ဆီးကျိတ်ကင်ဆာအကြောင်း သိထားသင့်တဲ့ အချက်များ
- 18 Oct, 2019
- ကင်ဆာရောဂါများ
ဆီးကျိတ်ဆိုတာကတော့ အမျိုးသားတွေမှာသာ မြင်တွေ့ရနိုင်တဲ့ အကျိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆီးကျိတ်ကို ဆီးအိမ် အောက်ဖက်နားမှာ မြင်တွေ့နိုင်မှာဖြစ်ပြီး ဆီးကျိတ်ရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ မျိုးပွားခြင်း၊ သုက်ရည်ထုတ်လွှတ်ခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို အထောက်အကူပေးခြင်းပဲ ဖြစ်ပါတယ်။
ဆီးကျိတ်ဆိုတာကတော့
အမျိုးသားတွေမှာသာ မြင်တွေ့ရနိုင်တဲ့ အကျိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆီးကျိတ်ကို ဆီးအိမ်
အောက်ဖက်နားမှာ မြင်တွေ့နိုင်မှာဖြစ်ပြီး ဆီးကျိတ်ရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ မျိုးပွားခြင်း၊
သုက်ရည်ထုတ်လွှတ်ခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို အထောက်အကူပေးခြင်းပဲ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ
အမျိုးသား (၇) ယောက်မှာ (၁) ဦးခန့် ဆီးကျိတ်ကင်ဆာကို ခံစားနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင်
အသက် (၆၅) နှစ်အထက် အမျိုးသား (၆၀) ရာခိုင်နှုန်းခန့် ဆီးကျိတ်ကင်ဆာ ရောဂါကို ခံစားနေရပါတယ်။
ဆီးကျိတ်ကင်ဆာကို
ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အသက်အရွယ်ကြီးမြင့်ခြင်း
- မျိုးရိုးလိုက်ခြင်း
- အဝလွန်ခြင်း
- အနီရောင်အသားများ
အလွန်အကျွံ စားသုံးခြင်း
- ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်း
- ဆီးကျိတ်ရောင်ရမ်းခြင်း
- လိင်ဆက်ဆံရာကနေတစ်ဆင့်
ဖြစ်ပွားလေ့ရှိတဲ့ ကူးစက်ရောဂါများ ဖြစ်ပွားဖူးခြင်း
- ဓာတုသတ္တိကြွပစ္စည်းများနဲ့
မကြာခဏ ထိတွေ့မိခြင်း
- အမျိုးသား သားကြောဖြတ်ခြင်း
(Vasectomy)
ဆီးကျိတ်ကင်ဆာကို
စတင်ခံစားရစဉ်မှာ ရောဂါလက္ခဏာတွေကို ခံစားရမှာ မဟုတ်ပေမယ့် အချိန် ကြာလာတာနဲ့အမျှ ရောဂါဝေဒနာတွေကို
စတင်ခံစားလာရမှာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို ခံစားနေရပြီဖြစ်ကြောင်း သိရှိနိုင်တဲ့
ရောဂါလက္ခဏတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆီးသွားရ ခက်ခဲခြင်း
- မကြာခဏ ဆီးသွားခြင်း
- ဆီးသွားရမှာ
သွေးပါခြင်း
- ဆီးကျဉ်ခြင်း
- တင်ပါးဆုံရိုး
နာကျင်ခြင်း
- ကျောနာခြင်း
- ရင်ဘတ်အောင့်ခြင်း
- ချစ်တင်းနှောစဉ်
စွမ်းဆောင်ရည် ကျဆင်းခြင်း
- သုက်လွှတ်ရာမှာ
ဖိုအင်္ဂါနာကျင်ခြင်း
- အရိုးအက်ခြင်း
- ခြေလက်များ
ရောင်ရမ်းခြင်း
- ကိုယ်အလေးချိန်
ကျဆင်းခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
တကယ်လို့ သင့်အနေနဲ့
အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရပြီး အချိန်အတော်ကြာတဲ့ သက်သာပျောက်ကင်းခြင်း
မရှိဘူး ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။
ဆီးကျိတ်ကင်ဆာကို
ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ခွဲစိတ်ကုသခြင်း
- ဓာတ်ကင်ကုသခြင်း
(Radiation)
- အအေးဓာတ်ကုထုံးဖြင့်
ကုသခြင်း (Cryosurgery)
- ဟော်မုန်းကုထုံးဖြင့်
ကုသခြင်း (Hormone Therapy)
- ကီမိုဆေးသွင်း
ကုသခြင်း (Chemotherapy)
- ခုခံအားစနစ်ဖြင့်
ကုသခြင်း (Immunotherapy)
REF: MedicalNewsToday, HealthLine