လျှာဖြူခြင်း (White Tongue) ကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 24 Oct, 2019
  • သွားနှင့်ခံတွင်း

လျှာဖြူခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ခံတွင်းသန့်ရှင်းမှု မရှိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်းမှု မရှိခြင်းကြောင့် လျှာအဖုငယ်လေးတွေ (Papillae) ရောင်ရမ်းလာပြီး လျှာဖြူခြင်းကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။

လျှာဖြူခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ခံတွင်းသန့်ရှင်းမှု မရှိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်းမှု မရှိခြင်းကြောင့် လျှာအဖုငယ်လေးတွေ (Papillae) ရောင်ရမ်းလာပြီး လျှာဖြူခြင်းကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။

လျှာဖြူခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

  • သွားပုံမှန်မတိုက်ခြင်း
  • ပါးစပ်ခြောက်သွေ့ခြင်း
  • ပါးစပ်ဖြင့်အသက်ရှူခြင်း
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • အပျော့စား အစားအစာများ စားသုံးခြင်း
  • ဖျားနာခြင်း
  • ကွမ်းစားခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အရက်အလွန်အကျွံ သောက်သုံးခြင်း

ဒါ့အပြင် အောက်ပါရောဂါဝေဒနာများ ခံစားရတဲ့ အခါမှာလည်း လျှာဖြူခြင်းကို ခံစားရနိုင်ပါတယ်။

  • ခံတွင်းထဲတွင် အဖြူရောင် အဖတ်များဖြစ်သောရောဂါ (Leukoplakia)

ခံတွင်းထဲတွင် အဖြူရောင် အဖတ်များဖြစ်သောရောဂါကို ခံစားရတဲ့ အခါမှာ ပါးစောင်၊ သွားဖုံးနဲ့ လျှာတို့မှာ အဖြူဖတ်များ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ခံတွင်းထဲတွင် အဖြူရောင် အဖတ်များဖြစ်သော ရောဂါကို အဓိက အကြောင်းအရင်းတွေကတော့ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက်သောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

  • လိုင်ကန်ပလေးနက်စ်ရောဂါ (Lichen Planus)

လိုင်ကန်ပလေးနက်စ်ရောဂါကို ခံစားရတဲ့ အခါမှာ လျှာနဲ့ပါးစပ်အတွင်းမှာ အဖြူဖတ်များ နေရာအနှံ့ ထွက်ပေါ်လာမှာဖြစ်ပြီး သွားဖုံးနာခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းမှာ အနာများပေါက်ခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

  • ခံတွင်းမှက္ခရုရောဂါ (Oral Thrush)

ပါးစပ်အတွင်းမှာ Candida မှိုစွဲခြင်းကို ခံစားရတဲ့အခါမှာ ခံတွင်းမှက္ခရုရောဂါကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ ခံတွင်းမှက္ခရု ဖြစ်ပွားခြင်းကြောင့် လျှာဖြူခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဆီးချိုရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါတွေ ခံစားရတဲ့ အခါမှာ ဒါမှမဟုတ် ခန္ဓာကိုယ်တွင်း သံဓာတ်၊ ဗီတာမင် B ဓာတ်လုံလောက်မှု မရှိတဲ့ အခါမျိုးတွေမှာ ခံတွင်းမှက္ခရုရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။

  • ကာလသားရောဂါ (Syphilis)
  • ခံတွင်းမှိုစွဲခြင်း
  • ခံတွင်းကင်ဆာ
  • လျှာကင်ဆာ

လျှာဖြူခြင်းကို ခံစားရတဲ့ အခါမှာ များသောအားဖြင့်တော့ အခြားသော ရောဂါဝေဒနာတွေကို ခံစားရလေ့ မရှိပါဘူး။ ဒါပေမယ့် တစ်ခါတရံမှာ လျှာဖြူခြင်းကို ခံစားနေရပြီး လျှာနာခြင်း၊ လျှာမှာအနာများပေါက်ခြင်း၊ အစာစားရခက်ခဲခြင်း၊ စကားပြောရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရပြီ ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

လျှာဖြူခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

  • သွားတိုက်တံ အနုစား အသုံးပြုခြင်း
  • ဖလိုရိုက် ပါဝင်တဲ့ သွားတိုက်ဆေး အသုံးပြုခြင်း
  • တစ်နေ့ နှစ်ကြိမ် ပုံမှန်သွားတိုက်ပေးခြင်း
  • ဖလိုရိုက် ပါဝင်တဲ့ ပါးစပ်ဆေးရည်ကို အသုံးပြုခြင်း
  • (၆) လတစ်ကြိမ် သွားဆရာဝန်နဲ့ စမ်းသပ်ကုသမှု ခံယူခြင်း
  • ဆေးလိပ်၊ အရက်၊ ကွမ်းသုံးစွဲမှုကို ရှောင်ကြဉ်ခြင်း
  • အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအနှံများ စားသုံးပေးခြင်း

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.