ဝှေးစေ့ကင်ဆာအကြောင်း သိ‌ကောင်းစရာများ

  • 25 Oct, 2019
  • ကင်ဆာရောဂါများ

ဝှေးစေ့ဆိုတာကတော့ အမျိုးသားတွေရဲ့ ကပ္ပယ်အိတ် အတွင်းမှာ တည်ရှိနေပြီး သုက်ရည်ထုတ်လွှတ်ခြင်း၊ ကျားဟော်မုန်းထုတ်လွှတ်ခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးလျက်ရှိတဲ့ မျိုးပွားဂလင်းတွေပဲ ဖြစ်ပါတယ်။ ဝှေးစေ့ အတွင်းမှာ တည်ရှိနေတဲ့ ဗီဇဆဲလ်တွေ (Germ Cells) မှာအကျိတ်တွေ ဖြစ်ပွားခြင်းကြောင့် ဝှေးစေ့ကင်ဆာ ရောဂါကို ခံစားရတာပဲ ဖြစ်ပါတယ်။ ဝှေးစေ့ကင်ဆာကို အမျိုးအစားအားဖြင့် (၂) မျိုး ခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဝှေးစေ့ဆိုတာကတော့ အမျိုးသားတွေရဲ့ ကပ္ပယ်အိတ် အတွင်းမှာ တည်ရှိနေပြီး သုက်ရည်ထုတ်လွှတ်ခြင်း၊ ကျားဟော်မုန်းထုတ်လွှတ်ခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးလျက်ရှိတဲ့ မျိုးပွားဂလင်းတွေပဲ ဖြစ်ပါတယ်။ ဝှေးစေ့ အတွင်းမှာ တည်ရှိနေတဲ့ ဗီဇဆဲလ်တွေ (Germ Cells) မှာအကျိတ်တွေ ဖြစ်ပွားခြင်းကြောင့် ဝှေးစေ့ကင်ဆာ ရောဂါကို ခံစားရတာပဲ ဖြစ်ပါတယ်။ ဝှေးစေ့ကင်ဆာကို အမျိုးအစားအားဖြင့် (၂) မျိုး ခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • Seminomas Testicular Cancer

Seminomas Testicular Cancer ဆိုတာကတော့ ကင်ဆာဆဲလ် ပြန့်ပွားမှု နှေးကွေးပြီး ဝှေးစေ့နဲ့ ပြန်ရည်ကျိတ်မှာသာ ဖြစ်ပွားလေ့ရှိတဲ့ ဝှေးစေ့ကင်ဆာပဲ ဖြစ်ပါတယ်။

  • Non-Seminomas Testicular Cancer

Non-Seminomas Testicular Cancer ဆိုတာကတော့ ဝှေးစေ့အတွင်းမှာ ကင်ဆာ စတင် ဖြစ်ပွားပြီး မကြာခင် အချိန်အတွင်းမှာ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာပါ ကင်ဆာဆဲလ်တွေ ပြန့်နှံ့စေတဲ့ ဝှေးစေ့ကင်ဆာပဲ ဖြစ်ပါတယ်။

ဝှေးစေ့ကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • မျိုးရိုးလိုက်ခြင်း
  • ဝှေးစေ့ဖွံ့ဖြိုးမှု မူမှန်ခြင်း
  • လူဖြူဖြစ်ခြင်း
  • ဝှေးစေ့တွေ ကပ္ပါယ်အိတ်ထဲ ရှိမနေပဲ ဝမ်းဗိုက်အတွင်း တည်ရှိနေခြင်း
  • ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရခြင်း

ဝှေးစေ့ကင်ဆာကို ခံစားရတဲ့ အခါမှာ -

  • ဝှေးစေ့အောင့်ခြင်း
  • ဝှေးစေ့နာကျင်ခြင်း
  • ဝှေးစေ့ရောင်ရမ်းခြင်း
  • နောက်ကျော နာကျဉ်ခြင်း
  • ကပ္ပယ်အိတ် လေးလံခြင်း
  • ဝှေးစေ့ တစ်လုံးနဲ့တစ်လုံး အရွယ်အစား မတူခြင်း
  • ရင်သားကြီးထွားလာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွား‌ရောက်ပြသပြီး ဝှေးစေ့ကင်ဆာ ခံစားနေရခြင်း ရှိမရှိ စမ်းသပ် စစ်ဆေးသင့်ပါတယ်။

ဝှေးစေ့ကင်ဆာကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဝှေးစေ့ ခွဲစိတ်ကုသခြင်း

ဝှေးစေ့အတွင်းမှာ တည်ရှိနေတဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားခြင်းကို ကာကွယ်နိုင်ဖို့အတွက် ဝှေးစေ့ တစ်လုံး ဒါမှမဟုတ် နှစ်လုံးစလုံးကို ခွဲစိတ် ဖယ်ရှားပစ်ခြင်းဖြင့် ဝှေးစေ့ကင်ဆာကို ကုသနိုင်မှာ ဖြစ်ပါတယ်။ ဝှေးစေ့ တစ်လုံးထဲကိုသာ ဖယ်ရှားခဲ့ရမယ်ဆိုရင် သုက်ထုတ်လွှတ်ခြင်း၊ ကျားဟော်မုန်းထုတ်လွှတ်ခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို ထိခိုက်စေမှာ မဟုတ်ပေမယ့် ဝှေးစေ့ နှစ်လုံးစလုံးကို ဖယ်ရှားခဲ့ရမယ် ဆိုရင်တော့ မျိုးပွားနိုင်စွမ်း ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဝှေးစေ့ ခွဲစိတ်ကုသမှု ခံယူပြီးနောက်ပိုင်းမှာ လိင်စိတ်ပြင်းပြမှုမရှိခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများလျော့ရဲခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ပြန်ရည်ကျိတ် ခွဲစိတ်ကုသခြင်း

တကယ်လို့ ကင်ဆာဆဲလတွေ ပြန်ရည်ကျိတ်အထိ ပျံ့နှံ့နေခဲ့မယ်ဆိုရင် ပြန်ရည်ကျိတ် ခွဲစိတ်ကုသမှုကို ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြန်ရည်ကျိတ် ခွဲစိတ်ကုသမှုကြောင့် သုက်ထုတ်လွှတ်မှု လုပ်ငန်းစဉ်ကို ထိခိုက်စေမှာ မဟုတ်ပေမယ့် သုက်ထုတ်လွှတ်မှု အရေအတွက် နည်းပါးသွားမှာ ဖြစ်ပါတယ်။

  • ဓာတ်ကင်ကုသခြင်း

ဓာတ်ကင်ကုသခြင်းဖြင့် ဝှေးစေ့အတွင်းမှာ တည်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှား ရှင်းလင်းပစ်နိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ကင်ကုသခြင်းကြောင့် မောပန်းနွမ်းနယ်ခြင်း၊ အနီစက်များထွက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ အစာစားချင်စိတ် မရှိခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ကီမိုဆေးသွင်းကုသခြင်း

ကီမိုဆေးသွင်းကုသခြင်းဖြင့်လည်း ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကီမိုဆေးသွင်းကုသခြင်းကြောင့် မူးဝေခြင်း၊ အော့အန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ပါးစပ်မှာ အနာများဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။

REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.