ရေဓာတ်ခမ်းခြောက်ခြင်းအကြောင်း သိကောင်းစရာများ

  • 18 Oct, 2019
  • အဖြစ်များသောရောဂါများ

လူသား ခန္ဓာကိုယ်ရဲ့ (၇၅) ရာခိုင်နှုန်းကို ရေဓာတ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ် သွင်းယူမှုနဲ့ စွန့်ထုတ်မှု မျှတခြင်း မရှိတဲ့ အခါမှာ ရေဓာတ် ခမ်းခြောက်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ အသက်ရှူခြင်း၊ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း၊ ဝမ်းသွားခြင်းစတဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရတဲ့ အခါမှာ ခန္ဓာကိုယ် အတွင်းမှ ရေဓာတ်တွေကို ဆုံးရှုံးလိုက်ရတာကြောင့် ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

လူသား ခန္ဓာကိုယ်ရဲ့ (၇၅) ရာခိုင်နှုန်းကို ရေဓာတ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ် သွင်းယူမှုနဲ့ စွန့်ထုတ်မှု မျှတခြင်း မရှိတဲ့ အခါမှာ ရေဓာတ် ခမ်းခြောက်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ အသက်ရှူခြင်း၊ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း၊ ဝမ်းသွားခြင်းစတဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရတဲ့ အခါမှာ ခန္ဓာကိုယ် အတွင်းမှ ရေဓာတ်တွေကို ဆုံးရှုံးလိုက်ရတာကြောင့် ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

ရေဓာတ်ခမ်းခြောက်ခြင်းကို နေရောင်ခြည်အောက်မှာ လုပ်ငန်းတာဝန်ထမ်းဆောင်ရသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါဝေဒနာ တစ်ခုခု အပြင်းအထန် ခံစားနေရသူတွေ၊ အားကစားသမားတွေ၊ ကလေးငယ်တွေ အနေနဲ့ များသောအားဖြင့် ခံစားရလေ့ ရှိပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ချွေးထွက်လွန်ကဲခြင်း
  • ဖျားနာခြင်း
  • အအေးမိခြင်း
  • မကြာခဏ ဆီးသွားခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းကို ခံစားရတဲ့ အခါမှာ -

  • နှုတ်ခမ်းခြောက်ခြင်း
  • မကြာခဏ ရေဆာခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အသက်ရှူမြန်ခြင်း
  • ဝမ်းချုပ်ခြင်း
  • လေးလံထိုင်းမှိုင်းခြင်း
  • အားအင်ကုန်ခမ်းခြင်း
  • ခေါင်းကိုက်ခြင်း
  • မူးဝေခြင်း
  • ချွေးမထွက်ခြင်း
  • မျက်ကွင်းညိုခြင်း
  • အသားအရေခြောက်သွေ့ခြင်း
  • ဆီးအမည်းများသွားခြင်း
  • သွေးပေါင်ကျခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားရတဲ့အပြင် မကြာခဏဝမ်းပျက်ခြင်း၊ ဝမ်းသွားရာမှာ သွေးပါခြင်း၊ အာရုံစူးစိုက်၍မရခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရတယ် ဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသသင့်ပါတယ်။

တကယ်လို့ ရေဓာတ်ခမ်းခြောက်ခြင်း ဝေဒနာကို အချိန် အတော်ကြာ ခံစားနေရပြီး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ကုသခဲ့ခြင်း မရှိဘူးဆိုရင် -

  • အပူဒဏ်ကြောင့် အားအင်ကုန်ခမ်းခြင်း (Heat Exhaustion)
  • အပူကြောင့် ကြွက်တက်ခြင်း (Heat Cramps)
  • အပူရှပ်ခြင်း (Heat Stroke)
  • ကျောက်ကပ် အလုပ်မလုပ်တော့ခြင်း
  •  ကိုမာဝင်ခြင်း (Coma) စတဲ့ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ချင်တယ်ဆိုရင် အလွယ်ကူဆုံး လုပ်ဆောင်နိုင်မယ့် နည်းလမ်းကတော့ ရေများများသောက်သုံးပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ စားသုံးပေးခြင်း၊ ဓာတ်ဆားသောက်ပေးခြင်း၊ ပါးလွှာတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးခြင်းဖြင့်လည်း ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.