စိတ်ပျော်ရွှင်ဟော်မုန်းများအကြောင်း သိကောင်းစရာများ
- 10 Oct, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
ဟော်မုန်း ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းမှာ တည်ရှိနေတဲ့ ဂလင်းတွေကနေ တစ်ဆင့် ထုတ်လွှတ်ပေးလျက်ရှိတဲ့ ဓာတုပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဟော်မုန်းတွေရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ စိတ်ခံစားချက်နဲ့ စိတ်အခြေအနေတွေကို ထိန်းချုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချို့သော ဟော်မုန်းတွေအနေနဲ့ ကျွန်တော်တို့ လူသားတွေ ပျော်ရွှင်စေဖို့၊ မှတ်ဉာဏ်အားကောင်းစေဖို့၊ စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့အတွက် လုပ်ဆောင်ပေးလျက် ရှိပါတယ်။ စိတ်ပျော်ရွှင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ဟော်မုန်း ဆိုတာကတော့
ခန္ဓာကိုယ်အတွင်းမှာ တည်ရှိနေတဲ့ ဂလင်းတွေကနေ တစ်ဆင့် ထုတ်လွှတ်ပေးလျက်ရှိတဲ့ ဓာတုပစ္စည်းတွေပဲ
ဖြစ်ပါတယ်။ ဟော်မုန်းတွေရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ စိတ်ခံစားချက်နဲ့ စိတ်အခြေအနေတွေကို
ထိန်းချုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချို့သော ဟော်မုန်းတွေအနေနဲ့ ကျွန်တော်တို့
လူသားတွေ ပျော်ရွှင်စေဖို့၊ မှတ်ဉာဏ်အားကောင်းစေဖို့၊ စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့အတွက်
လုပ်ဆောင်ပေးလျက် ရှိပါတယ်။ စိတ်ပျော်ရွှင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Dopamine ဟော်မုန်း
Dopamine ဟော်မုန်းဆိုတာကတော့
ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း
Dopamine ဟော်မုန်း ထုတ်လွှတ်မှု များပြားခြင်းကြောင့် စိတ်ပျော်ရွှင်မှုကို ခံစားရမှာ
ဖြစ်တဲ့အပြင် မှတ်ဉာဏ်စွမ်းအား တိုးတက်ကောင်းမွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကို ကောင်းမွန်စေခြင်းစတဲ့
အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။
- Serotonin ဟော်မုန်း
Serotonin ဟော်မုန်းကြောင့်
စိတ်ခံစားမှုတွေကို ကောင်းမွန်စေမှာဖြစ်ပြီး အိပ်ပျော်စေခြင်း၊ အစာကျေလွယ်ခြင်း၊ အစာစားချင်စိတ်ဖြစ်ခြင်းစတဲ့
အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
- Oxytocin ဟော်မုန်း
Oxytocin ဟော်မုန်းကို
လူအများစုက အချစ်ဟော်မုန်းလို့ တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။ မိခင်နို့ချိုတိုက်ကျွေးခြင်း၊
ကလေးမွေးဖွားခြင်း၊ ကလေးထိန်းကျောင်းခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို အဆင်ပြေပြေ လုပ်ဆောင်နိုင်ဖို့အတွက်
Oxytocin ဟော်မုန်းက တကယ်ကို အရေးပါတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ နမ်းရှုံ့ခြင်း၊
ပွေ့ဖက်ခြင်း၊ ချစ်တင်းနှောခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်တဲ့အခါမှာ ခန္ဓာကိုယ်အတွင်းမှာ
Oxytocin ဟော်မုန်းတွေ ထွက်ပေါ်လာလေ့ ရှိပါတယ်။
- Endorphin ဟော်မုန်း
Endorphin ဟော်မုန်း
ဆိုတာကတော့ စိတ်ဖိစီးမှုကို လျော့ချပေးတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အစာစားချင်း၊
လေ့ကျင့်ခန်းလုပ်ခြင်း၊ ချစ်တင်းနှောခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်တဲ့အခါမှာ
ခန္ဓာကိုယ်တွင်းမှာ Endorphin ဟော်မုန်းတွေ ထွက်ပေါ်လာလေ့ ရှိပါတယ်။
ခန္ဓာကိုယ်တွင်း
စိတ်ပျော်ရွှင် ဟော်မုန်းတွေ ထွက်ပေါ်လာစေဖို့အတွက် အောက်ပါ လုပ်ငန်းဆောင်တာတွေကို
လုပ်ဆောင်ပေးသင့်ပါတယ်။
- နေရောင်ခြည်နဲ့
ထိတွေ့ပေးခြင်း
လေ့လာတွေ့ရှိချက်တွေအရ
နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဖြင့် Serotonin၊ Endorphins ဟော်မုန်းတွေ ထွက်ပေါ်လာမှာ
ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးခြင်းဖြင့်
ကိုယ်ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်သလို စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေမှာ
ဖြစ်ပါတယ်။
- လေ့ကျင့်ခန်း
လုပ်ပေးခြင်း
လေ့ကျင့်ခန်း
လုပ်ပေးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာကို လက်ခံရရှိစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေးခြင်းဖြင့် Endorphin၊ Dopamine၊
Serotonin စတဲ့စိတ်ပျော်ရွှင်ဟော်မုန်းတွေ ထုတ်လွှတ်မှုလည်း ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။
- ရယ်မောခြင်း
ရယ်မောခြင်းကြောင့်
ခန္ဓာကိုယ်တွင်းမှာ Dopamine နဲ့ Endorphin ပမာဏ မြင့်တက်လာမှာဖြစ်ပြီး စိတ်ဖိစီးမှုတွေကို
ပြေလျော့စေမှာဖြစ်တဲ့အပြင် စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
- သီချင်းနားထောင်ခြင်း
သီချင်းနားထောင်ခြင်းကြောင့်
စိတ်ခံစားချက်ကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဂီတသံစဉ်တွေကို နားထောင်ပေးခြင်းကြောင့်
ဦးနှောက်တွင်း Dopamine ဟော်မုန်း ထုတ်လွှတ်မှု မြင့်တက်လာမှာဖြစ်ပြီး ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း
ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တရားထိုင်ခြင်း၊ နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်း၊ ဟော်မုန်းဖြည့်စွက်ဆေးတွေ
သောက်သုံးပေးခြင်း၊ ပဋိဇီဝဆေးတွေ သောက်သုံးပေးခြင်း၊ လက်ဘက်ရည်ကြမ်း သောက်သုံးပေးခြင့်လည်း
ခန္ဓာကိုယ်တွင်း စိတ်ပျော်ရွှင်ဟော်မုန်း ထုတ်လွှတ်မှု ပမာဏကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
REF: HealthLine