မျက်လုံး ခြောက်သွေ့ခြင်းအကြောင်း သိထားသင့်တဲ့ အချက်များ

  • 29 Oct, 2019
  • အဖြစ်များသောရောဂါများ

မျက်ရည် လုံ‌လောက်စွာ ထွက်ရှိခြင်း မရှိတဲ့အခါမှာ မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ မျက်လုံး ခြောက်သွေ့ခြင်းကို လူသားတွေအပြင် တိရစ္ဆာန်တွေပါ ခံစားရလေ့ ရှိကြပါတယ်။ မျက်လုံး ခြောက်သွေ့ခြင်းကို အသက်အရွယ်မရွေး ခံစားရနိုင်ပေမယ့် များသောအားဖြင့် သက်ကြီးရွယ်အိုတွေမှာ မြင်တွေ့ရလေ့ ရှိကြပါတယ်။ ဒါ့အပြင် မျက်လုံးခြောက်သွေ့ခြင်းကို အမျိုးသမီးတွေမှာ ပိုမိုမြင်တွေ့ရလေ့ ရှိပါတယ်။

မျက်ရည် လုံ‌လောက်စွာ ထွက်ရှိခြင်း မရှိတဲ့အခါမှာ မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ မျက်လုံး ခြောက်သွေ့ခြင်းကို လူသားတွေအပြင် တိရစ္ဆာန်တွေပါ ခံစားရလေ့ ရှိကြပါတယ်။ မျက်လုံး ခြောက်သွေ့ခြင်းကို အသက်အရွယ်မရွေး ခံစားရနိုင်ပေမယ့် များသောအားဖြင့် သက်ကြီးရွယ်အိုတွေမှာ မြင်တွေ့ရလေ့ ရှိကြပါတယ်။ ဒါ့အပြင် မျက်လုံးခြောက်သွေ့ခြင်းကို အမျိုးသမီးတွေမှာ ပိုမိုမြင်တွေ့ရလေ့ ရှိပါတယ်။ မျက်လုံးခြောက်သွေ့ခြင်းကို ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • မျက်လုံးတစ်ဝိုက် ယားယံခြင်း
  • မျက်လုံးနာခြင်း
  • မျက်လုံးနီရဲခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • မျက်လုံးဖွင့်ဖို့ ခက်ခဲခြင်း
  • မျက်ရည်ကျခြင်း
  • အမြင်နှစ်ထပ်ဖြစ်ခြင်း
  • နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့နိုင်ခြင်း မရှိခြင်း

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာပျောက်ကင်းခဲ့ခြင်း မရှိဘူးဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

မျက်လုံးခြောက်သွေ့ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ဗီတာမင် (A) ဓာတ်လုံလောက်မှု မရှိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။  

  • အသက်အရွယ် ကြီးမြင့်လာခြင်း
  • အချို့သော ရောဂါဝေဒနာများ ခံစားနေရခြင်း
  • မျက်လုံးခွဲစိတ်မှု ပြုလုပ်ဖူးခြင်း
  • မျက်ခွံရောင်ရမ်းခြင်း
  • အမျိုးသမီးဖြစ်ခြင်း
  • မျက်ကပ်မှန်တပ်ခြင်း
  • ဓာတ်ကင်ကုသမှု ခံယူဖူးခြင်း

ဒါ့အပြင် သွေးပေါင်ကျဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ၊ သန္ဓေတားဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေ၊ ဝက်ခြံပျောက်ဆေးတွေ၊ အိပ်ဆေးတွေ သောက်သုံးမှုကြောင့်လည်း မျက်လုံး ခြောက်သွေ့ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

မျက်လုံး ခြောက်သွေ့ခြင်း ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

  • မျက်စဉ်းခတ်ပေးခြင်း
  • နေရောင်ခြည်အောက် သွားရောက်တဲ့ အခါတိုင်း နေကာမျက်မှန်တပ်ပေးခြင်း
  • မျက်ခွံသန့်ရှင်းရေးကို ပုံမှန်လုပ်ဆောင်ပေးခြင်း
  • အစေ့အဆံများ စားသုံးပေးခြင်း
  • အိုမီဂါ (၃) ဖက်တီးအက်စစ် ပါဝင်သော အစားအစာများ စားသုံးပေးခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • ကွန်ပြူတာ အချိန်ကြာမြင့်စွာ အသုံးပြုပြီးတိုင်း မျက်စိလေ့ကျင့်ခန်း လုပ်ဆောင်ပေးခြင်း
REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.