော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဟော်မုန်းတွေကို
ထုတ်လွှတ်ပေးနေတဲ့ ဂလင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ သွိုင်းရွက် မူမမှန်ခြင်းကို ခံစားရတဲ့
အခါမှာ အရေပြားဆဲလ်တွေ အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ
လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်တာကြောင့် အရေပြား ယားယံခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- ကျောက်ကပ်ဝေဒနာ ခံစားနေရခြင်း
ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးတွေကို ခန္ဓာကိုယ် ပြင်ပသို့ ပို့ဆောင်ခြင်းကို
ကျောက်ကပ်အနေနဲ့ အဓိက တာဝန်ယူ လုပ်ဆောင်ပေးလျက် ရှိပါတယ်။ ဒါကြောင့် ကျောက်ကပ် ပျက်စီးသွားခဲ့မယ်ဆိုရင်
လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်တာကြောင့်
ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ကျောက်ကပ် ပျက်စီးခြင်းကြောင့်
အရေပြား ခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ သွေးဆိပ်တက်ခြင်း၊ ချွေးထွက်လွန်ကဲခြင်း၊ ခန္ဓာကိုယ်
အစိတ်အပိုင်းများ ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- မုန့်ချိုအိတ်ရောဂါ (Pancreatic Issues) ခံစားနေရခြင်း
မုန့်ချိုအိတ် ဆိုတာကတော့ ခန္ဓာကိုယ် အစာချေစနစ် အတွက် အရေးပါတဲ့
အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ချိုအိတ်မှာ ရောဂါတစ်ခုခု ခံစားနေခဲ့ရမယ်ဆိုရင်
အသားအရေ ယားယံခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- သံဓာတ် လုံလောက်မှုမရှိခြင်း
ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ
လုပ်ဆောင်နိုင်ခြင်း ရှိဖို့အတွက် ခန္ဓာကိုယ်အတွင်းမှာ သံဓာတ် လုံလောက်စွာ ရှိနေဖို့
လိုအပ်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်တွင်း သံဓာတ်လုံလောက်ခြင်း မရှိခဲ့ဘူးဆိုရင် အရေပြားယားယံခြင်း၊
မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါခံစားနေရခြင်း
ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ခံစားရခြင်းကြောင့် ခန္ဓာကိုယ်ရဲ့
ခုခံအားစနစ် ကျဆင်းသွားမှာဖြစ်ပြီး ရောဂါပိုးတွေ ဝင်ရောက်လာမှုကို ကာကွယ်ပေးနိုင်ခြင်း
မရှိတာကြောင့် အရေပြား ယားယံခြင်းကို ခံစားရတာပဲ ဖြစ်ပါတယ်။
REF: HealthLine