ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း နည်းပါးနေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်များ
- 17 Oct, 2019
- မျိုးဆက်ပွားကျန်းမာရေး
ကျားဟော်မုန်းဆိုတာ အမျိုးသားတွေအတွက် အရေးပါတဲ့ ဟော်မုန်းတစ်ခုဖြစ်တာနဲ့အညီ ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း နည်းပါးသွားခြင်းကြောင့် ကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း နည်းပါးနေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
ကျားဟော်မုန်းဆိုတာ အမျိုးသားတွေအတွက် အရေးပါတဲ့ ဟော်မုန်းတစ်ခုဖြစ်တာနဲ့အညီ ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း နည်းပါးသွားခြင်းကြောင့် ကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း နည်းပါးနေပြီဖြစ်ကြောင်း သိရှိနိုင်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- လိင်အင်္ဂါ
ထောင်မတ်နိုင်စွမ်း မရှိခြင်း
ကျားဟော်မုန်း
အနေနဲ့ လိင်အင်္ဂါ ထောင်မတ်နိုင်ဖို့အတွက် နိုက်ထရစ်အောက်ဆိုဒ် (Nitric Oxide) ကိုထုတ်လွှတ်ပေးလျက်ရှိပါတယ်။
ကျားဟော်မုန်းနည်းပါးသွားတဲ့ အခါမှာ နိုက်ထရစ်အောက်ဆိုဒ်လည်း ထုတ်လွှတ်နိုင်စွမ်း မရှိတော့တာကြောင့်
လိင်အင်္ဂါ ထောင်မတ်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကျားဟော်မုန်း
နည်းပါးခြင်းကြောင့်အပြင် -
- ဆေးလိပ်သောက်ခြင်း
- သွိုင်းရောက်ရောဂါခံစားနေရခြင်း
- ကိုလက်စထရောပမာဏ
မြင့်တက်ခြင်း
- စိတ်ဖိစီးခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်း
- ဆီးချိုရောဂါခံစားနေရခြင်း
- သွေးပေါင်တက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရတဲ့ အခါမှာလည်း လိင်အင်္ဂါ ထောင်မတ်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
- ဆံပင်ကျွတ်ခြင်း
အသက်ကြီးလာတာနဲ့အမျှ
ကျွန်တော်တို့ လူသားတွေ အနေနဲ့ ဆံပင်ကျွတ်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့
ဆံပင်ကျွတ်ခြင်းကို ခံစားရခြင်းကတော့ ကျားဟော်မုန်း နည်းပါးခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
- အရိုးများ တောင့်တင်းခိုင်မာမှု
မရှိခြင်း
ကျားဟော်မုန်းအနေနဲ့
အရိုးများ ကြံ့ခိုင်သန်စွမ်းစေဖို့ ကြီးမားတဲ့ အထောက်အကူကို ပေးလျက်ရှိပါတယ်။ ခန္ဓာကိုယ်တွင်း
ကျားဟော်မုန်း နည်းပါးနေခဲ့မယ်ဆိုရင် အရိုးကျိုးလွယ်ခြင်း၊ အရိုးပါးခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
- ဝှေးစေ့အရွယ်အစား
သေးငယ်သွားခြင်း
ခန္ဓာကိုယ်တွင်း
ကျားဟော်မုန်း နည်းပါးနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ နောက်ထပ်တစ်ချက်ကတော့
ဝှေးစေ့အရွယ်အစား ရုတ်တရက် သေးငယ်သွားခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျားဟော်မုန်း နည်းပါးသွားတဲ့
အခါမှာ ကပ္ပာယ်အိတ် ပျော့တွဲခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
- သုက်ထုတ်လွှတ်မှု
နည်းပါးခြင်း
ကျားဟော်မုန်း
အနေနဲ့ သုက်ထုတ်လွှတ်ရာမှာ ကြီးမားတဲ့ အထောက်အကူကို ပေးလျက်ရှိတာကြောင့် ကျားဟော်မုန်း
နည်းပါးသွားတဲ့အခါမှာ သုက်ထုတ်လွှတ်မှုလည်း နည်းပါးသွားမှာ ဖြစ်ပါတယ်။
- လိင်စိတ်ပြင်းပြမှု
မရှိခြင်း
ကျားဟော်မုန်းရဲ့
အဓိက လုပ်ဆောင်ချက်ကတော့ လိင်ဆန္ဒကို နှိုးစွပေးခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်တွင်းမှာ
ကျားဟော်မုန်း နည်းပါးနေခဲ့မယ်ဆိုရင် လိင်စိတ်ပြင်းပြမှုကို ခံစားရတော့မှာ မဟုတ်ပါဘူး။
- ကိုယ်အလေးချိန်
မြင့်တက်ခြင်း
ခန္ဓာကိုယ်တွင်း
ကျားဟော်မုန်း နည်းပါးသွားတဲ့အခါမှာ ကိုယ်အလေးချိန် မြင့်တက်လာမှာ ဖြစ်တဲ့အပြင် ရင်သားတွေလည်း
ကြီးထွားလာမှာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်တွင်း
ကျားဟော်မုန်း ထုတ်လွှတ်မှုကို ပြန်လည် မြှင့်တင်ချင်တယ် ဆိုရင်တော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်း၊
ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
ဒါ့အပြင် အမဲသား၊ ကနုကမာ၊ ကွေကာအုပ်၊ ကြက်ဥ၊ ဘဲဥ၊ တူနာငါး၊ ပဲများ၊ နွားနို့တို့ကို
စားသုံးပေးခြင်းလည်း ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း ထုတ်လွှတ်မှုကို ပြန်လည် မြှင့်တင်နိုင်မှာ
ဖြစ်ပါတယ်။
REF: MedicalNewsToday