သကြားအစားများခြင်းရဲ့ ဆိုးကျိုးများ
- 16 Oct, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
သကြားဆိုတာ ကျွန်တော်တို့ လူသားတွေ သက်ရှည်ကျန်းမာစေဖို့ အတွက် အရေးကြီးတဲ့ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။ သကြား စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိနိုင်မှာ ဖြစ်တဲ့အပြင် သကြားမှာ အသားအရေ လှပစေဖို့ အတွက် လိုအပ်တဲ့ Glycolic အက်စစ်လည်း သကြားမှာ ပါဝင်ပါတယ်။
သကြားဆိုတာ ကျွန်တော်တို့ လူသားတွေ သက်ရှည်ကျန်းမာစေဖို့ အတွက် အရေးကြီးတဲ့ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။ သကြား စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိနိုင်မှာ ဖြစ်တဲ့အပြင် အသားအရေ လှပစေဖို့ အတွက် လိုအပ်တဲ့ Glycolic အက်စစ်လည်း သကြားမှာ ပါဝင်ပါတယ်။
သကြားကို စားသုံးခြင်းကြောင့်
ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးပေါင်း များစွာကို လက်ခံ ရရှိနိုင်မှာ ဖြစ်ပေမယ့် အလွန်အကျွံ
စားသုံးခဲ့မယ် ဆိုရင်လည်း ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် သကြားအစားများခြင်းရဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- နှလုံးရောဂါဖြစ်ပွားခြင်း
အငံဓာတ်လွန်ကဲတဲ့
အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် နှလုံးရောဂါကို ဖြစ်ပွားစေနိုင်သလို
သကြားဓာတ်လွန်ကဲတဲ့ အစားအသောက်တွေကို အလွန်အကျွံ စားသုံးမယ် ဆိုရင်လည်း နှလုံးရောဂါကို
ဖြစ်ပွားစေနိုင်ပါတယ်။ သကြားအစားများခြင်းကြောင့် သွေးတွင်း ကိုလက်စထရော ပမာဏကို မြင့်တက်လာစေပြီး
အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာတို့ကို ခံစားရနိုင်ပါတယ်။
- ခန္ဓာကိုယ်အလေးချိန်ကို
မြင့်တက်စေခြင်း
အချိုဓာတ်လွန်ကဲတဲ့
အစားအစာတွေ၊ ဆိုဒါတွေ၊ ဖျော်ရည်တွေမှာ Fructose လို့အမည်ရတဲ့ သကြားဓာတ် တစ်မျိုး ပါဝင်တယ်။
Fructose သကြားဓာတ်ကြောင့် မကြာခဏ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတာကြောင့် ခန္ဓာကိုယ်
အလေးချိန် မြင့်တက်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
- ဆီးချိုအမျိုးအစား
(၂) ကိုဖြစ်ပွားစေခြင်း
အချိုဓာတ် လွန်ကဲတဲ့
အစားအစာတွေ စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ သွေးတွင်း သကြားဓာတ် မြင့်တက်ခြင်းတို့ကို
ဖြစ်ပွားစေနိုင်ပါတယ်။ အဝလွန်ခြင်း၊ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းတို့ကြောင့် ဆီးချိုအမျိုးအစား
(၂) ကိုဖြစ်ပွားစေမှာပဲ ဖြစ်ပါတယ်။
- ဝက်ခြံထွက်စေခြင်း
အချိုဓာတ် လွန်ကဲတဲ့
အစားအစာတွေ အလွန်အကျွံ စားသုံးခြင်းကြောင့် မျက်နှာအဆီပြန်ခြင်း၊ အသားအရေနီရဲခြင်းတို့ကို
ဖြစ်ပွားစေနိုင်တဲ့အပြင် ဝက်ခြံထွက်ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
- ကင်ဆာရောဂါဖြစ်ပွားစေခြင်း
သကြားအစားများခြင်းကြောင့်
ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာ ကင်ဆာဆဲလ်တွေကို ဖြစ်ပွားစေတဲ့ ဟော်မုန်းတွေ ထွက်ပေါ်လာစေမှာ
ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သကြားအစားများခြင်းကြောင့် အစာပြွန်ကင်ဆာ၊ အူသိမ်ကင်ဆာ၊
အဆုတ်ဖုံးအမြှေးပါးကင်ဆာတို့ကို ဖြစ်ပွားစေနိုင်တဲ့အပြင် အမျိုးသမီးတွေ အနေနဲ့ သကြားဓာတ်
လွန်ကဲတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် သားအိမ်ကင်ဆာကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
- အသည်းရောဂါဖြစ်ပွားစေခြင်း
အချိုဓာတ် လွန်ကဲတဲ့
အစားအစာတွေမှာ ပါဝင်တဲ့ Fructose သကြားဓာတ်ကြောင့် အသည်းအဆီဖုံးခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
အသည်းတွင်း သကြားဓာတ် လွန်ကဲသွားတဲ့ အခါမှာ အသည်းအနေနဲ့ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို
ချေဖျက်နိုင်ခြင်း မရှိတာကြောင့် အသည်းအဆီဖုံး ရောဂါကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။
- အသားအရေမညီညာခြင်း/
လျော့ရဲခြင်း
တကယ်လို့ သင့်အနေနဲ့
သကြားဓာတ် လွန်ကဲတဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန် စားသုံးမယ်ဆိုရင် အသားအရေ လျော့ရဲခြင်း၊
အရေးအကြောင်းများဖြစ်ခြင်း၊ အသားအရေတွန့်ခြင်း၊ အသားအရေတွဲကျခြင်းစတဲ့ အရွယ်မတိုင်ခင်
အိုမင်းရင့်ရော်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- စိတ်ကျဝေဒနာခံစားရခြင်း
သကြားအစားများခြင်းကြောင့်
ခန္ဓာကိုယ်အတွက် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရစေနိုင်သလို စိတ်ပိုင်းဆိုင်ရာ
ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သကြားအစားများမယ်ဆိုရင်
စိတ်ကျဝေဒနာကို ခံစားရနိုင်တယ်လို့ သိရပါတယ်။
- မှတ်ဉာဏ်ချို့ယွင်းစေခြင်း
သကြားဓာတ်လွန်ကဲတဲ့
အစားအစာတွေကို ပုံမှန်စားသုံးခြင်းကြောင့် မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်ပွားစေနိုင်ပါတယ်။
ဒါ့အပြင် သကြားအစားများခြင်းကြောင့် အယ်လ်ဇိုင်းမားရောဂါကိုလည်း ဖြစ်ပွားစေနိုင်တာကြောင့်
သကြားအလွန်အကျွံစားသုံးခြင်းကို တတ်နိုင်သလောက် လျော့ချသင့်ပါတယ်။
REF: HealthLine