ကျားဟော်မုန်း နည်းပါးခြင်းရဲ့ ဆိုးကျိုးများ
- 17 Oct, 2019
- မျိုးဆက်ပွားကျန်းမာရေး
ကျားဟော်မုန်းဆိုတာကတော့ အမျိုးသားတွေမှာ ဝှေးစေ့ကနေ တစ်ဆင့် ထုတ်လွှတ်ပေးလျက်ရှိတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ လူပျိုဖော်ဝင်ကာစ အချိန်မှာ ကျားဟော်မုန်း အများအပြားကို စတင် ထုတ်လွှတ်ပေးလေ့ရှိပြီး အသက် (၃၀) နောက်ပိုင်းမှာတော့ ကျားဟော်မုန်း ထုတ်လွှတ်မှု နည်းပါးသွားမှာ ဖြစ်ပါတယ်။
ကျားဟော်မုန်းဆိုတာကတော့
အမျိုးသားတွေမှာ ဝှေးစေ့ကနေ တစ်ဆင့် ထုတ်လွှတ်ပေးလျက်ရှိတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။
လူပျိုဖော်ဝင်ကာစ အချိန်မှာ ကျားဟော်မုန်း အများအပြားကို စတင် ထုတ်လွှတ်ပေးလေ့ရှိပြီး
အသက် (၃၀) နောက်ပိုင်းမှာတော့ ကျားဟော်မုန်း ထုတ်လွှတ်မှု နည်းပါးသွားမှာ ဖြစ်ပါတယ်။
ကျားဟော်မုန်းရဲ့
အဓိက လုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လိင်စိတ်နှိုးဆွပေးခြင်း
- သုက်ရည်ထုတ်လွှတ်ပေးခြင်း
- ကြွက်သားများကို
တောင့်တင်းသန်မာစေခြင်း
- အရိုးများကို
ကြံ့ခိုင်သန်စွမ်းစေခြင်း
- သွေးနီဥထုတ်လွှတ်ပေးခြင်း
ဒါ့အပြင် ခန္ဓာကိုယ်အတွင်းမှာ
ကျားဟော်မုန်း နည်းပါးသွားခြင်းကြောင့် ကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေမှာ
ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း နည်းပါးခြင်းရဲ့ ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- လိင်စိတ်နိုးထမှု
မရှိခြင်း
ကျားဟော်မုန်းအနေနဲ့
အမျိုးသားတွေမှာ လိင်စိတ်နိုးထစေဖို့ အတွက် ကြီးမားတဲ့ အထောက်အကူကို ပေးလျက်ရှိပါတယ်။
တကယ်လို့ ခန္ဓာကိုယ်တွင်း ကျားဟော်မုန်း နည်းပါးသွားခဲ့မယ်ဆိုရင် လိင်စိတ်ပြင်းပြမှု
ရှိတော့မှာ မဟုတ်တဲ့အပြင် လိင်စွမ်းဆောင်ရည်တွေလည်း ကျဆင်းသွားပြီး သုက်ထုတ်လွှတ်မှုလည်း
လျော့နည်းသွားမှာ ဖြစ်ပါတယ်။
- ရုပ်ပိုင်းဆိုင်ရာ
ပြောင်းလဲသွားခြင်း
ခန္ဓာကိုယ်တွင်း
ကျားဟော်မုန်း နည်းပါးသွားတဲ့ အခါမှာ ကြွက်သားများ တောင့်တင်းမှု မရှိခြင်း၊ ဆံပင်ကျွတ်ခြင်း၊
ခန္ဓာကိုယ်တွင်း အဆီများလာခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ ရင်သားတွဲကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊
အပူဓာတ်လွန်ကဲခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- အိပ်မပျော်ခြင်း
ကျားဟော်မုန်း
နည်းပါးခြင်းရဲ့ နောက်ထပ် ဆိုးကျိုးတစ်ခုကတော့ အိပ်မပျော်စေခြင်းပဲ ဖြစ်ပါတယ်။ အိပ်မပျော်ခြင်းကြောင့်
လန်းဆန်းတက်ကြွမှု ရှိတော့မှာ မဟုတ်တဲ့အပြင် လေဖြတ်ဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။
- စိတ်ပိုင်းဆိုင်ရာ
ပြောင်းလဲသွားခြင်း
ကျားဟော်မုန်း
နည်းပါးခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အပြင်
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့လည်း ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကျားဟော်မုန်း နည်းပါးခြင်းကြောင့်
ဝမ်းနည်းလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်စွမ်းအင် လျော့နည်းခြင်း၊ အာရုံစူးစိုက်နိုင်စွမ်း
မရှိခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်တွင်း
ကျားဟော်မုန်း နည်းပါးခြင်းကြောင့် -
- သွိုင်းရွိုက်ရောဂါ
- ဝှေးစေ့ကင်ဆာ
- လိင်အင်္ဂါတစ်ဝိုက်
ကူးစက်ရောဂါ
- ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- ဆီးချိုအမျိုးအစား
(၂) စတဲ့ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
REF: HealthLine