ကလမိုင်ဒီးယ (Chlamydia) ကူးစက်ရောဂါအကြောင်း သိထားသင့်တဲ့ အချက်များ
- 30 Oct, 2019
- အမျိုးသမီးကျန်းမာရေး
ကလမိုင်ဒီးယ (Chlamydia) ဆိုတာကတော့ လိင်ဆက်ဆံရာကနေ တစ်ဆင့် ဘက်တီးရီးယားပိုး ကူးစက်လေ့ရှိတဲ့ ကူးစက်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ကလမိုင်ဒီးယ ကူးစက်ရောဂါကို လိင်အင်္ဂါ၊ ပါးစပ်၊ စအိုတို့ကို လိင်ဆက်ဆံရာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကလမိုင်ဒီးယ ကူးစက်ရောဂါကို အမျိုးသားတွေထက် အမျိုးသမီးတွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် မိခင်မှာ ကလမိုင်ဒီးယ ကူးစက်ရောဂါ ရှိနေခဲ့မယ်ဆိုရင် မွေးဖွားလာတဲ့ ကလေးငယ် အနေနဲ့လည်း ကလမိုင်ဒီးယ ကူးစက်ရောဂါကို ခံစားရနိုင်ပါတယ်။
ကလမိုင်ဒီးယ (Chlamydia) ဆိုတာကတော့ လိင်ဆက်ဆံရာကနေ တစ်ဆင့်
ဘက်တီးရီးယားပိုး ကူးစက်လေ့ရှိတဲ့ ကူးစက်ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ကလမိုင်ဒီးယ ကူးစက်ရောဂါကို
လိင်အင်္ဂါ၊ ပါးစပ်၊ စအိုတို့ကို လိင်ဆက်ဆံရာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကလမိုင်ဒီးယ
ကူးစက်ရောဂါကို အမျိုးသားတွေထက် အမျိုးသမီးတွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။
ဒါ့အပြင် မိခင်မှာ ကလမိုင်ဒီးယ ကူးစက်ရောဂါ ရှိနေခဲ့မယ်ဆိုရင် မွေးဖွားလာတဲ့ ကလေးငယ်
အနေနဲ့လည်း ကလမိုင်ဒီးယ ကူးစက်ရောဂါကို ခံစားရနိုင်ပါတယ်။
ကလမိုင်ဒီးယ ကူးစက်ရောဂါ ဆိုတာကတော့ လိင်ဆက်ဆံရာကနေ တစ်ဆင့်
ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ကလမိုင်ဒီးယ
ကူးစက်ရောဂါကို ခံစားရတဲ့ အခါမှာ အမျိုးသမီးတွေ အနေနဲ့ -
- ဗိုက်အောင့်ခြင်း
- မိန်းမကိုယ်မှ အနံ့ဆိုးသော အရည်များထွက်ခြင်း
- ရာသီချိန်မဟုတ်ပဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း
- ဖျားနာခြင်း
- လိင်ဆက်ဆံပြီးတိုင်း နာကျင်ခြင်း
- ဆီးကျဉ်ခြင်း
- မိန်းမကိုယ် ရောင်ရမ်းခြင်း
- မကြာခဏ ဆီးသွားခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေ အနေနဲ့ ကလမိုင်ဒီးယ ကူးစက်ရောဂါကို ခံစားရချိန်
ကြာမြင့်လာပြီး ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် သားအိမ်ပြွန်အထိ ဘက်တီးရီးယားပိုး
ပျံ့နှံ့သွားမှာဖြစ်ပြီး အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများ ရောင်ရမ်းသောရောဂါကို
(Pelvic Inflammatory Disease) ခံစားရနိုင်ပါတယ်။
ကလမိုင်ဒီးယ ကူးစက်ရောဂါကို ခံစားရတဲ့ အခါမှာ အမျိုးသားတွေ အနေနဲ့
-
- ဆီးသွားရာမှာ နာကျဉ်ခြင်း
- ယောကျ်ားအင်္ဂါမှ အဝါရောင်၊ အစိမ်းရောင် အရည်များထွက်ခြင်း
- ဝှေးစေ့ ရောင်ရမ်းခြင်း
- ဝှေးစေ့ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်ပါ ဝေဒနာတွေ ခံစားနေရပြီး ရက်သတ္တပတ်
အနည်းငယ်အတွင်း ပျောက်ကင်းခြင်း မရှိဘူး ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး
သွားရောက်ပြသသင့်ပါတယ်။
ကလမိုင်ဒီးယ (Chlamydia) ကူးစက်ရောဂါကို -
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
- စအိုဖြင့်ဆက်ဆံခြင်း
- လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုခြင်း
- ပါးစပ်ဖြင့်ဆက်ဆံခြင်းတို့ကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။
ကလမိုင်ဒီးယ ကူးစက်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
- အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း
- လစဉ်ပုံမှန် ဆေးစစ်ခြင်း
- ပါးစပ်ဖြင့် ဆက်ဆံခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း
- အကာအကွယ်အသုံးပြုပြီး ပါးစပ်ဖြင့် ဆက်ဆံခြင်း
REF: HealthLine, MedicalNewsToday
