သွေးဆိပ်တက်ခြင်းအကြောင်း သိကောင်းစရာများ
- 17 Oct, 2019
- အဖြစ်များသောရောဂါများ
သွေးစီးကြောင်းအတွင်း ဘက်တီးရီးယားပိုး ကူးစက်တဲ့အခါမှာ သွေးဆိပ်တက်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ သွေးဆိပ်တက်ခြင်းကြောင့် တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ သွေးဆိပ်တက်ခြင်းကို များသောအားဖြင့် အဆုတ်၊ အစာအိမ်နဲ့ ဆီးလမ်းကြောင်းတွေမှာ ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ ရှိပါတယ်။
သွေးစီးကြောင်းအတွင်း
ဘက်တီးရီးယားပိုး ကူးစက်တဲ့အခါမှာ သွေးဆိပ်တက်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ သွေးဆိပ်တက်ခြင်းကြောင့်
တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
သွေးဆိပ်တက်ခြင်းကို များသောအားဖြင့် အဆုတ်၊ အစာအိမ်နဲ့ ဆီးလမ်းကြောင်းတွေမှာ ဘက်တီးရီးယားပိုး
ကူးစက်ခြင်းကြောင့် ခံစားရလေ့ ရှိပါတယ်။
သွေးဆိပ်တက်ခြင်းကို
-
- ခုခံအားကျဆင်းသူတွေ
- သွေးကင်ဆာဝေဒနာသည်တွေ
- ကလေးငယ်တွေ
- သက်ကြီးရွယ်အိုတွေ
- တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိသူတွေ
- ခွဲစိတ်ကုသမှုခံယူထားသူတွေ
အနေနဲ့ များသောအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။
သွေးဆိပ်တက်ခြင်းကို
ဖြစ်ပွားစေတဲ့ ကူးစက်ရောဂါတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အစာအိမ်ရောဂါပိုးဝင်ခြင်း
- အင်းဆက်ကိုက်ခံရခြင်းကြောင့်
ရောဂါပိုးဝင်ခြင်း
- ဗဟိုသွေးပြန်ကြောရောဂါပိုးဝင်ခြင်း
- ခွဲစိတ်ကုသရာကနေ
ရောဂါပိုးဝင်ခြင်း
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း
- အဆုတ်အအေးမိခြင်း
- အရေပြားကူးစက်ရောဂါခံစားရခြင်း
သွေးဆိပ်တက်ခြင်းကို
ခံစားရတဲ့အခါမှာ -
- ချမ်းတုန်ခြင်း
- အဖျားကြီးခြင်း
- အားနည်းခြင်း
- အသက်ရှူမြန်ခြင်း
- နှလုံးခုန်မြန်ခြင်း
- အသားရောင်ဖျော့ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- အသားပေါ်မှာ
အနီစက်များ၊ ခရမ်းရောင် အကွက်များ ပေါ်လာခြင်း
- ဆီးမသွားခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
သင့်အနေနဲ့
အထက်ပါ ဝေဒနာတွေကို ခံစားနေရပြီး ရက်အတော်ကြာတဲ့အထိ သက်သာခြင်း မရှိပါက သက်ဆိုင်ရာ
ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
REF: HealthLine
