ကလေးလေနာခြင်းအကြောင်း သိကောင်းစရာများ

  • 30 Oct, 2019
  • ကလေးကျန်းမာရေး

မွေးကင်းစ ကလေးငယ်တွေ အနေနဲ့ ဆာလောင်တဲ့အခါမှာ၊ ချမ်းအေးတဲ့အခါမှာ၊ ပင်ပန်းတဲ့အခါမှာ၊ ပူတဲ့အခါမှာ အော်ဟစ်ငိုကြွေးလေ့ ရှိကြပါတယ်။ ဒါ့အပြင် သင့်ကလေးငယ် အနေနဲ့ လေနာရောဂါ ခံစားနေရတဲ့ အခါမှာလည်း တစ်နေ့ကို သုံးနာရီခန့် ရပ်နားခြင်း မရှိပဲ ငိုယိုနေ‌လေ့ ရှိကြပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ မွေးကင်းစ ကလေးငယ် ငါးပုံတစ်ပုံခန့် ကလေးလေနာခြင်းကို ခံစားနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် မွေးကင်းစ ကလေးငယ် လေနာခြင်းအကြောင်း သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

လေနာခြင်းကို မွေးကင်းစအရွယ်မှ စတင်ကာ သုံး၊ လေးလအရွယ်ထိ ခံစားရလေ့ ရှိကြပါတယ်။ လေနာရောဂါကို ခံစားရတဲ့ အခါမှာ ကလေးငယ်တွေ အနေနဲ့ အမြဲတမ်းနီးပါး ငိုယိုနေလေ့ ရှိကြပေမယ့် အခြားသော ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ခံစားရမှာ မဟုတ်ပါဘူး။ လေနာခြင်းကြောင့် မွေးကင်းစ ကလေးငယ် ဖွံ့ဖြိုးမှုကို ထိခိုက်စေမှာ မဟုတ်သလို အစားအစာ ကျွေးမွေးရာမှာလည်း ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကလေးငယ် အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ လေနာဝေဒနာ ခံစားနေရခြင်းလည်း သက်သာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ 

မွေးကင်းစ ကလေးငယ် လေနာခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆာလောင်ခြင်း
  • အစာအိမ် အချဉ်ပြန်တက်ခြင်း
  • အစာမကျေခြင်း
  • နွားနို့မှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်နဲ့ ဓာတ်မတည့်ခြင်း
  • အာဟာရမှုန့်များ ကျွေးမွေးခြင်း
  • အလွန်အကျွံ ကျွေးမွေးခြင်း
  • သတ်မှတ်ချိန် မတိုင်ခင် မွေးဖွားခြင်း
  • ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ဆေးလိပ်သောက်ခြင်း
  • အာရုံကြောများ လုံလောက်စွာ ဖွံ့ဖြိုးမှုမရှိခြင်း

မွေးကင်းစ ကလေးငယ်တွေ အနေနဲ့ လေနာခြင်းကို ခံစားရတဲ့ အခါမှာ အောက်ပါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • အလွန်အမင်း ငိုယိုခြင်း
  • အိပ်မပျော်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • ကလေးငယ်ရဲ့ အမူအယာများ ပြောင်းလဲသွားခြင်း

မွေးကင်းစ ကလေးငယ် လေနာခြင်းကို အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အစာကျွေးချိန်မှာ ကလေးကို တည့်တည့်ထားခြင်း
  • မကြာခဏ အစာနည်းနည်းစီ ကျွေးပေးခြင်း
  • နို့တိုက်မိခင်အနေနဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ အစပ် ပါဝင်တဲ့ အစားအစားများ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
  • ကလေးငယ်ကို ရေနွေးဖြင့်ရေချိုးပေးခြင်း
  • ကလေးငယ်ကို နှိပ်နယ်ပေးခြင်း

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့် မွေးကင်းစ ကလေးငယ်မှာ လေနာခြင်း ဝေဒနာ သက်သာပျောက်ကင်းခြင်း မရှိဘူး ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.