ဂေါက်ရောဂါ (Gout) အကြောင်း သိကောင်းစရာများ
- 10 Oct, 2019
- အဖြစ်များသောရောဂါများ
ဂေါက်ရောဂါ ဆိုတာကတော့ သွေးတွင်း ယူရစ်အက်စစ် (Uric Acid) ပမာဏ မြင့်တက်ခြင်းကြောင့် အဆစ်အမြစ်ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ နာတာရှည် ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးတွင်းမှာ ပိုလျှံနေတဲ့ ယူရစ်အက်စစ်တွေကို ကျောက်ကပ်အနေနဲ့ ဆီးအဖြစ် စွန့်ထုတ်ပစ်လေ့ ရှိပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်တွင်း ယူရစ်အက်စစ် ပမာဏ အလွန်အမင်း များပြားလာခဲ့ရင် ဒါမှမဟုတ် ကျောက်ကပ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတော့ရင် ဂေါက်ရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။
ဂေါက်ရောဂါ
ဆိုတာကတော့ သွေးတွင်း ယူရစ်အက်စစ် (Uric Acid) ပမာဏ မြင့်တက်ခြင်းကြောင့် အဆစ်အမြစ်ရောင်ရမ်းခြင်းကို
ဖြစ်ပွားစေတဲ့ နာတာရှည် ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးတွင်းမှာ ပိုလျှံနေတဲ့ ယူရစ်အက်စစ်တွေကို
ကျောက်ကပ်အနေနဲ့ ဆီးအဖြစ် စွန့်ထုတ်ပစ်လေ့ ရှိပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်တွင်း ယူရစ်အက်စစ်
ပမာဏ အလွန်အမင်း များပြားလာခဲ့ရင် ဒါမှမဟုတ် ကျောက်ကပ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း
မရှိတော့ရင် ဂေါက်ရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။
ဂေါက်ရောဂါကို
ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
- အမျိုးသားဖြစ်ခြင်း
ဂေါက်ရောဂါကို
အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမိုမြင်တွေ့ရလေ့ ရှိပါတယ်။ အမျိုးသားတွေ အနေနဲ့
အမျိုးသမီးတွေထက် ခန္ဓာကိုယ်တွင်း ယူရစ်အက်စစ် ထုတ်လွှတ်မှု များပြားတာကြောင့် ဂေါက်ရောဂါကို
ပိုမိုခံစားရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးဆုံးပြီး အမျိုးသမီးများမှာလည်း ဂေါက်ရောဂါ
အဖြစ်များပါတယ်။
- မျိုးရိုးလိုက်ခြင်း
တကယ်လို့ မိဘဆွေမျိုးတွေထဲမှာ
ဂေါက်ရောဂါကို ခံစားခဲ့ရသူတွေ ရှိနေခဲ့မယ်ဆိုရင် သင့်အနေနဲ့လည်း ဂေါက်ရောဂါကို ခံစားရနိုင်ပါတယ်။
- အရက်သောက်ခြင်း
အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့်
ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကောင်းမွန်စွာ
လုပ်ဆောင်နိုင်ခြင်း မရှိတော့ပဲ သွေးတွင်းမှာ ယူရစ်အက်စစ်တွေ များပြားလာပြီး ဂေါက်ရောဂါကို
ဖြစ်ပွားစေနိုင်ပါတယ်။
- အဝလွန်ခြင်း
အဝလွန်ခြင်းကြောင့်
ဆီးချိုရောဂါ၊ လေဖြတ်ဝေဒနာ၊ နှလုံးရောဂါတို့ကို ခံစားရမှာဖြစ်တဲ့အပြင် သွေးတွင်းမှာ
ယူရစ်အက်စစ် ပမာဏ မြင့်တက်လာမှာ ဖြစ်တာကြောင့် ဂေါက်ရောဂါကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အချို့သော
ဆေးဝါးတွေဖြစ်တဲ့ ဆီးဆေး (Diuretics) ၊ Cyclosporine စတဲ့ဆေးဝါးတွေကို သောက်သုံးနေရသူတွေ၊
ကျောက်ကပ်ဝေဒနာသည်တွေ၊ သွိုင်းရွိုက်ရောဂါ ခံစားနေရသူတွေမှာလည်း ဂေါက်ရောဂါကို မြင်တွေ့နိုင်မှာ
ဖြစ်ပါတယ်။
ဂေါက်ရောဂါကို
ခံစားရတဲ့အခါမှာ -
- အရိုးအဆစ်များ
နာကျင်ကိုက်ခဲခြင်း
- ဒူးခေါင်း၊
တံတောင်စစ်၊ လက်ကောက်ဝတ်များ ရောင်ရမ်းခြင်း
- ခြေချောင်း၊
လက်ချောင်းများ ဖောရောင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ဂေါက်ရောဂါ
ဖြစ်ပွားခြင်းကို ကာကွယ်ချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
- အရက်အလွန်အကျွံ
သောက်သုံးမှုကို ရှောင်ကြည်ခြင်း
- Purine ပါဝင်မှု
များပြားတဲ့ အစားအစာတွေ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
- အဆီများတဲ့
အစားအစာတွေ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
- ကိုယ်အလေးချိန်ကို
ထိန်းညှိခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- လေ့ကျင့်ခန်း
ပုံမှန်လုပ်ပေးခြင်း
- တစ်နေ့ကို ရေ
(၂) လီတာကနေ (၄) လီတာခန့်အထိ သောက်သုံးပေးခြင်း
REF: HealthLine, MedicalNewsToday