သွေးဖြူဥကင်ဆာရောဂါအကြောင်း သိကောင်းစရာများ
- 17 Oct, 2019
- ကင်ဆာရောဂါများ
သွေးကင်ဆာဆိုတာကတော့ သွေးဆဲလ်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးကင်ဆာကို အမျိုးအစားအားဖြင့် သွေးဖြူဥကင်ဆာ၊ သွေးနီဥကင်ဆာ၊ သွေးဥမွှား (Platelets) ကင်ဆာဆိုပြီး အမျိုးအစား (၃) မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးကင်ဆာရောဂါ (၃) မျိုးထဲက သွေးဖြူဥကင်ဆာ အကြောင်းကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
သွေးကင်ဆာဆိုတာကတော့
သွေးဆဲလ်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးကင်ဆာကို အမျိုးအစားအားဖြင့်
သွေးဖြူဥကင်ဆာ၊ သွေးနီဥကင်ဆာ၊ သွေးဥမွှား (Platelets) ကင်ဆာဆိုပြီး အမျိုးအစား (၃)
မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးကင်ဆာရောဂါ (၃) မျိုးထဲက သွေးဖြူဥကင်ဆာ
အကြောင်းကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့
ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်ဖို့အတွက် သွေးဖြူဥတွေက အဓိကအနေနဲ့ အထောက်အကူပေးလျက်
ရှိပါတယ်။ သွေးဖြူဥတွေ အနေနဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ မှိုတွေ၊ ဗိုင်းရပ်စ်ပိုးတွေ၊
ဘက်တီးရီးယားပိုးတွေ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာမှုကို ကာကွယ်ပေးလျက် ရှိပါတယ်။
သွေးဖြူဥတွေကို
များသောအားဖြင့် ရိုးတွင်းချဉ်ဆီကနေ တစ်ဆင့် ထုတ်လွှတ်ပေးလျက်ရှိပြီး အချို့သော သွေးဖြူဥတွေကို
ပြန်ရည်ကျိတ် (Lymph Node) ၊ သရက်ရွက် (Spleen) ၊ သိုင်းမက်စ်ဂလင်း (Thymus Gland)
ကနေတစ်ဆင့် ထုတ်လွှတ်ပေးလျက် ရှိပါတယ်။ သွေးဖြူဥကင်ဆာကို ခံစားရတဲ့အခါမှာ သွေးဖြူဥဆဲလ်တွေ
ထုတ်လှုပ်မှု လျော့နည်းသွားမှာ ဖြစ်တဲ့အပြင် သွေးဖြူဥဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေမှာလည်း
ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
သွေးဖြူဥကင်ဆာကို
ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- မျိုးရိုးလိုက်ခြင်း
- ဆေးလိပ်အလွန်အကျွံ
သောက်သုံးခြင်း
- ဒေါင်းဆင်ဒရုန်းရောဂါ
ခံစားနေရခြင်း (Down Syndrome)
- သွေးလည်ပတ်မှု
ပုံမှန်မဟုတ်ခြင်း (Blood Disorder)
- အခြားသော ကင်ဆာရောဂါများ
ခံစားဖူးခြင်း
- အသက်အရွယ်ကြီးမြင့်ခြင်း
- ရေဒီယိုသတ္တိကြွ
ဓာတ်ပစ္စည်းများနဲ့ မကြာခဏ ထိတွေ့မိခြင်း
သွေးဖြူဥကင်ဆာကို
ခံစားရတဲ့အခါမှာ -
- မကြာခဏ ချွေးထွက်ခြင်း
- ချမ်းတုန်ခြင်း
- သွေးခဲခြင်း
- မောပန်းနွမ်းနယ်ခြင်း
- အရိုးများနာကျဉ်ကိုက်ခဲခြင်း
- ရုတ်တရက် ကိုယ်အလေးချိန်
ကျဆင်းခြင်း
- ပြန်ရည်ကျိတ်များ
(Lymph Nodes) ရောင်ရမ်းခြင်း
- အသည်းကြီးခြင်း
- သရက်ရွက် ရောင်ရမ်းခြင်း
- အရေပြားမှာ
အနီစက်များ ထွက်ပေါ်လာခြင်း
- အဖျားတက်ခြင်း
- မကြာခဏ ရောဂါပိုး
ကူးစက်ခံရခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် သွေးဖြူဥကင်ဆာ
ရောဂါကို ခံစားရခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊
ကြွက်သားပျော့တွဲခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။ တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့
ရောဂါဝေဒနာတွေကို ခံစားနေရတယ် ဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
သွေးဖြူဥကင်ဆာကို
ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ကီမိုကုထုံးဖြင့်
ကုသခြင်း (Chemotherapy)
- ဓာတ်ကင်ကုသခြင်း
(Radiation Therapy)
- ရိုးတွင်းချဉ်ဆီအစားထိုးကုသခြင်း
(Bone Marrow Transplantation)
- ခွဲစိတ်ကုသခြင်း
REF: MedicalNewsToday, HealthLine