စိတ်ဂနာမငြိမ် ကယောင်ကတမ်းဖြစ်ခြင်း (Delirium) ကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 16 Oct, 2019
- အဖြစ်များသောရောဂါများ
စိတ်ဂနာမငြိမ် ကယောင်ကတမ်းဖြစ်ခြင်း ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ ရုတ်တရက် ပြောင်းလဲသွားခြင်းကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ စိတ်ဂနာမငြိမ် ကယောင်ကတမ်း ဖြစ်ခြင်းကို ခံစားရတဲ့ အခါမှာ မှတ်ဉာဏ် စွမ်းဆောင်ရည်တွေ လျော့ကျသွားမှာဖြစ်ပြီး အာရုံစူးစိုက်နိုင်စွမ်းလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။
စိတ်ဂနာမငြိမ်
ကယောင်ကတမ်းဖြစ်ခြင်း ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ ရုတ်တရက် ပြောင်းလဲသွားခြင်းကြောင့်
ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ စိတ်ဂနာမငြိမ် ကယောင်ကတမ်း ဖြစ်ခြင်းကို
ခံစားရတဲ့ အခါမှာ မှတ်ဉာဏ် စွမ်းဆောင်ရည်တွေ လျော့ကျသွားမှာဖြစ်ပြီး အာရုံစူးစိုက်နိုင်စွမ်းလည်း
လျော့နည်းသွားမှာ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေ
အနေနဲ့ လက်ရှိအချိန်ထိ စိတ်ဂနာမငြိမ် ကယောင်ကတမ်းဖြစ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို
တိတိကျကျ သိရှိကြခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ရုတ်တရက် အရက်ဖြတ်လိုက်ခြင်း၊ အသက်အရွယ်
ကြီးမြင့်လာခြင်း၊ အချို့သော ဆေးဝါးများကို သောက်သုံးနေရခြင်းတို့ကြောင့် စိတ်ဂနာမငြိမ်
ကယောင်ကတမ်းဖြစ်ခြင်းကို ခံစားရနိုင်ပါတယ်။
စိတ်ဂနာမငြိမ် ကယောင်ကတမ်းဖြစ်ခြင်းကို အမျိုးအစားအားဖြင့်
သုံးမျိုး ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။
- Hypoactive
Delirium
Hypoactive
Delirium ကိုခံစားရတဲ့အခါမှာ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေမှာဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုတွေ
နှေးကွေးခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- Hyperactive
Delirium
Hyperactive
Delirium ဆိုတာကတော့ တက်ကြွလွန် စိတ်ဂနာမငြိမ် ကယောင်ကတမ်းဖြစ်ခြင်းပဲ ဖြစ်ပါတယ်။
Hyperactive Delirium ကိုခံစားရတဲ့ အခါမှာ အိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊
ရန်လိုခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- Mixed
Delirium
Mixed
Delirum ဆိုတာကတော့ Hyperactive Delirium နဲ့ Hypoactive Delirium နှစ်ခုအကြား အခြေအနေ
ဖြစ်တာနဲ့အညီ တစ်ခါတရံမှာ တက်ကြွမှုတွေ လွန်ကဲနေမှာဖြစ်ပြီး တစ်ခါတရံမှာ ပင်ပန်းနွမ်းနယ်နေမှာ
ဖြစ်ပါတယ်။
စိတ်ဂနာမငြိမ်
ကယောင်ကတမ်းဖြစ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အဆုတ်ရောင်ရောဂါ
ခံစားနေရခြင်း
- ဆီးလမ်းကြောင်း
ပိုးဝင်ခြင်း
- ဦးနှောက်အကျိတ်ဖြစ်ခြင်း
- မူးယစ်ဆေးဝါး
အလွန်အကျွံ သုံးစွဲခြင်း
- ဓာတုသတ္တိကြွပစ္စည်းများနဲ့
ထိတွေ့မိခြင်း
- အသည်း ဒါမှမဟုတ်
ကျောက်ကပ် အလုပ်မလုပ်တော့ခြင်း
- စိတ်ငြိမ်ဆေး၊
အိပ်ဆေးများ အလွန်အကျွံ သောက်သုံးခြင်း
- အမျိုးသားဖြစ်ခြင်း
- အသက်အရွယ်ကြီးမြင့်ခြင်း
- မျိုးရိုးလိုက်ခြင်း
စိတ်ဂနာမငြိမ်
ကယောင်ကတမ်းဖြစ်ခြင်းကို ခံစားရတဲ့အခါမှာ -
- စိတ်ရှုပ်ထွေးခြင်း
- အာရုံစူးစိုက်၍မရခြင်း
- စကားထစ်ခြင်း
- မှတ်ဉာဏ်အားနည်းခြင်း
- စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်း
- အိပ်မပျော်ခြင်း
- စိတ်အပြောင်းအလဲမြန်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့
ရောဂါဝေဒနာတွေကို ခံစားနေရပြီ ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်
ပြသသင့်ပါတယ်။
REF: MedicalNewsToday
