လိပ်ခေါင်းရောဂါ (Hemorrhoids) ဆိုတာဘာလဲ
- 16 Oct, 2019
- အဖြစ်များသောရောဂါများ
လိပ်ခေါင်းရောဂါဆိုတာကတော့ စအိုဝ ဒါမှမဟုတ် စအိုအတွင်းမှ သွေးကြောများ ရောင်ရမ်းလာခြင်းကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လိပ်ခေါင်းရောဂါကို များသောအားဖြင့် သက်ကြီးရွယ်အိုတွေမှာ မြင်တွေ့ရလေ့ ရှိပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ အနေနဲ့လည်း ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ လိပ်ခေါင်းရောဂါကို ခံစားရလေ့ ရှိကြပါတယ်။
လိပ်ခေါင်းရောဂါဆိုတာကတော့
စအိုဝ ဒါမှမဟုတ် စအိုအတွင်းမှ သွေးကြောများ ရောင်ရမ်းလာခြင်းကြောင့် ဖြစ်ပွားလေ့ရှိတဲ့
ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လိပ်ခေါင်းရောဂါကို များသောအားဖြင့် သက်ကြီးရွယ်အိုတွေမှာ
မြင်တွေ့ရလေ့ ရှိပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ အနေနဲ့လည်း ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ
လိပ်ခေါင်းရောဂါကို ခံစားရလေ့ ရှိကြပါတယ်။
လိပ်ခေါင်းရောဂါကို
အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြားနိုင်မှာ ဖြစ်ပါတယ်။
- အတွင်းလိပ်ခေါင်း
(Internal Hemorrhoids)
အတွင်းလိပ်ခေါင်းရောဂါ
အနေနဲ့ အူမကြီးနှောင်းပိုင်းမှာ ဖြစ်ပွားလေ့ရှိပါတယ်။ အတွင်းလိပ်ခေါင်းရောဂါကို ခံစားရတဲ့အခါမှာ
နာကျင်မှုကို ခံစားရမှာ မဟုတ်ပေမယ့် စအိုမှတစ်ဆင့် သွေးယိုခြင်းကို တစ်ခါတရံမှာ ခံစားရမှာ
ဖြစ်ပါတယ်။
- အပြင်လိပ်ခေါင်း
အပြင်လိပ်ခေါင်း
ဆိုတာကတော့ စအိုဝ အပြင်ပိုင်းမှာ ဖြစ်ပွားလေ့ရှိတဲ့ လိပ်ခေါင်းရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။
အပြင်လိပ်ခေါင်းရောဂါကို ခံစားရတဲ့အခါမှာ နာကျင်မှုကို ခံစားရမှာဖြစ်တဲ့အပြင် ဝမ်းသွားတဲ့
အခါမှာ ညှစ်ထုတ်ဖို့ ကြိုးစားရတဲ့အတွက် ဝမ်းသွားတဲ့အခါ သွေးပါခြင်းကိုလည်း ခံစားရမှာ
ဖြစ်ပါတယ်။
လိပ်ခေါင်းရောဂါကို
ခံစားရတဲ့အခါမှာ -
- စအိုတစ်ဝိုက်ယားယံခြင်း
- စအိုဝနာကျင်ခြင်း
- စအိုတစ်ဝိုက်
အဖုအပိမ့်များထွက်ခြင်း
- အူမကြီးနာကျင်ခြင်း
- စအိုမှပြည်ယိုခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
လိပ်ခေါင်းရောဂါကို
ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ကိုယ်ဝန်ရှိခြင်း
ကိုယ်ဝန်ရှိလာတဲ့
အခါမှာ သားအိမ် ကြီးထွားလာတာနဲ့အမျှ အူမကြီးရဲ့ သွေးကြောတွေကို ဖိထားသလို ဖြစ်လာတာကြောင့်
သွေးကြောများ ရောင်ရမ်းပြီး လိပ်ခေါင်းရောဂါကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။
- အသက်အရွယ်ကြီးမြင့်ခြင်း
လေ့လာတွေ့ရှိချက်တွေအရ
အသက် (၅၀) အရွယ် လူဦးရေ တစ်ဝက်ခန့် လိပ်ခေါင်းရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။
- ဝမ်းလျှောခြင်း
မကြာခဏ ဝမ်းလျှောခြင်းကြောင့်လည်း
လိပ်ခေါင်းရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
- ဝမ်းချုပ်ခြင်း
ဝမ်းချုပ်တဲ့ အခါမှာ ဝမ်းသွားဖို့အတွက် အားစိုက်ပြီး
ညှစ်ထုတ်ရတာကြောင့် စအိုတွင်း သွေးကြောတွေ ရောင်ရမ်းပြီး လိပ်ခေါင်းရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
ဒါ့အပြင် အထိုင်များခြင်း၊
အလေးအပင်များမခြင်း၊ အဝလွန်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊
စအိုဖြင့် မကြာခဏ လိင်ဆက်ဆံခြင်းတို့ကြောင့်လည်း လိပ်ခေါင်းရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
လိပ်ခေါင်းရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ချင်တယ်
ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
- ရေဓာတ်ဖြည့်တင်းပေးခြင်း
- လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်း
- အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးခြင်း
- ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း
Ref: MedicalNewsToday, HealthLine