ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိနေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့အချက်များ

  • 21 Oct, 2019
  • သွားနှင့်ခံတွင်း

လူသားအများစု အနေနဲ့ အခြားသော ကျန်းမာရေး ချို့ယွင်းချက်တွေ ရှိလာခဲ့ရင်သာ ဆေးရုံဆေးခန်းကို သွားလေ့ရှိကြပေမယ့် သွားနဲ့ခံတွင်းမှာ ပြဿနာ တစ်ခုခု ရင်ဆိုင်ရတဲ့အခါမှာ ဆေးရုံဆေးခန်းကို သွားရောက်ပြသဖို့အတွက် တုံ့ဆိုင်းနေလေ့ ရှိကြပါတယ်။ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကျန်းမာသန်စွမ်းနေဖို့ လိုအပ်သလို သွားနဲ့ခံတွင်း ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ တကယ်ကို လိုအပ်ပါတယ်။

လူသားအများစု အနေနဲ့ အခြားသော ကျန်းမာရေး ချို့ယွင်းချက်တွေ ရှိလာခဲ့ရင်သာ ဆေးရုံဆေးခန်းကို သွားလေ့ရှိကြပေမယ့် သွားနဲ့ခံတွင်းမှာ ပြဿနာ တစ်ခုခု ရင်ဆိုင်ရတဲ့အခါမှာ ဆေးရုံဆေးခန်းကို သွားရောက်ပြသဖို့အတွက် တုံ့ဆိုင်းနေလေ့ ရှိကြပါတယ်။ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကျန်းမာသန်စွမ်းနေဖို့ လိုအပ်သလို သွားနဲ့ခံတွင်း ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ တကယ်ကို လိုအပ်ပါတယ်။

ခံတွင်းကျန်းမာရေးမှာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာကြောင့် ခံတွင်းကျန်းမာရေးမှာ ပြဿနာတွေရှိနေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • သွားဖုံးရောင်ရမ်းခြင်း၊ သွားဖုံးသွေးယိုခြင်း

သွားတိုက်လိုက်ချိန်မှာ သွားဖုံးကနေ သွေးတွေယိုစီးလာခဲ့မယ် ဒါမှမဟုတ် သွားဖုံးရောင်ရမ်းလာမယ် ဆိုရင်တော့ သင့်အနေနဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးကို ဂရုတစိုက် စောင့်ကြည့်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ သွားဖုံးသွေးယိုခြင်း၊ သွားဖုံးရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အချက်ကတော့ ပါးစပ်ထဲမှာ ဘက်တီးရီးယား ပိုးမွှားတွေ အများအပြား တည်ရှိနေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားတွေကြောင့် သွားဖုံးနှင့် သွားတစ်ဝိုက်မှာ ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတွေကို ခံစားရနိုင်ပါတယ်။

  • သွားကျိုးခြင်း

ရုတ်တရက် သွားကျိုးခြင်း၊ သွားကျွတ်လွယ်ခြင်းကို ဖြစ်ပွားစေတဲ့ အချက်ကတော့ အရိုးပွ (Osteoporosis) ရောဂါ ခံစားနေရခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အရိုးပွဝေဒနာကို ခံစားရတဲ့ အခါမှာ အရိုးထုထည်တွေ သေးငယ်သွားပြီး အရိုးအားနည်းခြင်းကို ဖြစ်ပွားစေတာကြောင့် သွားဖုံးရိုးတွေ သန်မာခြင်း မရှိတော့ပဲ သွားများကို ထိန်းထားနိုင်ခြင်း မရှိတာကြောင့် သွားကျိုးခြင်း၊ သွားကျွတ်ခြင်းတို့ကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။

  • ခံတွင်းအနံ့ဆိုးထွက်ခြင်း

သွားဖုံးရောဂါ၊ အဆုတ်ရောင်ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ ဆီးချိုဝေဒနာတွေ ခံစားနေရတဲ့ အခါမှာ ခံတွင်းအနံ့ဆိုးတွေကို ထွက်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုးတွေ အမြဲလိုလို ထွက်ပေါ်နေတဲ့ အခါမှာ ပေါ့ဆမနေသင့်ပဲ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

  • ပါးစောင်နဲ့ မေးရိုးများ နာကျင်ခြင်း

စိတ်ဖိစီးမှုတွေ များပြားနေတဲ့ အခါမျိုးတွေမှာ ပါးစောင်နဲ့ မေးရိုးတွေ နာကျင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ တစ်ခါတရံမှာ နှလုံးရောဂါ ခံစားနေရတဲ့ အခါမှာလည်း မေးရိုးတွေ နာကျင်ခြင်းကို ဖြစ်ပွားစေနိုင်တာကြောင့် ပေါ့ဆမနေသင့်ပဲ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပေးသင့်ပါတယ်။

REF: HealthLineWebMD

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.