ကပ္ပယ်အိတ် ယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 18 Oct, 2019
  • မျိုးဆက်ပွားကျန်းမာ‌ရေး

ကပ္ပယ်အိတ် ယားယံခြင်းကို အမျိုးသား အများစု ခံစားဖူးကြမှာ သေချာပါတယ်။ ကပ္ပယ်အိတ် ယားယံခြင်းကို ခံစားရတဲ့ အခါမှာ အလွယ်တကူ ကုတ်ပစ်ဖို့လည်း အဆင်မပြေတာကြောင့် တကယ်ကို နေမထိထိုင်မသာ ဖြစ်စေမှာ အသေအချာပါပဲ။ ဒါကြောင့် ကပ္ပယ်အိတ် ယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

ကပ္ပယ်အိတ် ယားယံခြင်းကို အမျိုးသား အများစု ခံစားဖူးကြမှာ သေချာပါတယ်။ ကပ္ပယ်အိတ် ယားယံခြင်းကို ခံစားရတဲ့ အခါမှာ အလွယ်တကူ ကုတ်ပစ်ဖို့လည်း အဆင်မပြေတာကြောင့် တကယ်ကို နေမထိထိုင်မသာ ဖြစ်စေမှာ အသေအချာပါပဲ။ ဒါကြောင့် ကပ္ပယ်အိတ် ယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း

ရေပုံမှန်မချိုးခြင်း၊ ဖိုအင်္ဂါတစ်ဝိုက် သန့်ရှင်းမှု မရှိခြင်းစတဲ့ အချက်တွေကတော့ ကပ္ပယ်အိတ် တစ်ဝိုက် ယားယံခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

  • အရေပြားပွန်းခြင်း

နေပူထဲမှာ မကြာခဏ သွားလာလှုပ်ရှားရခြင်းကြောင့် ကပ္ပယ်အိတ်တစ်ဝိုက် အရေပြားတွေ ခြောက်သွေ့ခြင်း၊ အချိန်ကြာမြင့်စွာ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခြင်းကြောင့် ပေါင်ခြံတစ်ဝိုက် အရေပြားများပွန်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရတဲ့ အခါမှာ ကပ္ပယ်အိတ် ယားယံခြင်းကို ခံစားရနိုင်ပါတယ်။

  • မှိုစွဲခြင်း

ခန္ဓာကိုယ်မှာ တွဲကပ်လေ့ရှိတဲ့ မှိုပိုးတွေကို သာမန်မျက်လုံးတွေနဲ့ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ ကပ္ပယ်အိတ်နဲ့ ဝှေးစေ့တစ်ဝိုက် အရေပြားတွေမှာ မှိုစွဲခဲ့မယ်ဆိုရင် ယားယံခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ကပ္ပယ်အိတ်တစ်ဝိုက် မှိုစွဲခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း၊ အကာအကွယ် မပါပဲ ချစ်တင်းနှောခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

ကပ္ပယ်အိတ် မှိုစွဲခြင်းကြောင့် ယားယံခြင်းကို ခံစားရမှာ ဖြစ်တဲ့အပြင် ဆီးကျဉ်ခြင်း၊ လိင်တံနဲ့ ကပ္ပယ်အိတ် ရောင်ရမ်းခြင်း၊ ကပ္ပယ်အိတ်နဲ့ လိင်တံမှာ အနီစက်များ ထွက်ပေါ်လာခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။

  • ဖိုအင်္ဂါတစ်ဝိုက် ရေယုန်ပေါက်ခြင်း

ဖိုအင်္ဂါတစ်ဝိုက် ရေယုန်ပေါက်ခြင်းကို လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်နိုင်မှာ ဖြစ်သလို အခြား ရေယုန်ပေါက်နေသူ တစ်ဦးနဲ့ အသားချင်း ထိတွေ့မိမယ် ဆိုရင်လည်း ကူးစက်ခံရနိုင်မှာ ဖြစ်ပါတယ်။ ဖိုအင်္ဂါတစ်ဝိုက် ရေယုန်ပေါက်ခြင်းကို ခံစားရတဲ့အခါမှာ ယားယံခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဝှေးစေ့နဲ့ လိင်တံအောင့်ခြင်း၊ ဆီးကျဉ်ခြင်း၊ ကပ္ပယ်အိတ်တစ်ဝိုက် အရည်ကြည်ဖုများထခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ဆီးပူညောင်းကျရောဂါ ခံစားနေရခြင်း (Gonorrhea)

ဆီးပူညောင်းကျရောဂါ ဆိုတာကတော့ လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်လေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆီးပူညောင်းကျရောဂါကို ခံစားရတဲ့ အခါမှာ ကပ္ပယ်အိတ်တစ်ဝိုက် ယားယံခြင်း၊ ဆီးကျဉ်ခြင်း၊ လိင်တံကနေ အစိမ်းရောင်၊ အဝါရောင်၊ အဖြူရောင် အရည်များထွက်ခြင်း၊ ဝှေးစေ့အောင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ဖိုအင်္ဂါ ကြွက်နို့ပေါက်ခြင်း

ဖိုအင်္ဂါ ကြွက်နို့ပေါက်ခြင်းကို ခံစားရတဲ့ အခါမှာ ကပ္ပယ်အိတ်တစ်ဝိုက် ယားယံခြင်းကို ခံစားရမှာ ဖြစ်တဲ့အပြင် ဖိုအင်္ဂါတစ်ဝိုက် အဖုအပိမ့်များ ထွက်လာခြင်းကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

  • ကလမိုင်ဒီးယ ကူးစက်ရောဂါ ခံစားရခြင်း (Chlamydia Infection)

ကလမိုင်ဒီးယရောဂါ ဆိုတာကလည်း လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်လေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ကလမိုင်ဒီးယရောဂါကို ခံစားရတဲ့ အခါမှာ ကပ္ပယ်အိတ်တစ်ဝိုက် ယားယံခြင်းအပြင် ကပ္ပယ်အိတ် ရောင်ရမ်းခြင်း၊ ဝှေးစေ့အောင့်ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

  • ဆီးခုံသန်းတွယ်ခြင်း (Pubic Lice)

ဆီးခုံမွေးမှာ သန်းတွယ်တဲ့ အခါမှာလည်း ကပ္ပယ်အိတ်နဲ့ ဖိုအင်္ဂါတစ်ဝိုက် ယားယံခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။

REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.