ဦးနှောက်ကင်ဆာဆိုတာဘာလဲ
- 25 Oct, 2019
- ကင်ဆာရောဂါများ
ဦးနှောက်အတွင်းမှာ တည်ရှိနေဆဲလ်တွေ မူမမှန် ကြီးထွားလာပြီး အကျိတ်တွေ၊ အစိုင်အခဲတွေ ဖြစ်ပွားလာတဲ့ အခါမှာ ဦးနှောက်ကင်ဆာကို ခံစားရလေ့ ရှိကြပါတယ်။ ဦးနှောက်ကင်ဆာ ရောဂါကို ခံစားရတဲ့ အခါမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် ဦးနှောက်ကင်ဆာနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ဦးနှောက်အတွင်းမှာ တည်ရှိနေဆဲလ်တွေ မူမမှန် ကြီးထွားလာပြီး အကျိတ်တွေ၊
အစိုင်အခဲတွေ ဖြစ်ပွားလာတဲ့ အခါမှာ ဦးနှောက်ကင်ဆာကို ခံစားရလေ့ ရှိကြပါတယ်။ ဦးနှောက်ကင်ဆာ
ရောဂါကို ခံစားရတဲ့ အခါမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် ဦးနှောက်ကင်ဆာနဲ့
ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ဦးနှောက်ကင်ဆာကို အမျိုးအစားအားဖြင့် (၂) မျိုးခွဲခြား သတ်မှတ်နိုင်မှာ
ဖြစ်ပါတယ်။
- ပင်မဦးနှောက်ကင်ဆာ (Primary Brain Cancer)
ပင်မဦးနှောက်ကင်ဆာ ဆိုတာကတော့ ဦးနှောက်အတွင်းမှာ အကျိတ် စတင်
ဖြစ်ပွားခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
- ပြောင်းရွေ့ဦးနှောက်ကင်ဆာ (Metastatic Brain Caner)
ပြောင်းရွေ့ဦးနှောက်ကင်ဆာ ဆိုတာကတော့ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းတွေ
ကင်ဆာရောဂါ ဖြစ်ပွားနေရာကနေ တစ်ဆင့် ကင်ဆာဆဲလ်တွေ ဦးနှောက်အတွင်း ပျံ့နှံ့လာခြင်းကို
ဆိုလိုတာပဲ ဖြစ်ပါတယ်။
ဦးနှောက်ကင်ဆာ ရောဂါကို ခံစားရတဲ့ အခါမှာ -
- ခေါင်းကိုက်ခြင်း
- မူးဝေခြင်း
- အော့အန်ခြင်း
- လမ်းလျှောက်ရန် ခက်ခဲခြင်း
- အာရုံစူးစိုက်နိုင်စွမ်း မရှိခြင်း
- မျက်လုံးလှုပ်ရှားမှု မူမမှန်ခြင်း
- အမြင်အာရုံဝေါးခြင်း
- စကားပြောရ ခက်ခဲခြင်း
- ရုတ်တရက် သတိလစ်ခြင်း
- ခြေလက်များ ထုံကျဉ်ခြင်း
- အိပ်ငိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသပြီး ဦးနှောက်ကင်ဆာ ခံစားနေရခြင်း
ရှိမရှိကို စမ်းသပ် စစ်ဆေးသင့်ပါတယ်။
ဦးနှောက်ကင်ဆာကို ဖြစ်ပွားစေတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- မျိုးရိုးလိုက်ခြင်း
- နေရောင်ခြည်နဲ့ အထိအတွေ့ လွန်ကဲခြင်း
- အဆုတ်ကင်ဆာ ဖြစ်ပွားဖူးခြင်း
- ရင်သားကင်ဆာ ဖြစ်ပွားဖူးခြင်း
- ကျောက်ကပ်ကင်ဆာ ဖြစ်ပွားဖူးခြင်း
- ဆီးအိမ်ကင်ဆာ ဖြစ်ပွားဖူးခြင်း
- အရေပြားကင်ဆာ ဖြစ်ပွားဖူးခြင်း
- အသက်အရွယ် ကြီးမြင့်ခြင်း
- ဆေးလိပ်သောက်ခြင်း
- ပိုးသတ်ဆေး၊ မြေသြဇာများနဲ့ အမြဲတမ်း ထိတွေ့နေရခြင်း
ဦးနှောက်ကင်ဆာကို ကုသနိုင်တဲ့ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။
ဒါပေမယ့် ပင်မဦးနှောက်ကင်ဆာကို ကုသနိုင်တဲ့ နည်းလမ်းနဲ့ ပြောင့်ရွေ့ဦးနှောက်ကင်ဆာကို
ကုသနိုင်တဲ့ နည်းလမ်းတို့ကတော့ တူညီမှာ မဟုတ်ပါဘူး။ ပြောင်းရွေ့ဦးနှောက်ကင်ဆာကို ကုသရာမှာ
ခန္ဓာကိုယ်ရဲ့ အခြားတစ်နေရာမှာ ဖြစ်ပွားနေတဲ့ ကင်ဆာဝေဒနာကို ဦးစွာ ပထမ အမြစ်ပြတ် ပျောက်ကင်းအောင်
ကုသပေးဖို့ လိုအပ်ပါတယ်။
ဦးနှောက်ကင်ဆာကို ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ခွဲစိတ်ကုသခြင်း
- ကီမိုဆေးသွင်းကုသခြင်း
- ဓာတ်ကင်ကုသခြင်း
- ဇီဝပိုးသတ်ဆေးများ သောက်သုံးခြင်း
REF: HealthLine