ဆိတ်နို့ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

  • 21 Oct, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ဆိတ်နို့မှာ ပရိုတိန်း၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်စ် (Phosphorus) ၊ ပိုတက်ဆီယမ်၊ Vitamin A ၊ Vitamin B2 ၊ Vitamin C ၊ Vitamin D တို့ပါဝင်တဲ့အပြင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ ဓာတ်ပေါင်းများစွာ ဆိတ်နို့မှာ ပါဝင်ပါတယ်။ ဒါ့အပြင် အချို့သော လေ့လာတွေ့ရှိချက်တွေအရ ဆိတ်နို့က နွားနို့ထက်တောင် လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုး ပိုမိုဖြစ်ထွန်းစေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆိတ်နို့ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

ဆိတ်နို့မှာ ပရိုတိန်း၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်စ် (Phosphorus) ၊ ပိုတက်ဆီယမ်၊ Vitamin AVitamin B2 Vitamin C Vitamin D တို့ပါဝင်တဲ့အပြင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ ဓာတ်ပေါင်းများစွာ ဆိတ်နို့မှာ ပါဝင်ပါတယ်။ ဒါ့အပြင် အချို့သော လေ့လာတွေ့ရှိချက်တွေအရ ဆိတ်နို့က နွားနို့ထက်တောင် လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုး ပိုမိုဖြစ်ထွန်းစေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆိတ်နို့ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ဆိတ်နို့မှာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးခုန်နှုန်းကို ထိန်းညှိပေးမှာ ဖြစ်တဲ့အပြင် သွေးခဲမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိတ်နို့မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ် အနေနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကိုလက်စထရော (Cholesterol) ပမာဏကို မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။

  • အရိုးများကို ကြံ့ခိုင်သန်မာစေခြင်း

ဆိတ်နို့မှာ ကယ်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် Vitamin D လည်းကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးများကို ကြံ့ခိုင်သန်မာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိတ်နို့မှာ CSN1S2 ပရိုတိန်းဓာတ် ပါဝင်တာကြောင့် အရိုးပွရောဂါ (Osteoporosis) ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အစာကျေလွယ်ခြင်း

ဆိတ်နို့မှာ ပါဝင်တဲ့ အဆီမော်လီကျူးတွေက အခြားသော နို့အမျိုးအစားတွေမှာ ပါဝင်တဲ့ အဆီမော်လီကျူးတွေထက် အရွယ်အစား သေးငယ်တာကြောင့် အစာချေစနစ် အနေနဲ့ အလွယ်တကူ ချေဖျက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နွားနို့တွေ အလွန်အကျွံ သောက်သုံးတဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ ဗိုက်အောင့်ခြင်းကို ဆိတ်နို့သောက်သုံးခြင်းကြောင့် ခံစားရမှာ မဟုတ်ပါဘူး။

  • သွေးအားနည်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

ဆိတ်နို့မှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားနည်းရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း

ဆိတ်နို့မှာ ဖက်တီးအက်စစ်နဲ့ Triglycerides အဆီဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် Vitamin A လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြား ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိတ်နို့မှာ ပါဝင်တဲ့ လက်တစ်အက်စစ် (Lactic Acid) ကြောင့်အသားအရေကို ဝင်းလက်တောက်ပနေစေမှာ ဖြစ်ပါတယ်။

  • ဆံပင်တွေကို နက်မှောင်သန်စွမ်းစေခြင်း

ဆိတ်နို့ကို သောက်သုံးပေးခြင်းအပြင် ဆိတ်နို့ဖြင့် ခေါင်းလျှော်ပေးခြင်းကြောင့် ဆံပင်တွေကို နက်မှောင် သန်စွမ်းစေမှာ ဖြစ်ပါတယ်။

  • ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

ဆိတ်နို့မှာ ပါဝင်တဲ့ Linoleic Acid အနေနဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို စိတ်ကျဝေဒနာ ခံစားရမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

REF: StyleCraze

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.