အစာပြွန်ကင်ဆာအကြောင်း သိကောင်းစရာများ
- 25 Oct, 2019
- ကင်ဆာရောဂါများ
အစာပြွန် ဆိုတာကတော့ လည်ချောင်းကနေ အစာအိမ်အတွင်းကို အစာနဲ့ရေတွေကို သယ်ဆောင်ပေးရတဲ့ ပြွန်ချောင်းပုံသဏ္ဍန်ရှိ ကြွက်သားပြွန် တစ်ခုပဲ ဖြစ်ပါတယ်။ အစာပြွန်အတွင်းမှာ ကင်ဆာဆဲလ်တွေ ပြန့်နှံ့သွားတဲ့ အခါမှာ အစာပြွန်ကင်ဆာကို ခံစားရလေ့ ရှိကြပါတယ်။ အစာပြွန်ကင်ဆာ အမျိုးအစားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
အစာပြွန် ဆိုတာကတော့ လည်ချောင်းကနေ အစာအိမ်အတွင်းကို အစာနဲ့ရေတွေကို
သယ်ဆောင်ပေးရတဲ့ ပြွန်ချောင်းပုံသဏ္ဍန်ရှိ ကြွက်သားပြွန် တစ်ခုပဲ ဖြစ်ပါတယ်။ အစာပြွန်အတွင်းမှာ
ကင်ဆာဆဲလ်တွေ ပြန့်နှံ့သွားတဲ့ အခါမှာ အစာပြွန်ကင်ဆာကို ခံစားရလေ့ ရှိကြပါတယ်။ အစာပြွန်ကင်ဆာ
အမျိုးအစားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Squamous Cell Carcinoma
- Adenocarcinoma
- Choriocarcinoma
- Lymphoma
- Melanoma
- Sarcoma
- Small Cell Cancer
အစာပြွန်ကင်ဆာကို ခံစားရတဲ့ အခါမှာ -
- ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း
- အစာမကျေခြင်း
- လည်ချောင်းနာခြင်း
- နှလုံးအောင့်ခြင်း
- အစာမြိုရခက်ခြင်း
- အစာနင်ခြင်း
- အော့အန်ခြင်း
- ပျို့တက်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- မောပန်းခြင်း
- ချောင်းဆိုးခြင်း
- ကြို့ထိုးခြင်း
- အသံပြောင်းလဲသွားခြင်း
- လေချဉ်တက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အစာပြွန်ကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- အရက်အလွန်အကျွံ သောက်သုံးခြင်း
- ဆေးလိပ်သောက်ခြင်း
- အစာချေရည်အထက်သို့ဆန်ခြင်းရောဂါ (Gastroesophageal
Reflux Disease) ဖြစ်ပွားဖူးခြင်း
- Barrett’s Esophagus ရောဂါ ဖြစ်ပွားဖူးခြင်း
- အဝလွန်ခြင်း
- အစာမျိုရခက်သောရောဂါ (Achalasia) ဖြစ်ပွားဖူးခြင်း
- အမျိုးသားဖြစ်ခြင်း
- အသက်အရွယ်ကြီးမြင့်ခြင်း
- မျိုးရိုးလိုက်ခြင်း
- HPV ကူးစက်ရောဂါ ဖြစ်ပွားဖူးခြင်း
- အခြားသော ကင်ဆာရောဂါများ ဖြစ်ပွားဖူးခြင်း
အစာပြွန်ကင်ဆာကို ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ခွဲစိတ်ကုသခြင်း (Surgery)
- ကီမိုဆေးသွင်းကုသခြင်း (Chemotherapy)
- ဓာတ်ကင်ကုသခြင်း (Radiation Therapy)
- Radiation Therapy
- Targeted Therapy
တကယ်လို့ အစာပြွန်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
- ဆေးလိပ်ဖြတ်ခြင်း
- ကွမ်းစားခြင်းကို ရှောင်ကြဉ်ခြင်း
- အရက်ဖြတ်ခြင်း
- ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
- အသီးအနှံများ စားသုံးပေးခြင်း
REF: MedicalNewsToday, HealthLine
