လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ (STD) အကြောင်း သိကောင်းစရာများ (၁)
- 23 Oct, 2019
- မျိုးဆက်ပွားကျန်းမာရေး
လိင်မှတစ်ဆင့် ကူးစက်သောရောဂါတွေကို (Sexually Transmitted Diseases) များသောအားဖြင့် လိင်ဆက်ဆံခြင်းကြောင့်သာ ဖြစ်ပွားနိုင်ပေမယ့် တစ်ခါတရံမှာ တစ်ခါသုံးအပ်ကို မျှဝေသုံးစွဲခြင်း၊ သွေးသွင်းခြင်းတို့ကြောင့်လည်း လိင်မှတစ်ဆင့် ကူးစက်သောရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။
လိင်မှတစ်ဆင့် ကူးစက်သောရောဂါတွေကို (Sexually Transmitted
Diseases) များသောအားဖြင့် လိင်ဆက်ဆံခြင်းကြောင့်သာ ဖြစ်ပွားနိုင်ပေမယ့်
တစ်ခါတရံမှာ တစ်ခါသုံးအပ်ကို မျှဝေသုံးစွဲခြင်း၊ သွေးသွင်းခြင်းတို့ကြောင့်လည်း လိင်မှတစ်ဆင့်
ကူးစက်သောရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။
လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ကလမိုင်ဒီးယ ကူးစက်ရောဂါ (Chlamydia Infection)
ကလမိုင်ဒီးယ ကူးစက်ရောဂါ ဆိုတာကတော့ လိင်ဆက်ဆံရာကနေတစ်ဆင့် (Chlamydia Trachomatis)
ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ
ဖြစ်ပါတယ်။ ဒါ့အပြင် လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ ကလမိုင်းဒီယ ကူးစက်ရောဂါသည်
အဖြစ်အများဆုံး ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။
ကလမိုင်ဒီးယ ကူးစက်ရောဂါကို ခံစားရတဲ့အခါမှာ -
- လိင်ဆက်ဆံစဉ် နာကျဉ်ခြင်း
- ဆီးကျဉ်ခြင်း
- ဖိုအင်္ဂါ၊ မအင်္ဂါတို့မှ အဝါရောင်၊ အစိမ်းရောင် အရည်များ ကျဆင်းခြင်း
- ဗိုက်အောင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ကလမိုင်ဒီးယ ကူးစက်ရောဂါကို ကုသခဲ့ခြင်း မရှိဘူးဆိုရင် ဆီးကျိတ်ရောင်ရမ်းခြင်း၊
ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ သုက်ရည်ဂလင်းပိုးဝင်ခြင်း၊ မျိုးပွားနိုင်စွမ်းကျဆင်းခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်မှာ ကလမိုင်ဒီးယ ကူးစက်ရောဂါကို
ခံစားနေခဲ့ရတယ်ဆိုရင် မွေးဖွားလာမယ့် ကလေးမှာ အဆုတ်ရောင်ခြင်း၊ မျက်စိနာခြင်း၊ အမြင်အာရုံကွယ်ပျောက်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- HPV (Human Papillomavirus)
HPV ကူးစက်ရောဂါ ခံစားရတဲ့အခါမှာ အင်္ဂါဇာတ်၊ ပါးစပ်၊ စအိုဝ၊ သားအိမ်ခေါင်း၊
လည်ချောင်းစတဲ့ နေရာတွေမှာ အနာတွေ ထွက်ပေါ်လာလေ့ ရှိပါတယ်။ တစ်ခါတရံမှာ HPV
ကူးစက်ရောဂါကို ခံစားရခြင်းကြောင့် ခံတွင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊
မအင်္ဂါကင်ဆာ၊ ဖိုအင်္ဂါကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။
- ကာလသားရောဂါ (Syphilis)
ကာလသားရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ လိင်ဆက်ဆံရာကနေတစ်ဆင့်
(Treponema
Pallidum) ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ကာလသားရောဂါကို
အဓိက ဖြစ်ပွားစေတဲ့ အချက်ကတော့ လိင်တူဆက်ဆ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ကာလသားရောဂါကို
ခံစားရတဲ့ အခါမှာ -
- မောပန်းနွမ်းနယ်ခြင်း
- အနီစက်များထွက်ခြင်း
- ဖျားနာခြင်း
- ခေါင်းကိုက်ခြင်း
- အဆစ်နာခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်း
- ဆံပင်ကျွတ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ ကာလသားရောဂါကို သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင်
အမြင်အာရုံကွယ်ပျောက်ခြင်း၊ နားမကြားခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်ကျန်းမာရေးချို့ယွင်းခြင်း၊
ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါများ ခံစားရခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ အသက်သေဆုံးခြင်းစတဲ့
ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV)
ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ခံစားနေရပြီဆိုရင် ခန္ဓာကိုယ်ရဲ့
ခုခံအားစနစ် ကျဆင်းသွားမှာ ဖြစ်တာကြောင့် အခြားသော ကူးစက်ရောဂါတွေ၊ ကင်ဆာရောဂါတွေ ဖြစ်ပွားနှုန်းကိုလည်း
မြင့်တက်စေမှာ ဖြစ်ပါတယ်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို သက်သာပျောက်ကင်းအောင် ကုသနိုင်မယ့်
နည်းလမ်းကို လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေမယ့် သက်တမ်းစေ့နေနိုင်အောင်
လုပ်ဆောင်ပေးနိုင်တဲ့ ဆေးဝါးတွေ ယနေ့ခေတ်မှာ ပေါ်ထွက်နေခဲ့ပြီ ဖြစ်ပါတယ်။ ခုခံအားကျဆင်းမှု
ကူးစက်ရောဂါကို ခံစားနေရတဲ့ အခါမှာ -
- ဖျားနာခြင်း
- ချမ်းတုန်ခြင်း
- နာကျင်ကိုက်ခဲခြင်း
- လည်ချောင်းနာခြင်း
- ခေါင်းကိုက်ခြင်း
- မူးဝေခြင်း
- အနီစက်များထွက်ပေါ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
REF: MedicalNewsToday, HealthLine
