ကင်ဆာရောဂါ ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့အချက်များ

  • 25 Oct, 2019
  • ကင်ဆာရောဂါများ

ကင်ဆာရောဂါ ဆိုတာကတော့ လူ့အသက်အန္တရာယ်ကို ထိခိုက်မှု အများဆုံး ဖြစ်ပွားစေတဲ့ ရောဂါတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တဲ့အပြင် ဒုတိယ အဖြစ်အများဆုံး ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကင်ဆာရောဂါ ဖြစ်ပွားသူ လူဦး‌ရေ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါ ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

ကင်ဆာရောဂါ ဆိုတာကတော့ လူ့အသက်အန္တရာယ်ကို ထိခိုက်မှု အများဆုံး ဖြစ်ပွားစေတဲ့ ရောဂါတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တဲ့အပြင် ဒုတိယ အဖြစ်အများဆုံး ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကင်ဆာရောဂါ ဖြစ်ပွားသူ လူဦး‌ရေ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကင်ဆာရောဂါ ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • ကိုယ်အလေးချိန် ကျဆင်းခြင်း

ကင်ဆာဆဲလ်တွေ အနေနဲ့ ခန္ဓာကိုယ်အတွင်းမှာ တည်ရှိနေတဲ့ ကျန်းမာတဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်လိုက်တဲ့ အခါမှာ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်းကို ခံစားရနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကင်ဆာရောဂါကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ် အလေးချိန် (၁၀) ပေါင်ခန့် ရုတ်တရက် ကျဆင်းသွားလေ့ ရှိတယ်လို့ သိရပါတယ်။ အစာပြွန်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ မုန့်ချိုအိတ် (Pancreas) ကင်ဆာ၊ အစာအိမ်ကင်ဆာစတဲ့ ကင်ဆာရောဂါတွေကြောင့် ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်းကို ခံစားရနိုင်ပါတယ်။

  • သွေးထွက်လွန်ခြင်း

အချို့သော ကင်ဆာရောဂါတွေ ခံစားရတဲ့အခါမှာ သာမန်မဟုတ်တဲ့ သွေးထွက်လွန်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ စအိုကင်ဆာ၊ အူမကြီးကင်ဆာစတဲ့ ရောဂါတွေကို ခံစားရခြင်းကြောင့် သွေးဝမ်းသွားခြင်းကို ဖြစ်ပွားစေနိုင်သလို ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ကို ခံစားရတဲ့ အခါမှာလည်း ဆီးသွားရမှာ သွေးပါခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • နာကျင်ခြင်း/ မောပန်းနွမ်းနယ်ခြင်း

အကြောင်းပြချက် မရှိဘဲ ပမောပန်းနွမ်းနယ်မှုတွေကို ခံစားနေရခြင်းကလည်း ကင်ဆာရောဂါ ဖြစ်ပွားနေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ သွေးကင်ဆာကို ခံစားရတဲ့ အခါမှာ မောပန်းနွမ်းနယ်မှုတွေကို မကြာခဏ ဆိုသလို ခံစားရတယ်။ ခန္ဓာကိုယ်တွင်း ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားတဲ့အခါမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နာကျင်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားဦအိမ်ကင်ဆာ၊ စအိုကင်ဆာတို့ကို ခံစားရခြင်းကြောင့် နောက်ကျောရိုးမကြီး နာကျင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

  • နာတာရှည် ချောင်းဆိုးခြင်း

ဖျားနာခြင်း၊ အအေးမိခြင်း၊ တစ်ခုခုနဲ့ ဓာတ်မတည့်ခြင်းတို့ကြောင့် ချောင်းဆိုးခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါပေမယ့် အဆုတ်ကင်ဆာ ရောဂါကို ခံစားရတဲ့ အခါမှာလည်း‌ နာတာရှည် ချောင်းဆိုးခြင်း၊ ချောင်းဆိုးရာမှာ သွေးပါခြင်းစတဲ့ ဝေဒနာတွေကို ဖြစ်ပွားစေနိုင်တာကြောင့် ချောင်းဆိုးဝေဒနာကို ခံစားရတဲ့ အခါတွေမှာ ဂရုတစိုက် သတိထား စောင့်ကြည့်သင့်ပါတယ်။

  • အသားအရေ ပြောင်းလဲလာခြင်း

အသားအရေ ပြောင်းလဲလာခြင်းကို များသောအားဖြင့် အရေပြားကင်ဆာ ဖြစ်ပွားတဲ့အခါမှာ မြင်တွေ့ရလေ့ ရှိပါတယ်။ မှဲ့အရွယ်အစားကြီးလာခြင်း၊ ကြွက်နို့များ ထွက်လာခြင်းတို့ကို အရေပြားကင်ဆာခံစားရတဲ့ အခါမှာ မြင်တွေ့ရမှာဖြစ်ပြီး ပါးစပ်တွင်း အဖြူကွက်များ ထွက်ပေါ်လာခြင်းကို ခံတွင်းကင်ဆာ ခံစားရတဲ့ အခါမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရင်ဘတ် အနီးတဝိုက် အကျိတ်များထွက်ခြင်း၊ အဖုအပိမ့်များ ထွက်ပေါ်လာခြင်းကို ရင်သားကင်ဆာ ဖြစ်ပွားတဲ့အခါမှာ ခံစားရမှာ ဖြစ်ပါတယ်။

  • အစာချေစနစ် ပြောင်းလဲသွားခြင်း

အစာအိမ်ကင်ဆာကို ခံစားရခြင်းကြောင့် အစာမကျေခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ လည်ချောင်းကင်ဆာ၊ အစာပြွန်ကင်ဆာစတဲ့ ဝေဒနာတွေကို ခံစားရတဲ့ အခါမှာလည်း အစာမျိုရခက်ခဲခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ တစ်ခါတရံမှာ သားဥအိမ်ကင်ဆာကြောင့် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို ခံစားရနိုင်ပြီး ဦးနှောက်ကင်ဆာကြောင့် မူးဝေခြင်း၊ အော့အန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

  • ရင်သားပုံစံ ပြောင်းလဲသွားခြင်း

အမျိုးသမီးတွေ အနေနဲ့ ရင်သားကင်ဆာရောဂါကို ခံစားရတဲ့ အခါမှာ ရင်သားအကျိတ်ဖြစ်ခြင်း၊ ရင်သားအရွယ်အစား ပြောင်းလဲသွားခြင်း၊ ရင်သားနာကျင်ခြင်း၊ သားမြတ်ခေါင်းမှအရည်များကျခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • မိန်းမကိုယ် သွေးဆင်းခြင်း

သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာတို့ကို ခံစားရခြင်းကြောင့် ဓမ္မတာချိန် မဟုတ်ပဲ မိန်းမကိုယ်မှ သွေးဆင်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေခဲ့ရမယ်ဆိုရင် ကင်ဆာရောဂါ ခံစားနေရခြင်း ရှိမရှိကို သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသပြီး စမ်းသပ် စစ်ဆေးသင့်ပါတယ်။

REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.