အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis) အကြောင်း သိကောင်းစရာများ
- 23 Oct, 2019
- အဖြစ်များသောရောဂါများ
အရိုးအဆစ်ရောင်ရောဂါ ဆိုတာကတော့ နာတာရှည် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အရိုးတွေကို တွယ်ဆက်ပေးထားတဲ့ ရိုးဆက်အရွတ်တွေ ပျက်စီးသွားတဲ့အခါမှာ အရိုးအဆစ်ရောင် ရောဂါကို ခံစားရလေ့ ရှိကြပါတယ်။ အရိုးအဆစ်ရောင် ရောဂါကို များသောအားဖြင့် သက်ကြီးရွယ်အိုတွေမှာ ခံစားရလေ့ ရှိကြပါတယ်။ အရိုးအဆစ်ရောင် ရောဂါကို ရိုးဆက်အရွတ်များ ပျက်စီးခြင်းကြောင့်အပြင် အဆစ်လွဲခြင်း၊ အရွတ်စုတ်ပြဲဒဏ်ရာရခြင်းတို့ကြောင့်လည်း ခံစားရနိုင်ပါတယ်။
အရိုးအဆစ်ရောင်ရောဂါ ဆိုတာကတော့ နာတာရှည် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ
ဖြစ်ပါတယ်။ အရိုးတွေကို တွယ်ဆက်ပေးထားတဲ့ ရိုးဆက်အရွတ်တွေ ပျက်စီးသွားတဲ့အခါမှာ အရိုးအဆစ်ရောင်
ရောဂါကို ခံစားရလေ့ ရှိကြပါတယ်။ အရိုးအဆစ်ရောင် ရောဂါကို များသောအားဖြင့် သက်ကြီးရွယ်အိုတွေမှာ
ခံစားရလေ့ ရှိကြပါတယ်။ အရိုးအဆစ်ရောင် ရောဂါကို ရိုးဆက်အရွတ်များ ပျက်စီးခြင်းကြောင့်အပြင်
အဆစ်လွဲခြင်း၊ အရွတ်စုတ်ပြဲဒဏ်ရာရခြင်းတို့ကြောင့်လည်း ခံစားရနိုင်ပါတယ်။
အရိုးအဆစ်ရောင်ရောဂါကို ခံစားရတဲ့အခါမှာ -
- အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း
- ခြေလက်များ ဖောရောင်ခြင်း
- လှုပ်ရှားရခက်ခဲခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- အဆစ်အမြစ်များ ရောင်ရမ်းခြင်း
- အရိုးအဆစ်တဝိုက် ကြွက်သားများ ရောင်ရမ်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။
အရိုးအဆစ်ရောင် ရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အသက်အရွယ် ကြီးမြင့်ခြင်း
- မျိုးရိုးလိုက်ခြင်း
- အမျိုးသမီးဖြစ်ခြင်း
- အဝလွန်ခြင်း
- အရိုးအဆစ်တွေမှာ ဒဏ်ရာရဖူးခြင်း
ဒါ့အပြင် ဂေါက်ရောဂါ ဖြစ်ပွားဖူးခြင်း၊ Paget အရိုးရောဂါ ဖြစ်ပွားဖူးခြင်း၊ အရိုးအဆစ်များ ပုံမှန်မဟုတ်ခြင်း၊ မွေးရာပါ အဆစ်လွဲခြင်းတို့ကြောင့်လည်း
နာတာရှည် အရိုးအဆစ်ရောင် ရောဂါကို ခံစားရလေ့ ရှိကြပါတယ်။
အရိုးအဆစ်ရောင် ရောဂါကို သက်သာပျောက်ကင်းချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
- လေ့ကျင့်ခန်း လုပ်ဆောင်ပေးခြင်း
တစ်နေ့ကို မိနစ် (၂၀)၊ (၃၀) ခန့်လေ့ကျင့်ခန်း လုပ်ဆောင်ပေးခြင်းဖြင့်
အရိုးအဆစ်တွေ ပတ်လည်မှာ တည်ရှိနေတဲ့ ကြွက်သားတွေ သန်မာလာမှာ ဖြစ်တဲ့အပြင် အရိုးအဆစ်တွေ
နာကျင်ကိုက်ခဲမှုကိုလည်း ပြေလျော့စေမှာ ဖြစ်ပါတယ်။
- ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း
အဝလွန်ခြင်းကြောင့် အရိုးအဆစ်တွေ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေကို
ဖြစ်ပွားစေနိုင်တာကြောင့် ကိုယ်အလေးချိန် ထိန်းညှိပေးခြင်းဖြင့် အရိုးအဆစ်ရောင် ရောဂါဖြစ်ပွားမှုကို
ကာကွယ်နိုင်မှာ ဖြစ်သလို ဆီးချိုရောဂါ၊ နှလုံးရောဂါ ဖြစ်ပွားမှုတွေကိုလည်း ကာကွယ်နိုင်မှာ
ဖြစ်ပါတယ်။
- နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်း
နှစ်ခြိုက်စွာ အိပ်စက်အနားယူပေးခြင်းဖြင့် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ
နာကျင်မှု၊ ရောင်ရမ်းမှုတွေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။
- ရေနွေးအိတ် ဒါမှမဟုတ် ရေခဲအိတ် ကပ်ပေးခြင်း
ရေနွေးအိတ် ဒါမှမဟုတ် ရေခဲအိတ်ဖြင့် ရောင်ရမ်းနေတဲ့ နေရာတွေကို
(၁၅) မိနစ်၊ မိနစ် (၂၀) ခန့်ကပ်ပေးခြင်းဖြင့် အရိုးအဆစ်များ နာကျင်ရောင်ရမ်းမှုကို
သက်သာစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ငါးကြီးဆီ၊ လက်ဖက်စိမ်း၊ ချင်း (ဂျင်း)၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ ကြက်သွန်ဖြူ၊ အစေ့အဆံတွေ စားသုံးပေးခြင်း၊ ကယ်ဆီယမ်၊ ဗီတာမင် D၊ ဗီတာမင် C ဖြည့်စွက်အားဆေးတွေ သောက်သုံးပေးခြင်းဖြင့်လည်း အရိုးအဆစ်များ နာကျင်ရောင်ရမ်းမှုကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့် အရိုးအဆစ်တွေမှာ နာကျင်ရောင်ရမ်းမှု သက်သာခြင်း မရှိခဲ့ဘူး ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
REF: MedicalNewsToday, HealthLine