ပိန္နဲသီး (Jackfruit) ရဲ့ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
- 29 Oct, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
ပိန္နဲသီးမှာ Vitamin C ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အခြားသော အာဟာရဓာတ်ပေါင်းများစွာ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်း များစွာကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပိန္နဲသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ပိန္နဲသီးမှာ Vitamin C ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အခြားသော
အာဟာရဓာတ်ပေါင်းများစွာ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ
အကျိုးကျေးဇူးပေါင်း များစွာကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပိန္နဲသီးကို
စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို
ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ကိုလက်စထရော (Cholesterol) ပမာဏကို ထိန်းညှိပေးခြင်း
ပိန္နဲသီးကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်
ကောင်းကျိုးကို ဖြစ်ပွားစေတဲ့ ကိုလက်စထရော (Cholesterol) ပမာဏကို
မြှင့်တင်ပေးမှာဖြစ်ပြီး ဆိုးကျိုးကို ဖြစ်ပွားစေတဲ့ ကိုလက်စထရော (Cholesterol)
ပမာဏကို လျော့ချပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိန္နဲသီးကို
စားသုံးပေးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ဝေဒနာ ဖြစ်ပွားမှုတွေကို ကာကွယ်နိုင်မှာ
ဖြစ်ပါတယ်။
- သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
ပိန္နဲသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့်
သွေးပေါင်ချိန် မြင့်တက်မှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်
ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် လွန်ကဲခဲ့မယ် ဆိုရင်လည်း ကျောက်ကပ်နဲ့
သက်ဆိုင်တဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် အလွန်အကျွံ စားသုံးခြင်းကို
တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
- ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း
ပိန္နဲသီးမှာ Phytochemical ဒြပ်ပေါင်းတွေ ကြွယ်ဝစွာ
ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းဆဲလ်များ ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်မှာ
ဖြစ်တဲ့အပြင် ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
လေ့လာတွေ့ရှိချက်တွေအရ ပိန္နဲသီးကို နေ့စဉ်ပုံမှန်
စားသုံးခြင်းဖြင့် သွေးတွင်း သကြားဓာတ် မြင့်တက်မှုကို လျော့ချပေးမှာ ဖြစ်တယ်လို့
သိရပါတယ်။
- အနာအကျက်မြန်စေခြင်း
ပိန္နဲသီးမှာ Vitamin C ကြွယ်ဝစွာ ပါဝင်တာကြောင့်
ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ပိန္နဲသီးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် အသားအရေကို လှပစေခြင်း၊
အရိုးများကို ကြံ့ခိုင်သန်စွမ်းစေခြင်း၊ အနာအကျက်မြန်စေခြင်းစတဲ့
ကောင်းကျိုးတွေကို လက်ခံရရှိစေမှာ ဖြစ်ပါတယ်။
- အစာချေစနစ်ကို ကောင်းမွန်စေခြင်း
ပိန္နဲသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့်
ခန္ဓာကိုယ်အတွက် ဆိုးကျိုးကို ဖြစ်ပွားစေတဲ့ ကိုလက်စထရော (Cholesterol) ပမာဏကို လျော့ချပေးနိုင်မှာ ဖြစ်တဲ့အပြင် အစာချေစနစ်ကိုလည်း
ကောင်းမွန်စွာ လည်ပတ်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိန္နဲသီးကို နေ့စဉ်ပုံမှန်
စားသုံးပေးခြင်းဖြင့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အူမကြီးကင်ဆာစတဲ့ ဝေဒနာတွေ
ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday