သွေးဆုံးခြင်း (Menopause) အကြောင်း သိကောင်းစရာများ
- 23 Oct, 2019
- အမျိုးသမီးကျန်းမာရေး
သွေးဆုံးခြင်း ဆိုတာကတော့ နောက်ဆုံးတစ်ကြိမ် ရာသီဆင်းပြီးချိန်မှ စတင်ကာ (၁၂) လတိတိ ရာသီသွေးမဆင်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပြီး သွေးဆုံးပြီး နောက်ပိုင်းမှာ ကိုယ်ဝန်လည်း ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။ အမျိုးသမီးများ အနေနဲ့ သွေးဆုံးခြင်းကို အသက် (၄၅) နှစ်နောက်ပိုင်းမှာ ကြုံတွေ့ရလေ့ ရှိကြပါတယ်။ ဒါပေမယ့် အချို့ အမျိုးသမီးတွေ အနေနဲ့ သွေးဆုံးခြင်းကို စောစီးစွာ ရင်ဆိုင်ရလေ့ ရှိကြပါတယ်။
သွေးဆုံးခြင်း ဆိုတာကတော့ နောက်ဆုံးတစ်ကြိမ် ရာသီဆင်းပြီးချိန်မှ
စတင်ကာ (၁၂) လတိတိ ရာသီသွေးမဆင်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ သွေးဆုံးခြင်းဆိုတာ
အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပြီး သွေးဆုံးပြီး နောက်ပိုင်းမှာ
ကိုယ်ဝန်လည်း ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။ အမျိုးသမီးများ အနေနဲ့ သွေးဆုံးခြင်းကို
အသက် (၄၅) နှစ်နောက်ပိုင်းမှာ ကြုံတွေ့ရလေ့ ရှိကြပါတယ်။ ဒါပေမယ့် အချို့ အမျိုးသမီးတွေ
အနေနဲ့ သွေးဆုံးခြင်းကို စောစီးစွာ ရင်ဆိုင်ရလေ့ ရှိကြပါတယ်။
သွေးဆုံးခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ခန္ဓာကိုယ်တွင်း
အီစထရိုဂျင် (Estrogen) ဟော်မုန်း၊ Progesterone ဟော်မုန်း၊
Testosterone ဟော်မုန်း၊ Follicle-Stimulating ဟော်မုန်း၊ Luteinizing ဟော်မုန်းတွေ လျော့နည်းသွားခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အသက်အရွယ် ကြီးမြင့်လာတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း
ဟော်မုန်းထုတ်လွှတ်မှု လျော့ကျသွားတာကြောင့် သွေးဆုံးခြင်းကို ခံစားရတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် သားအိမ်ထုတ်ခြင်း၊ ဓာတ်ကင်ကုသမှု ခံယူဖူးခြင်း၊ သားအိမ်ခွဲစိတ်ကုသမှု ခံယူဖူးခြင်းတို့ကြောင့်လည်း
စောစီးစွာ သွေးဆုံးခြင်းကို ခံစားရစေနိုင်ပါတယ်။
အမျိုးသမီးများ အနေနဲ့ သွေးဆုံးခြင်းကို ခံစားရဖို့ နီးကပ်လာချိန်မှာ
အောက်ပါ ရောဂါလက္ခဏာတွေကို ခံစားရလေ့ ရှိကြပါတယ်။
- ဓမ္မတာလာချိန် ပုံမှန်မဟုတ်ခြင်း
ဓမ္မတာလာချိန် ပုံမှန်မဟုတ်ခြင်းကတော့ သွေးဆုံးခြင်းကို ခံစားရတော့မှာဖြစ်ကြောင်း
အလွယ်တကူ သိရှိနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ အချို့အမျိုးသမီးတွေ အနေနဲ့ တစ်လအတွင်းမှာ
နှစ်ကြိမ်ခန့် ဓမ္မတာဆင်းခြင်းကို ရင်ဆိုင်ရလေ့ရှိပြီး အချို့ကတော့ နှစ်လ တစ်ကြိမ်ခန့်သာ
ဓမ္မတာဆင်းခြင်းကို ခံစားရလေ့ ရှိကြပါတယ်။
- မျိုးပွားနှုန်းကျဆင်းခြင်း
သွေးဆုံးခါနီး အချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ
အီစထရိုဂျင် (Estrogen) ဟော်မုန်း ထုတ်လွှတ်မှု ကျဆင်းသွားတာကြောင့်
ကိုယ်ဝန်ရရှိနိုင်မယ့် အခွင့်အရေးလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။
- မိန်းမကိုယ် ခြောက်သွေ့ခြင်း
သွေးဆုံးခါနီး အချိန်မှာ ခန္ဓာကိုယ်အတွင်း အီစထရိုဂျင် (Estrogen) ဟော်မုန်း ထုတ်လွှတ်မှု ကျဆင်းသွားတာကြောင့် အမျိုးသမီးတွေ အနေနဲ့ မိန်းမကိုယ်
ယားယံခြင်း၊ ခြောက်သွေ့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် အီစထရိုဂျင်
(Estrogen) ဟော်မုန်း ကျဆင်းသွားခြင်းကြောင့် မိန်းမကိုယ် ရောင်ရမ်းခြင်းကိုလည်း
ဖြစ်ပွားစေနိုင်ပါတယ်။
- အနီစက်များ ထွက်ပေါ်ခြင်း
သွေးဆုံးခြင်းကို ခံစားရချိန် နီးကပ်လာခြင်းကြောင့် ခန္ဓာကိုယ်
အပူချိန် မြင့်တက်လာပြီး မျက်နှာ၊ လည်ပင်း၊ ရင်သားတွေမှာ အနီစက်များ ထွက်ပေါ်လာခြင်းကို
ခံစးာရလေ့ ရှိကြပါတယ်။ ဒါ့အပြင် နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်ခြင်းစတဲ့
ဝေဒနာတွေကို သွေးဆုံးခါနီး အချိန်မှာ ခံစားရလေ့ ရှိကြပါတယ်။
- ညအခါမှာ ချွေးထွက်လွန်ကဲခြင်း
အမျိုးသမီးတွေ အနေနဲ့ သွေးဆုံးခါနီး အချိန်မှာ ညဘက်တွေမှာ ချွေးထွက်လွန်ကဲခြင်း၊
ချွေးစီးများထွက်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
- အိပ်မပျော်ခြင်း
သွေးဆုံးခါနီအချိန်နဲ့ သွေးဆုံးခြင်း လုပ်ငန်းစဉ် စတင် ဖြစ်ပေါ်နေစဉ်
အချိန်မှာ အိပ်မပျော်ခြင်းကို ခံစားရနိုင်ပါတယ်။ ညအခါတွေမှာ အိပ်မပျော်ခြင်းကြောင့်
စိတ်ဖိစီးမှုလွန်ကဲခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
- အာရုံကြောဆိုင်ရာ ဝေဒနာများ ခံစားရခြင်း
သွေးဆုံးခြင်းကို ခံစားရတဲ့အခါမှာ အာရုံစူးစိုက်၍ မရခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းစတဲ့
အာရုံကြောဆိုင်ရာ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
သွေးဆုံးခြင်းကို ခံစားရတဲ့ အခါမှာ -
- ကိုယ်အလေးချိန်မြင့်တက်ခြင်း
- လိင်စိတ်ထကြွမှု မရှိခြင်း
- အသားအရေခြောက်သွေ့ခြင်း
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း
- ရင်သားတင်းမာခြင်း
- ခေါင်းကိုက်ခြင်း
- ဆံပင်ကျွတ်လွယ်ခြင်း
- ကြွက်သားများ လျော့ရဲခြင်း
- အဆစ်များ နာကျင်ကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် သွေးဆုံးခြင်းကြောင့် အရိုးပွခြင်း၊ ရင်သားကင်ဆာနဲ့
နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။
REF: MedicalNewsToday, HealthLine