ပက်ပတိုက် (Peptide) ဓာတ်အကြောင်း သိကောင်းစရာများ

  • 18 Oct, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

ပက်ပတိုက် (Peptide) ဆိုတာကတော့ အိုမင်းရင့်ရော်ခြင်း၊ ကြွက်သားများ နာကျင်ရောင်ရမ်းခြင်း၊ ခန္ဓာကိုယ်တွင်း ဘက်တီးရီးယားပိုးမွှားများ ဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပက်ပတိုက် (Peptide) ကို ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေ၊ အလှကုန်ပစ္စည်းတွေမှာ များသောအားဖြင့် အသုံးပြုလေ့ ရှိကြပါတယ်။

ပက်ပတိုက် (Peptide) ဆိုတာကတော့ အိုမင်းရင့်ရော်ခြင်း၊ ကြွက်သားများ နာကျင်ရောင်ရမ်းခြင်း၊ ခန္ဓာကိုယ်တွင်း ဘက်တီးရီးယားပိုးမွှားများ ဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပက်ပတိုက် (Peptide) ကို ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေ၊ အလှကုန်ပစ္စည်းတွေမှာ များသောအားဖြင့် အသုံးပြုလေ့ ရှိကြပါတယ်။

ပက်ပတိုက် (Peptide) ဆိုတာကတော့ အမီနိုအက်စစ် (Amino Acid) အနည်းငယ် ပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ လူအများစုက ပက်ပတိုက် (Peptide) ကို ပရိုတင်း (Protein) နဲ့မှားယွင်းလေ့ ရှိကြပေမယ့် ပရိုတင်း (Protein) နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပက်ပတိုက် (Peptide) မှာအမီနိုအက်စစ် (Amino Acid) ပါဝင်မှုက တကယ်ကို နည်းပါးပါတယ်။ ဒါပေမယ့် ပက်ပတိုက် (Peptide) အရွယ်အစားက ပရိုတင်း (Protein) ထက်ပိုမိုသေးငယ်တာကြောင့် ခန္ဓာကိုယ် အနေနဲ့ အလွယ်တကူ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

ပက်ပတိုက် (Peptide) ပါဝင်တဲ့ အစားအစာတွေကတော့ -

  • ကြက်ဥ၊ ဘဲဥများ
  • နို့
  • အသား၊ ငါးများ
  • ပဲများ
  • အစေ့အဆံများ
  • ကွေကာအုပ်
  • ဂျုံတို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပက်ပတိုက် (Peptide) ဓာတ်ကို အစားအစာတွေကနေ တစ်ဆင့် ရရှိနိုင်သလို ဖြည့်စွက်အားဆေးတွေကနေ တစ်ဆင့်လည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

ပက်ပတိုက် (Peptide) ပါဝင်တဲ့ အစားအစာတွေ၊ ဖြည့်စွက်အားဆေးတွေ စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သွေးပေါင်ချိန် မြင့်တက်မှုကို ထိန်းညှိပေးခြင်း
  • ဘက်တီးရီးယားပိုးမွှားများ ဝင်ရောက်မှုကို ကာကွယ်ပေးခြင်း
  • ကြွက်သားများ၊ အရိုးအဆစ်များ နာကျင်မှုကို ကာကွယ်ပေးခြင်း
  • ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း
  • ငယ်ရွယ်နုပျိုစေခြင်း
  • အနာကျက်မြန်စေခြင်း
  • ကြွက်သားများကို တောင့်တင်းခိုင်မာစေခြင်း
  • အသားအရေကို လှပစေခြင်း

ပက်ပတိုက် (Peptide) ကြောင့်ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာကို ရရှိစေမှာ ဖြစ်ပေမယ့် ပက်ပတိုက် (Peptide) ဖြည့်စွက်အားဆေးတွေကို အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင် -

  • အရေပြားယားယံခြင်း
  • မကြာခဏ ရေဆာခြင်း
  • မကြာခဏ ဆာလောင်ခြင်း
  • နှုတ်ခမ်းခြောက်ခြင်း
  • ထုံကျဉ်ကိုက်ခဲခြင်း
  • သွေးပေါင်တက်ခြင်း
  • အဆစ်အမြစ်များ ရောင်ရမ်းခြင်းစတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ဒါကြောင့် ပက်ပတိုက် (Peptide) ဖြည့်စွက်အားဆေးတွေကို သောက်သုံးတော့မယ်ဆိုရင် ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ သောက်သုံးသင့်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.