လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ (STD) အကြောင်း သိကောင်းစရာများ (၂)

  • 23 Oct, 2019
  • မျိုးဆက်ပွားကျန်းမာ‌ရေး

လိင်မှတစ်ဆင့် ကူးစက်သောရောဂါတွေကို (Sexually Transmitted Diseases) များသောအားဖြင့် လိင်ဆက်ဆံခြင်းကြောင့်သာ ဖြစ်ပွားနိုင်ပေမယ့် တစ်ခါတရံမှာ တစ်ခါသုံးအပ်ကို မျှဝေသုံးစွဲခြင်း၊ သွေးသွင်းခြင်းတို့ကြောင့်လည်း လိင်မှတစ်ဆင့် ကူးစက်သောရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

လိင်မှတစ်ဆင့် ကူးစက်သောရောဂါတွေကို (Sexually Transmitted Diseases) များသောအားဖြင့် လိင်ဆက်ဆံခြင်းကြောင့်သာ ဖြစ်ပွားနိုင်ပေမယ့် တစ်ခါတရံမှာ တစ်ခါသုံးအပ်ကို မျှဝေသုံးစွဲခြင်း၊ သွေးသွင်းခြင်းတို့ကြောင့်လည်း လိင်မှတစ်ဆင့် ကူးစက်သောရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆီးပူညောင်းကျရောဂါ (Gonorrhea)

ဆီးပူညောင်းကျရောဂါ ဆိုတာကတော့ လိင်ဆက်ဆံရာကနေတစ်ဆင့် (Neisseria Gonorrhoeae) ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ခံစားရတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆီးပူညောင်းကျရောဂါကို ခံစားရတဲ့ အခါမှာ -

  • ဖိုအင်္ဂါ၊ မအင်္ဂါမှ အဝါရောင်၊ အဖြူရောင်၊ အစိမ်းရောင် အရည်များ ကျဆင်းခြင်း
  • ဆီးကျဉ်ခြင်း
  • လိင်ဆက်ဆံရာမှာ နာကျင်ခြင်း
  • လိင်အင်္ဂါတစ်ဝိုက် ယားယံခြင်း
  • မကြာခဏ ဆီးသွားခြင်း
  • လည်ချောင်းနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ ဆီးပူညောင်းကျရောဂါကို သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် မျိုးပွားနှုန်းကျဆင်းခြင်း၊ တင်ပါးဆုံရိုးကွင်းရောင်ရမ်းခြင်း (Pelvic Inflammatory Disease)၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ဆီးခုံသန်းတွယ်ခြင်း

ဆီးခုံသန်းတွယ်ခြင်း ဆိုတာကတော့ ကူးစက်ရောဂါတစ်မျိုး မဟုတ်ပေမယ့် တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိသူတွေနဲ့ လိင်ဆက်ဆံခြင်းကြောင့် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပဲ ဖြစ်ပါတယ်။ ဆီးခုံမှာ တွယ်ငြိနေတဲ့ သန်းကောင်တွေ အနေနဲ့ အခြားသော အမွေးအမျှင်တွေမှာ တွယ်ကပ်နေလေ့ရှိတဲ့ သန်းတွေလိုပဲ လူ့သွေးကို စုပ်ယူပြီး အသက်ဆက်နေမှာ ဖြစ်ပါတယ်။ ဆီးခုံသန်းတွယ်ခြင်းကို ခံစားရတဲ့အခါမှာ -

  • လိင်အင်္ဂါတစ်ဝိုက် ယားယံခြင်း
  • စအိုဝတစ်ဝိုက် ယားယံခြင်း
  • လိင်အင်္ဂါတစ်ဝိုက် အနီစက်များ ထွက်ပေါ်ခြင်း
  • အပျော့စား ဖျားနာခြင်း
  • စိတ်ကသိကအောက်ဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ထရိုင်ခိုမိုနီရေးစစ် (Trichomoniasis)

ထရိုင်ခိုမိုနီရေးစစ်ဆိုတာကတော့ လိင်ဆက်ဆံရာကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးသမီးအင်္ဂါမှာ တွယ်ကပ်နေလေ့ရှိတဲ့ (Trichomonas Vaginalis) ကပ်ပါးကောင်ကြောင့် ဖြစ်ပွားရခြင်းပဲ ဖြစ်ပါတယ်။ ထရိုင်ခိုမိုနီရေးစစ် ရောဂါကို များသောအားဖြင့် အမျိုးသမီးတွေသာ ခံစားရလေ့ ရှိပေမယ့် ရောဂါရှိသူ အမျိုးသမီးနဲ့ လိင်ဆက်ဆံခဲ့မယ်ဆိုရင် အမျိုးသားတွေ အနေနဲ့လည်း ထရိုင်ခိုမိုနီ‌ရေးစစ် ရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။

ထရိုင်ခိုမိုနီရေးစစ် ရောဂါကို ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • လိင်အင်္ဂါမှ အနံ့ဆိုးသော အရည်များထွက်ခြင်း
  • လိင်အင်္ဂါတစ်ဝိုက် ယားယံချင်း၊ နာကျင်ခြင်း
  • ဆီးကျဉ်ခြင်း
  • လိင်ဆက်ဆံရာမှာ နာကျင်ခြင်း
  • မကြာခဏဆီးသွားခြင်း

တကယ်လို့ ထရိုင်ခိုမိုနီရေးစစ်ရောဂါကို သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် မျိုးပွားနှုန်းကျဆင်းခြင်း၊ တင်ပါးဆုံးရိုးကွင်းရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

လိင်အင်္ဂါ ရေယုန်ပေါက်ခြင်း (Genital Herpes)

လိင်အင်္ဂါ ရေယုန်ပေါက်ခြင်း ဆိုတာကတော့ လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လိင်အင်္ဂါ ရေယုန်ပေါက်ခြင်းကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးတွေကတော့ (HSV 1, HSV 2) ဗိုင်းရပ်ပိုးတို့ကြောင့်ပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါ ရေယုန်ပေါက်ခြင်းကို ခံစားရတဲ့ အခါမှာ -

  • လိင်အင်္ဂါတစ်ဝိုက် အရည်ကြည်ဖုများပေါက်ခြင်း
  • စအိုဝမှာ အရည်ကြည်ဖုများပေါက်ခြင်း
  • ပါးစပ်နား အနီးတစ်ဝိုက်မှာ အရည်ကြည်ဖုများဖြစ်ခြင်း
  • အဖျားတက်ခြင်း
  • လိင်အင်္ဂါမှ အနံ့ဆိုးသော အရည်များထွက်ခြင်း
  • ဆီးသွားရာမှာ နာကျဉ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ အခြားသောရောဂါတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • လိင်အင်္ဂါတွေ အနာပေါက်ခြင်း (Chancroid)
  • လင်ဖိုဂရင်နူလိုမားရောဂါ (Lymphogranuloma Venereum)
  • ဂရင်နူလိုမား အင်ဂွိုင်နယ်လေရောဂါ (Granuloma Inguinale)
  • ငါးမျက်စိရောဂါ (Molluscum Contagiosum)
  • ဝဲရောဂါ (Scabies)

လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို များသောအားဖြင့် ကုသလို့ ရနိုင်ပေမယ့် အချို့သော ရောဂါတွေကိုတော့ ကုသနိုင်မှာ မဟုတ်ပါဘူး။ STD ရောဂါတွေထဲမှ ကုသနိုင်တဲ့ ရောဂါတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကလမိုင်ဒီးယ ကူးစက်ရောဂါ (Chlamydia)
  • ကာလသားရောဂါ (Syphilis)
  • ဆီးပူညောင်းကျရောဂါ (Gonorrhea)
  • ဆီးခုံမွေး သန်းတွယ်ခြင်း (Crabs)
  • ထရိုင်ခိုမိုနီရေးစစ် (Trichomoniasis)

STD ရောဂါတွေထဲမှ ကုသလို့ မရနိုင်တဲ့ ရောဂါတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV)
  • လိင်အင်္ဂါရေယုန်ပေါက်ခြင်း (Genital Herpes)
  • HPV ကူးစက်ရောဂါ

လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ခံစားရရှိမှုကို အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းကတော့ ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံပြီးတိုင်း ဆေးကြောသန့်စင်ခြင်း၊ တစ်ကိုယ်ရေသုံး ပစ္စည်းများကို ဝေမျှသုံးစွဲခြင်းအား ရှောင်ကြဉ်ခြင်း၊ တစ်လတစ်ကြိမ်ခန့် ဆေးစစ်ပေးခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာကျင့်သုံးပြီး လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.