ခရုသင်းရောဂါအကြောင်း သိကောင်းစရာများ

  • 21 Oct, 2019
  • အဖြစ်များသောရောဂါများ

ခရုသင်းရောဂါ ဆိုတာကတော့ အရေအပြားတွေ အရောင်အဆင်းမဲ့ခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပေါ်ရှိ နေရာအနှံ့အပြားမှာ ခရုသင်းရောဂါ ဖြစ်ပွားနိုင်သလို မျက်လုံးတွေ၊ ပါးစပ်အတွင်းပိုင်းတွေ၊ ဆံပင်တွေမှာလည်း ခရုသင်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဆံပင်မှာ ခရုသင်းဝေဒနာ စွဲကပ်တဲ့ အခါမှာ ဆံပင်အရောင် မီးခိုးရောင် ဒါမှမဟုတ် အဖြူရောင် အဖြစ် ပြောင်းလဲသွားလေ့ ရှိပါတယ်။ ခရုသင်းရောဂါကို လူမျိုးမရွေး၊ သက်ကြီးရွယ်အိုမရွေး ခံစားရနိုင်တဲ့အပြင် ခရုသင်းရောဂါကို အရှင်း ပျောက်ကင်းအောင် ကုသနိုင်တဲ့ ကုသနည်းလည်း လက်ရှိအချိန်ထိ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။

ခန္ဓာကိုယ် အရေပြားပေါ်မှာ တည်ရှိနေတဲ့ Melanocytes ဆဲလ်တွေ သေဆုံးသွားတဲ့ အခါမှာ ခရုသင်းဝေဒနာကို ခံစားရလေ့ ရှိကြပါတယ်။ Melanocytes ဆဲလ်ဆိုတာကတော့ အသားအရောင်ကို ဖြစ်ပေါ်စေပြီး အသားအရေ အပေါ် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုကို ကာကွယ်ပေးနေတဲ့ ဆဲလ်တစ်မျိုးပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ခရုသင်းဝေဒနာကို ခံစားနေရသူ ကမ္ဘာ့လူဦးရေ (၂) ရာခိုင်နှုန်းခန့် ရှိနေခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ခရုသင်းဝေဒနာကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်ပေါ်မှ အချို့သော နေရာတွေမှာ ယားယံ၊ နာကျင်ခြင်းမရှိတဲ့ အဖြူရောင် အကွက်ငယ်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဖြူရောင် အကွက်ငယ်တွေကနေ အကွက်ကြီးတွေအဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး ခန္ဓာကိုယ်နေရာ အနှံ့အပြားမှာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

ခရုသင်းဝေဒနာကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ခုခံအား ကစဥ့်ကလျားဖြစ်ခြင်းကြောင့် ‌Melanocytes ဆဲလ်များ ပျက်ဆီးခြင်း
  • စိတ်ဖိစီးမှုများပြားခြင်း
  • နေလောင်ဒဏ်ကြောင့် အရေပြားအနာဖြစ်ခြင်း
  • ဓာတုဗေဒပစ္စည်းများနဲ့ ထိတွေ့မိခြင်း
  • အာရုံကြောဆိုင်ရာ ဝေဒနာများ ခံစားနေရခြင်း
  • မျိုးရိုးလိုက်ခြင်း

ဒါပေမယ့် ခရုသင်းဝေဒနာဆိုတာ ကူးစက်ရောဂါ တစ်မျိုးမဟုတ်တာကြောင့် ခရုသင်းဝေဒနာသည်နဲ့ အတူနေထိုင်ခြင်း၊ လိင်ဆက်ဆံခြင်း၊ အတူတကွ စားသောက်ခြင်းစတဲ့ အချက်တွေကနေတစ်ဆင့် ကူးစက်ခံရနိုင်မှာ မဟုတ်ပါဘူး။

ခရုသင်းဝေဒနာ အနေနဲ့ များသောအားဖြင့် လက်ဖမိုး၊ လက်မောင်း၊ မျက်လုံး၊ ဒူးခေါင်း၊ တံတောင်ဆစ်၊ ခြေဖဝါး၊ ချိုင်းကြား၊ နှာခေါင်း၊ လိင်အင်္ဂါစတဲ့ နေရာတွေမှာ ဖြစ်ပွားလေ့ ရှိပါတယ်။ တစ်ခါတရံမှာတော့ လက်ချောင်း၊ ခြေချောင်း၊ ပါးစပ် အတွင်းပိုင်း၊ နှုတ်ခမ်းနဲ့ ကျောရိုးတစ်ဝိုက်မှာ ခရုသင်းဝေဒနာ ဖြစ်ပွားမှုကို မြင်တွေ့ရလေ့ ရှိပါတယ်။

ခရုသင်းဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ်ဆိုရင် ငှက်ပျောသီး၊ ပန်းသီး၊ ကိုက်လန်၊ ဆလပ်ရွက်၊ မုန်လာဥနီ၊ သကြားမုံလား၊ မုန်လာဥဖြူ၊ သဖန်းသီးစတဲ့ အသီးအနှံများ စားသုံးပေးခြင်း၊ အရက်၊ ကော်ဖီ၊ အနီရောင်အသားများ၊ ဘယ်ရီသီးများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း၊ Vitamin B-12Vitamin C Vitamin DBeta CaroteneAmino Acid စတဲ့ ဖြည့်စွက်အားဆေးများ စားသုံးပေးခြင်း၊ ကြေးနီဓာတ်၊ သံဓာတ်၊ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအသောက်များကို စားသုံးပေးခြင်းဖြင့် ခရုသင်းဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.